အူပါမီကာႏို ကို ေခၚယူဖို႔ ေတြေ၀ေနတဲ့ ယူနိုက္တက္ ဘုတ္အဖြဲ႕ အေျခအေန

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဘုတ္အဖြဲ႕ဟာ ယခုေႏြရာသီမွာ လိုက္ပ္ဇစ္ခံစစ္ကစားသမား အူပါမီကာႏိုကို ေခၚယူမယ့္ကိစၥအေပၚ စိုးရိမ္မႈေတြျမင့္တက္လာခဲ့ၿပီး ယူႏိုက္တက္အေနနဲ႔ ျပင္သစ္ ကစားသမားအတြက္ ကမ္းလွမ္းမႈျပဳလုပ္ဖို႔ကို ေ႐ႊ႕ဆိုင္းရဖြယ္ ရွိေၾကာင္း အဂၤလန္သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ အိုေလဂန္နာဆိုးလ္ရွားဟာ လာမယ့္ရာသီမွာ ယူႏိုက္တက္ကို တိုက္စစ္ပိုမိုလိုက္ပါကစားႏိုင္ေစဖို႔နဲ႔ ၿပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ ဖိအားေတြ ပိုမိုေပးႏိုင္ဖို႔အတြက္ ဟယ္ရီ မက္ဂြိဳင္းယားရဲ႕ ဗဟို ခံစစ္တြဲဖက္အျဖစ္ လ်င္ျမန္တဲ့ ဗဟိုခံစစ္ကစားသမားကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အူပါမီကာႏိုဟာ ကမာၻေဘာလုံးေလာကမွာ အလားအလာ အေကာင္းဆုံး လူငယ္ကစားသမားေတြထဲကတစ္ဦးအျဖစ္ ယူဆျခင္းခံထားရသူျဖစ္ပါတယ္။ ဆိုးလ္ရွားက ေအဂ်က္ အသင္းကေန ဗန္ဒီဘိခ္ကို ယူ႐ိုသန္း ၄၀ နဲ႔ ေခၚယူႏိုင္ခဲ့ၿပီးေနာက္ အသင္းရဲ႕ေနာက္ထပ္ကစားသမားေခၚယူမႈအျဖစ္ ျပင္သစ္ ေနာက္ခံ ကစားသမားကို သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း The Telegraph ရဲ႕ ေဖာ္ျပခ်က္အရ အသင္းအေနနဲ႔ ျပင္သစ္ကစားသမားကို ေခၚယူမႈမျပဳလုပ္မီမွာ ေရွ႕ဆက္တိုးသင့္လား၊ မတိုးသင့္ဘူးလားဆိုတဲ့ကိစၥကို ဘုတ္အဖြဲ႕ဝင္ေတြၾကားထဲမွာ အေခ်အတင္ျငင္းခုန္မႈေတြရွိေနတယ္လို႔ သိရပါတယ္။

လိုက္ပ္ဇစ္အသင္းက အူပါမီကာႏိုအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၆၀ သတ္မွတ္ထားေပမယ့္ အူပါမီကာႏိုရဲ႕ စာခ်ဳပ္ထဲမွာ ပါဝင္တဲ့အခ်က္အရ ဗဟိုခံစစ္ကစားသမားဟာ လာမယ့္ႏွစ္ေႏြရာသီမွာ ေပါင္သန္း ၄၀ ဝန္းက်င္နဲ႔ အသင္းကေန ထြက္ခြာခြင့္ရရွိမွာျဖစ္ၿပီး ယခုလို ဘ႑ာေရးအၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရတဲ့ကာလအတြင္းမွာ ေပါင္ သန္း ၂၀ ဆိုတဲ့ပမာဏဟာ ေတာ္ေတာ္ သိသာတဲ့ ပမာဏ ျဖစ္ပါတယ္။

ဒါေပမယ့္ ဘုတ္အဖြဲ႕ဝင္အခ်ိဳ႕ဟာ အူပါမီကာႏိုအေနနဲ႔ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ အဆင္သင့္ျဖစ္ပါ့မလားဆိုၿပီး စိုးရိမ္မႈေတြ ျမင့္တက္ေနပါတယ္။ အူပါမီကာႏိုရဲ႕ အရည္အေသြးကို ေမးခြန္း ထုတ္စရာ မရွိေပမယ့္လည္း အသက္ ၂၁ ႏွစ္သာ ရွိေသးတာေၾကာင့္ အေျပာင္းအေ႐ႊ႕မျပဳလုပ္မီ ေနာက္ထပ္ တစ္ႏွစ္ေလာက္ ဘြန္ဒက္စ္လီဂါမွာ ဆက္ ကစားတာက ျပင္သစ္ ေနာက္ခံ ကစားသမား အတြက္ အက်ိဳးရွိလိမ့္မယ္ လို႔ ယုံၾကည္ေနၾကပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက် အသင်းဘုတ်အဖွဲ့ဟာ ယခုနွေရာသီမှာ လိုက်ပ်ဇစ်ခံစစ်ကစားသမား အူပါမီကာနိုကို ခေါ်ယူမယ့်ကိစ္စအပေါ် စိုးရိမ်မှုတွေမြင့်တက်လာခဲ့ပြီး ယူနိုက်တက်အနေနဲ့ ပြင်သစ် ကစားသမားအတွက် ကမ်းလှမ်းမှုပြုလုပ်ဖို့ကို ရွှေ့ဆိုင်းရဖွယ် ရှိကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ အိုလေဂန်နာဆိုးလ်ရှားဟာ လာမယ့်ရာသီမှာ ယူနိုက်တက်ကို တိုက်စစ်ပိုမိုလိုက်ပါကစားနိုင်စေဖို့နဲ့ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ဖိအားတွေ ပိုမိုပေးနိုင်ဖို့အတွက် ဟယ်ရီ မက်ဂွိုင်းယားရဲ့ ဗဟို ခံစစ်တွဲဖက်အဖြစ် လျင်မြန်တဲ့ ဗဟိုခံစစ်ကစားသမားကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အူပါမီကာနိုဟာ ကမ္ဘာဘောလုံးလောကမှာ အလားအလာ အကောင်းဆုံး လူငယ်ကစားသမားတွေထဲကတစ်ဦးအဖြစ် ယူဆခြင်းခံထားရသူဖြစ်ပါတယ်။ ဆိုးလ်ရှားက အေဂျက် အသင်းကနေ ဗန်ဒီဘိခ်ကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့နောက်ထပ်ကစားသမားခေါ်ယူမှုအဖြစ် ပြင်သစ် နောက်ခံ ကစားသမားကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း The Telegraph ရဲ့ ဖော်ပြချက်အရ အသင်းအနေနဲ့ ပြင်သစ်ကစားသမားကို ခေါ်ယူမှုမပြုလုပ်မီမှာ ရှေ့ဆက်တိုးသင့်လား၊ မတိုးသင့်ဘူးလားဆိုတဲ့ကိစ္စကို ဘုတ်အဖွဲ့ဝင်တွေကြားထဲမှာ အချေအတင်ငြင်းခုန်မှုတွေရှိနေတယ်လို့ သိရပါတယ်။

လိုက်ပ်ဇစ်အသင်းက အူပါမီကာနိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ သတ်မှတ်ထားပေမယ့် အူပါမီကာနိုရဲ့ စာချုပ်ထဲမှာ ပါဝင်တဲ့အချက်အရ ဗဟိုခံစစ်ကစားသမားဟာ လာမယ့်နှစ်နွေရာသီမှာ ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ အသင်းကနေ ထွက်ခွာခွင့်ရရှိမှာဖြစ်ပြီး ယခုလို ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ကာလအတွင်းမှာ ပေါင် သန်း ၂၀ ဆိုတဲ့ပမာဏဟာ တော်တော် သိသာတဲ့ ပမာဏ ဖြစ်ပါတယ်။

ဒါပေမယ့် ဘုတ်အဖွဲ့ဝင်အချို့ဟာ အူပါမီကာနိုအနေနဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အူပါမီကာနိုရဲ့ အရည်အသွေးကို မေးခွန်း ထုတ်စရာ မရှိပေမယ့်လည်း အသက် ၂၁ နှစ်သာ ရှိသေးတာကြောင့် အပြောင်းအရွှေ့မပြုလုပ်မီ နောက်ထပ် တစ်နှစ်လောက် ဘွန်ဒက်စ်လီဂါမှာ ဆက် ကစားတာက ပြင်သစ် နောက်ခံ ကစားသမား အတွက် အကျိုးရှိလိမ့်မယ် လို့ ယုံကြည်နေကြပါတယ်။