အက္ရွ္ေလကိုးလ္ကို စံနမူနာယူရင္း ခ်ယ္ဆီးအတြက္ ၾကိဳးစားျပမယ့္ ဘန္ေခ်၀ဲလ္

ခ်ယ္ဆီး အသင္းရဲ႕ ဘယ္ေနာက္ခံကစားသမားသစ္ ဘန္ေခ်ဝဲလ္ကေတာ့ သူ႔အေနနဲ႔ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ျခေသၤ့ျပာေဟာင္းႀကီး အက္ရွ္ေလကိုးလ္ကို စံနမူနာယူရင္း ေအာင္ျမင္မႈေတြ ထပ္တူဆြတ္ခူးႏိုင္ေအာင္ ႀကိဳးစားသြားမယ္လို႔ ဖြင့္ဟလာခဲ့ပါတယ္။

အဂၤလန္သားဟာ ခ်ယ္ဆီး အသင္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ခန႔္နဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး မေန႔ကပဲ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ခဲ့ကာ တရားဝင္ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အသက္ ၂၃ႏွစ္သားရဲ႕ ဟီး႐ိုးျဖစ္တဲ့ ကိုးလ္ကေတာ့ ခ်ဲလ္ဆီးအသင္းအတြက္ ၈ႏွစ္ၾကာ ကစားေပးခဲ့သူျဖစ္ၿပီး ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္နဲ႔ ယူ႐ိုပါလိဂ္ဖလားေတြ ရရွိခဲ့ကာ ေအာင္ျမင္မႈေတြမ်ားစြာ ဆြတ္ခူးႏိုင္ခဲ့သူပါ။

ေခ်ဝဲလ္ဟာ ကိုးလ္ရဲ႕ ကစားဟန္ေတြကိုၾကည့္ရင္း ႀကီးျပင္းခဲ့ရသူျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္ေဟာင္းႀကီးရဲ႕ ေျခရာကို နင္းႏိုင္ေအာင္ ႀကိဳးစားသြားမွာျဖစ္တယ္လို႔ ပရိသတ္ေတြကို ကတိျပဳခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ့္အတြက္ေတာ့ ခမ္းနားတဲ့ အရာတစ္ခုပါပဲ။ ကြၽန္ေတာ့္အေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ဘယ္ေနာက္ခံလူဆိုတာ ဘယ္လိုအဆင့္အတန္းအထိ ရွိမလဲဆိုတာကို ေကာင္းေကာင္း နားလည္ထားပါတယ္။ အက္ရွ္ေလကိုးလ္ရဲ႕ ကစားပုံေတြကိုၾကည့္ရင္ ကြၽန္ေတာ္ ႀကီးျပင္းခဲ့ရတာ‌ဗ်။ သူ႔ကို ကြၽန္ေတာ္ အရမ္းေလးစားပါတယ္။ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕လိုခဲ့ျခင္းမွာလည္း ကိုးလ္က အေရးပါခဲ့ပါတယ္။”

ေခ်ဝဲလ္က “ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ကိုယ့္ကိုကိုယ္ ငယ္ေသးတယ္လို႔ပဲ ထင္ပါတယ္။ ခ်ဲလ္ဆီးကစားသမားဘဝမွာ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသြားပါမယ္။ နည္းျပဖရန႔္ခ္လမ္းပတ္ကလည္း ကြၽန္ေတာ္ ဒီကို‌ေျပာင္းလာဖို႔ အေရးႀကီးဆုံး ျဖစ္ခဲ့ပါတယ္။”

“ခ်ယ္ဆီး လို ခမ္းနားတဲ့ ကလပ္အသင္း တစ္သင္းမွာလည္း ကစားခ်င္ခဲ့တယ္ဗ်။ ဖရန္႕က ကြၽန္ေတာ့္ကို ယုံၾကည္မႈေတြ အမ်ားႀကီးေပးခဲ့တယ္။ ဘယ္လိုစနစ္က ကြၽန္ေတာ္နဲ႔ အံဝင္သလဲဆိုတာကို နားလည္ေအာင္ ရ်င္းျပခဲ့တယ္။ ဒီလိုနည္းျပေကာင္းတစ္ဦးဟာ လူငယ္ေတြအတြက္ အေရးပါပါတယ္။”

“ဖရန္႕ဟာ စတန္းဖို႔ဒ္ဘရစ္ခ်္ကို ျပန္‌ေရာက္လာကတည္းက လူငယ္ေတြကို ေျမေတာင္ေျမႇာက္ေပးေနခဲ့တာေလ။ ဒါေၾကာင့္လည္း ကြၽန္ေတာ္ ဒီကို ေရာက္လာခဲ့တာပါ။ ခ်ယ္ဆီး အသင္းရဲ႕ ကစားကြက္မွာ ေနာက္ခံအစြန္လူေတြ ကစားပုံကိုၾကည့္ရင္ ဒီအသင္းဟာ ကြၽန္ေတာ့္အတြက္ အျပည့္စုံဆုံး ျဖစ္တယ္ဆိုတာကို သေဘာေပါက္ခဲ့ပါတယ္။ ပြဲေတြ ကစားဖို႔ရာ ကြၽန္ေတာ္ မေစာင့္ႏိုင္ေတာ့ပါဘူး။” လို႔ ေျပာၾကားခဲ့ပါတယ္။

Unicode

ချယ်ဆီး အသင်းရဲ့ ဘယ်နောက်ခံကစားသမားသစ် ဘန်ချေဝဲလ်ကတော့ သူ့အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ခြင်္သေ့ပြာဟောင်းကြီး အက်ရှ်လေကိုးလ်ကို စံနမူနာယူရင်း အောင်မြင်မှုတွေ ထပ်တူဆွတ်ခူးနိုင်အောင် ကြိုးစားသွားမယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

အင်္ဂလန်သားဟာ ချယ်ဆီး အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ခန့်နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး မနေ့ကပဲ ၅နှစ်စာချုပ်ချုပ်ခဲ့ကာ တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃နှစ်သားရဲ့ ဟီးရိုးဖြစ်တဲ့ ကိုးလ်ကတော့ ချဲလ်ဆီးအသင်းအတွက် ၈နှစ်ကြာ ကစားပေးခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ဖလားတွေ ရရှိခဲ့ကာ အောင်မြင်မှုတွေများစွာ ဆွတ်ခူးနိုင်ခဲ့သူပါ။

ချေဝဲလ်ဟာ ကိုးလ်ရဲ့ ကစားဟန်တွေကိုကြည့်ရင်း ကြီးပြင်းခဲ့ရသူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ဟောင်းကြီးရဲ့ ခြေရာကို နင်းနိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ ပရိသတ်တွေကို ကတိပြုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်အတွက်တော့ ခမ်းနားတဲ့ အရာတစ်ခုပါပဲ။ ကျွန်တော့်အနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူဆိုတာ ဘယ်လိုအဆင့်အတန်းအထိ ရှိမလဲဆိုတာကို ကောင်းကောင်း နားလည်ထားပါတယ်။ အက်ရှ်လေကိုးလ်ရဲ့ ကစားပုံတွေကိုကြည့်ရင် ကျွန်တော် ကြီးပြင်းခဲ့ရတာ‌ဗျ။ သူ့ကို ကျွန်တော် အရမ်းလေးစားပါတယ်။ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လိုခဲ့ခြင်းမှာလည်း ကိုးလ်က အရေးပါခဲ့ပါတယ်။”

ချေဝဲလ်က “ကျွန်တော့်အနေနဲ့ကတော့ ကိုယ့်ကိုကိုယ် ငယ်သေးတယ်လို့ပဲ ထင်ပါတယ်။ ချဲလ်ဆီးကစားသမားဘဝမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။ နည်းပြဖရန့်ခ်လမ်းပတ်ကလည်း ကျွန်တော် ဒီကို‌ပြောင်းလာဖို့ အရေးကြီးဆုံး ဖြစ်ခဲ့ပါတယ်။”

“ချယ်ဆီး လို ခမ်းနားတဲ့ ကလပ်အသင်း တစ်သင်းမှာလည်း ကစားချင်ခဲ့တယ်ဗျ။ ဖရန့်က ကျွန်တော့်ကို ယုံကြည်မှုတွေ အများကြီးပေးခဲ့တယ်။ ဘယ်လိုစနစ်က ကျွန်တော်နဲ့ အံဝင်သလဲဆိုတာကို နားလည်အောင် ရျင်းပြခဲ့တယ်။ ဒီလိုနည်းပြကောင်းတစ်ဦးဟာ လူငယ်တွေအတွက် အရေးပါပါတယ်။”

“ဖရန့်ဟာ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြန်‌ရောက်လာကတည်းက လူငယ်တွေကို မြေတောင်မြှောက်ပေးနေခဲ့တာလေ။ ဒါကြောင့်လည်း ကျွန်တော် ဒီကို ရောက်လာခဲ့တာပါ။ ချယ်ဆီး အသင်းရဲ့ ကစားကွက်မှာ နောက်ခံအစွန်လူတွေ ကစားပုံကိုကြည့်ရင် ဒီအသင်းဟာ ကျွန်တော့်အတွက် အပြည့်စုံဆုံး ဖြစ်တယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။ ပွဲတွေ ကစားဖို့ရာ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။