ယေန႔ ည ေနာက္ဆံုးရ အာဆင္နယ္ အေျပာင္းအေရႊ႕ သတင္းတိုမ်ား (25/08/20)

အာဆင္နယ္အသင္းဟာ လီဗာပူးလ္အသင္းနဲ႔ ကစားမဲ့ ကြန္ျမဴနတီဒိုင္းလုပြဲမတိုင္မီ ရာသီႀကိဳေျခစမ္းပြဲစဥ္အျဖစ္ ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၁နာရီ ၂၅မိနစ္မွာ MK ဒြန္းအသင္းနဲ႔ ေျခစမ္းကစားမွာ ျဖစ္ပါတယ္။ အဆိုပါပြဲမွာ ပထမအသင္းႀကီးက ကစားသမားအခ်ိဳ႕ကို အကယ္ဒမီထြက္လူငယ္ၾကယ္ပြင့္အမ်ားစုနဲ႔ တြဲဖက္ေပးသြားႏိုင္တယ္လို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ေအာင္ျမင္မႈေတြ ရယူေနတဲ့ ေတာင္ပံတိုက္စစ္ကစားသမားေလး ကင္းစေလကိုးမန္းကို ၂၀၁၄ခုႏွစ္ ေႏြေဈးကြက္မွာ ဂန္းနားတို႔ ေခၚယူသြားဖို႔ ႀကိဳးပမ္းခဲ့ေသးတယ္လို႔ အာဆင္၀င္းဂါးက ဖြင့္ဟခဲ့ပါတယ္။ အေျပာင္းအေ႐ႊ႕က အၿပီးသတ္လုနီးပါးျဖစ္ေနေပမဲ့ ျပင္သစ္သားေလးဟာ အဆုံးသတ္မွာေတာ့ ယူဗင္တပ္အသင္းကိုပဲ ေ႐ြးခ်ယ္သြားခဲ့တာျဖစ္တယ္လို႔ ဝင္းဂါးက ဆိုခဲ့ပါတယ္။

လိုင္လီ ဗဟိုေနာက္ခံၾကယ္ပြင့္ေလး ဂါဘရီရယ္ မာဂါလြိဳင္စ္ဟာ အာဆင္နယ္အသင္းရဲ႕ ကမ္းလွမ္းမႈကို စတင္ရရွိခ်ိန္ကတည္းက အျခားကလပ္အသင္းေတြရဲ႕ ကမ္းလွမ္းမႈကို ရပ္နားထားခဲ့ၿပီး အမ္းမရိတ္ေျမဆီ ေျပာင္းေ႐ႊ႕ႏိုင္ေရးအတြက္သာ အာ႐ုံစိုက္ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ ဘရာဇီးလ္သားေလးကို နာပိုလီ၊ မန္ယူႏိုက္တက္၊ ပီအက္စ္ဂ်ီနဲ႔ အဲဗာတန္အသင္းတို႔က အၿပိဳင္ခ်ဥ္းကပ္ခဲ့ေပမဲ့ ေနာက္ဆုံးမွာေတာ့ အာဆင္နယ္အသင္းကပဲ အရေခၚယူသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေဝးလ္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ ကာဒစ္ဖ္စီးတီးအသင္းဟာ အာဆင္နယ္အသင္းရဲ႕ ညာေနာက္ခံကစားသမားေလး ေဂ်ာ္ဒီ အိုေဆး-တူတူကို တစ္ရာသီအငွားနဲ႔‌ ေခၚယူႏိုင္ဖို႔ရာ နီးစပ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ အိုေဆး-တူတူဟာ အဂၤါေန႔ မနက္ခင္းမွာ ကာဒစ္ဖ္အသင္းနဲ႔အတူ ေဆးစစ္မႈ ခံယူခဲ့ၿပီးခဲ့ေၾကာင္း သိရပါတယ္။

အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ တိုက္စစ္ကစားသမား စမစ္႐ို၀ီကို ျပင္သစ္ကလပ္ မိုနာကိုအသင္းက ေခၚယူဖို႔ရာ ကမ္းလွမ္းမႈ ျပဳခဲ့ေၾကာင္း သိရပါတယ္။ မိုနာကိုအားကစားဒါ႐ိုက္တာ ေပါလ္မီခ်ဲလ္ဟာ အဂၤလန္သားေလးကို အထူးႀကိဳက္ႏွစ္သက္ေနသူျဖစ္ၿပီး ဖူလ္ဟမ္နဲ႔ လိဒ္ယူႏိုက္တက္အသင္းတို႔ကလည္း အငွားေခၚယူသြားဖို႔ စိတ္ဝင္စားေနၾကပါတယ္။

နည္းျပ မီေကလ္ အာတီတာဟာ ဘိုင္ယန္ျမဴးနစ္အသင္းကေန လက္ရွိေႏြေဈးကြက္အတြင္း ထြက္ခြာေတာ့မဲ့ ဝါရင့္ကြင္းလယ္ကစားသမား တီယာဂို အယ္လ္ကန္တာရာကို ေခၚယူႏိုင္ဖို႔အတြက္ ကစားသမားျဖစ္သူကို ဒီေန႔မွာပဲ ဖုန္းဆက္စည္း႐ုံးခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

လာမယ့္ရာသီကစၿပီး အာဆင္နယ္အသင္းအတြက္ ကစားေပးႏိုင္ေတာ့မဲ့ ဗဟိုေနာက္ခံလူေလး ဝီလီယံဆာလီဘာဟာ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဗာရန္းလို လ်င္ျမန္မႈ၊ မာေက်ာ္မႈနဲ႔ လီဗာပူးလ္ၾကယ္ပြင့္ ဗန္ဒိုက္ရဲ႕ ေနရာယူမႈ၊ ေဘာလုံးလမ္းေၾကာင္းေတြ တြက္ဆျဖတ္ေတာက္တတ္မႈတို႔ ေပါင္းစပ္ထားတဲ့ ကစားသမားျဖစ္တယ္လို႔ ျပင္သစ္လူငယ္အသင္းနည္းျပ ယန္း-လူသ္ ဗန္ႏူခ်ီက ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ ကြင္းလယ္ခံစစ္ကစားသမား ေသာမတ္စ္ပါေတးကိုသာ ေခၚယူႏိုင္ခဲ့ျခင္း မရွိဘူးဆိုရင္ အရန္အစီအစဥ္အျဖစ္ လိုင္လီ အသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ေလး ဘူဘာကာရီဆူမာေဟးကို ေခၚယူသြားမယ္လို႔ သိရပါတယ္။

Unicode

အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ကစားမဲ့ ကွန်မြူနတီဒိုင်းလုပွဲမတိုင်မီ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဒီနေ့ည မြန်မာစံတော်ချိန် ၁၁နာရီ ၂၅မိနစ်မှာ MK ဒွန်းအသင်းနဲ့ ခြေစမ်းကစားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ပထမအသင်းကြီးက ကစားသမားအချို့ကို အကယ်ဒမီထွက်လူငယ်ကြယ်ပွင့်အများစုနဲ့ တွဲဖက်ပေးသွားနိုင်တယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနေတဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ကင်းစလေကိုးမန်းကို ၂၀၁၄ခုနှစ် နွေဈေးကွက်မှာ ဂန်းနားတို့ ခေါ်ယူသွားဖို့ ကြိုးပမ်းခဲ့သေးတယ်လို့ အာဆင်ဝင်းဂါးက ဖွင့်ဟခဲ့ပါတယ်။ အပြောင်းအရွှေ့က အပြီးသတ်လုနီးပါးဖြစ်နေပေမဲ့ ပြင်သစ်သားလေးဟာ အဆုံးသတ်မှာတော့ ယူဗင်တပ်အသင်းကိုပဲ ရွေးချယ်သွားခဲ့တာဖြစ်တယ်လို့ ဝင်းဂါးက ဆိုခဲ့ပါတယ်။

လိုင်လီ ဗဟိုနောက်ခံကြယ်ပွင့်လေး ဂါဘရီရယ် မာဂါလွိုင်စ်ဟာ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို စတင်ရရှိချိန်ကတည်းက အခြားကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရပ်နားထားခဲ့ပြီး အမ်းမရိတ်မြေဆီ ပြောင်းရွှေ့နိုင်ရေးအတွက်သာ အာရုံစိုက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးလ်သားလေးကို နာပိုလီ၊ မန်ယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ အဲဗာတန်အသင်းတို့က အပြိုင်ချဉ်းကပ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အာဆင်နယ်အသင်းကပဲ အရခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝေးလ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ကာဒစ်ဖ်စီးတီးအသင်းဟာ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံကစားသမားလေး ဂျော်ဒီ အိုဆေး-တူတူကို တစ်ရာသီအငှားနဲ့‌ ခေါ်ယူနိုင်ဖို့ရာ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အိုဆေး-တူတူဟာ အင်္ဂါနေ့ မနက်ခင်းမှာ ကာဒစ်ဖ်အသင်းနဲ့အတူ ဆေးစစ်မှု ခံယူခဲ့ပြီးခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ် တိုက်စစ်ကစားသမား စမစ်ရိုဝီကို ပြင်သစ်ကလပ် မိုနာကိုအသင်းက ခေါ်ယူဖို့ရာ ကမ်းလှမ်းမှု ပြုခဲ့ကြောင်း သိရပါတယ်။ မိုနာကိုအားကစားဒါရိုက်တာ ပေါလ်မီချဲလ်ဟာ အင်္ဂလန်သားလေးကို အထူးကြိုက်နှစ်သက်နေသူဖြစ်ပြီး ဖူလ်ဟမ်နဲ့ လိဒ်ယူနိုက်တက်အသင်းတို့ကလည်း အငှားခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပါတယ်။

နည်းပြ မီကေလ် အာတီတာဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ လက်ရှိနွေဈေးကွက်အတွင်း ထွက်ခွာတော့မဲ့ ဝါရင့်ကွင်းလယ်ကစားသမား တီယာဂို အယ်လ်ကန်တာရာကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားဖြစ်သူကို ဒီနေ့မှာပဲ ဖုန်းဆက်စည်းရုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လာမယ့်ရာသီကစပြီး အာဆင်နယ်အသင်းအတွက် ကစားပေးနိုင်တော့မဲ့ ဗဟိုနောက်ခံလူလေး ဝီလီယံဆာလီဘာဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရန်းလို လျင်မြန်မှု၊ မာကျော်မှုနဲ့ လီဗာပူးလ်ကြယ်ပွင့် ဗန်ဒိုက်ရဲ့ နေရာယူမှု၊ ဘောလုံးလမ်းကြောင်းတွေ တွက်ဆဖြတ်တောက်တတ်မှုတို့ ပေါင်းစပ်ထားတဲ့ ကစားသမားဖြစ်တယ်လို့ ပြင်သစ်လူငယ်အသင်းနည်းပြ ယန်း-လူသ် ဗန်နူချီက ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား သောမတ်စ်ပါတေးကိုသာ ခေါ်ယူနိုင်ခဲ့ခြင်း မရှိဘူးဆိုရင် အရန်အစီအစဉ်အဖြစ် လိုင်လီ အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်လေး ဘူဘာကာရီဆူမာဟေးကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။