ယေန႔ နံနက္ခင္း ေနာက္ဆံုးရ ခ်ယ္ဆီး အေျပာင္းအေရႊ႕ သတင္းမ်ား (24/08/20)

Zawgyi – အေထာင္တိုက္စစ္မႉးေလး ေအဘရာဟင္မ္ကေတာ့ ခ်ယ္ဆီး အသင္းနဲ႔အတူ အေကာင္းဆုံး ဆက္လက္ျဖတ္သန္းသြားႏိုင္ဖို႔အတြက္ အာ႐ုံစိုက္ႀကိဳးပမ္းေနၿပီး ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ ကမာၻ႔ဖလားတို႔လို ဆုဖလားႀကီးေတြသာမက ဥေရာပေ႐ႊဖိနပ္ဆုကိုပါ ရယူသြားႏိုင္ဖို႔ ရည္မွန္းခ်က္ထားရွိေနေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ဘယ္ေနာက္ခံလူေဟာင္းႀကီး အက္ရွ္ေလကိုးလ္ကေတာ့ ခ်ယ္ဆီး ေခၚယူထားတဲ့ တိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ့ တီမိုဗာနာနဲ႔ ဟာကင္မ္ဇီယက္ခ်္တို႔ဟာ အသက္အ႐ြယ္အားျဖင့္ ငယ္႐ြယ္ေပမဲ့ ဥေရာပ အေတြ႕အႀကဳံရွိၾကသူေတြျဖစ္တာေၾကာင့္ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ဦးေဆာင္သူၾကယ္ပြင့္ေတြ ျဖစ္လာလိမ့္မယ္လို႔ မွတ္ခ်က္ျပဳ သုံးသပ္ခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဂိုးနည္းျပခ်ဳပ္ျဖစ္သူ ခရစ္စတိုလိုလီ႐ြန္ရဲ႕ ၫႊန္းဆိုမႈနဲ႔တူ ျပင္သစ္ကလပ္ ရန္းနက္စ္အသင္းရဲ႕ ဂိုးသမားျဖစ္သူ ေအဒူယာဒ္မန္ဒီကို ေခၚယူသြားဖို႔ စုံစမ္းေမးျမန္းမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ျခေသၤ့ျပာတို႔ဟာ လာမဲ့ရာသီမွာ ဂိုးသမားကယ္ပါရဲ႕ေနရာကို အစားထိုးႏိုင္ဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ဂိုးသမားျဖစ္သူ ယန္အိုဘလက္ဟာ စပိန္ထိပ္တန္းကလပ္ရဲ႕ အစီအစဥ္ေတြကို သံသယဝင္ေနၿပီး ေအာင္ျမင္မႈအတြက္ မက္ဒရစ္ေျမကေန ထြက္ခြာဖို႔ ဆႏၵ ရွိေနၿပီျဖစ္တယ္ လို႔ သတင္းေတြ ထြက္ေပၚေနတာေၾကာင့္ ခ်ယ္ဆီးအသင္း ေခၚယူႏိုင္ဖို႔ရာ အခြင့္အေရးေကာင္းလာခဲ့ပါတယ္။

ခ်ယ္ဆီး အသင္းဟာ ျပင္သစ္ကလပ္ နိုက္စ္အသင္းကေန ထြက္ခြာလာခဲ့ၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနတဲ့ ဗဟိုေနာက္ခံလူေလး မယ္လြန္ဆားရ္ကို ေျပာင္းေ႐ႊ႕ေၾကးအလြတ္နဲ႔ ေခၚယူႏိုင္ဖို႔ရာ ေဆြးေႏြးမႈေတြ ဆက္လက္ျပဳလုပ္ေနတယ္လို႔ Sky Sports က ေဖာ္ျပထားပါတယ္။

လက္စတာအသင္းရဲ႕ ဘယ္ေနာက္ခံလူ ဘန္ေခ်ဝဲလ္ကို ေခၚယူႏိုင္ေတာ့မွာျဖစ္ေပမဲ့ ျခေသၤ့ျပာတို႔ဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ၾကယ္ပြင့္ေလး ဆာဂ်ီယိုရက္ဒ္ဂီလြန္ကို ေခၚယူသြားဖို႔ စိတ္ဝင္စားေနဆဲ ျဖစ္ပါတယ္။ အသက္ ၂၃ႏွစ္သားေလးအေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၂သန္းပဲ ရွိတာေၾကာင့္ ဘန္ေခ်ဝဲလ္ေနာက္ အရန္သင့္ထားရွိဖို႔ ေခၚယူသြားလိုေနသလားဆိုတာေတာ့ စိတ္ဝင္စားစရာပါ။

အဆိုပါ သတင္းနဲ႔အတူ အင္တာမီလန္အသင္း ပစ္မွတ္ထားေနတဲ့ ဘယ္ေနာက္ခံကစားသမား အယ္မာဆင္ ပယ္မီယာရီသာမက စပိန္သား မားကို႔စ္အလြန္ဆိုရဲ႕ အနာဂတ္ပါ မေရမရာျဖစ္လာတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

Unicode

အထောင်တိုက်စစ်မှူးလေး အေဘရာဟင်မ်ကတော့ ချယ်ဆီး အသင်းနဲ့အတူ အကောင်းဆုံး ဆက်လက်ဖြတ်သန်းသွားနိုင်ဖို့အတွက် အာရုံစိုက်ကြိုးပမ်းနေပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားတို့လို ဆုဖလားကြီးတွေသာမက ဥရောပရွှေဖိနပ်ဆုကိုပါ ရယူသွားနိုင်ဖို့ ရည်မှန်းချက်ထားရှိနေကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဘယ်နောက်ခံလူဟောင်းကြီး အက်ရှ်လေကိုးလ်ကတော့ ချယ်ဆီး ခေါ်ယူထားတဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ တီမိုဗာနာနဲ့ ဟာကင်မ်ဇီယက်ချ်တို့ဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်ပေမဲ့ ဥရောပ အတွေ့အကြုံရှိကြသူတွေဖြစ်တာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ဦးဆောင်သူကြယ်ပွင့်တွေ ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြု သုံးသပ်ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဂိုးနည်းပြချုပ်ဖြစ်သူ ခရစ်စတိုလိုလီရွန်ရဲ့ ညွှန်းဆိုမှုနဲ့တူ ပြင်သစ်ကလပ် ရန်းနက်စ်အသင်းရဲ့ ဂိုးသမားဖြစ်သူ အေဒူယာဒ်မန်ဒီကို ခေါ်ယူသွားဖို့ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ခြင်္သေ့ပြာတို့ဟာ လာမဲ့ရာသီမှာ ဂိုးသမားကယ်ပါရဲ့နေရာကို အစားထိုးနိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဂိုးသမားဖြစ်သူ ယန်အိုဘလက်ဟာ စပိန်ထိပ်တန်းကလပ်ရဲ့ အစီအစဉ်တွေကို သံသယဝင်နေပြီး အောင်မြင်မှုအတွက် မက်ဒရစ်မြေကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေပြီဖြစ်တယ် လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ချဲလ်ဆီးအသင်း ခေါ်ယူနိုင်ဖို့ရာ အခွင့်အရေးကောင်းလာခဲ့ပါတယ်။

ချယ်ဆီး အသင်းဟာ ပြင်သစ်ကလပ် နိုက်စ်အသင်းကနေ ထွက်ခွာလာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဗဟိုနောက်ခံလူလေး မယ်လွန်ဆားရ်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ဖို့ရာ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။

လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ကို ခေါ်ယူနိုင်တော့မှာဖြစ်ပေမဲ့ ခြင်္သေ့ပြာတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်လေး ဆာဂျီယိုရက်ဒ်ဂီလွန်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ အသက် ၂၃နှစ်သားလေးအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၂သန်းပဲ ရှိတာကြောင့် ဘန်ချေဝဲလ်နောက် အရန်သင့်ထားရှိဖို့ ခေါ်ယူသွားလိုနေသလားဆိုတာတော့ စိတ်ဝင်စားစရာပါ။

အဆိုပါ သတင်းနဲ့အတူ အင်တာမီလန်အသင်း ပစ်မှတ်ထားနေတဲ့ ဘယ်နောက်ခံကစားသမား အယ်မာဆင်ပယ်မီယာရီသာမက စပိန်သား မားကို့စ်အလွန်ဆိုရဲ့ အနာဂတ်ပါ မရေမရာဖြစ်လာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။