ယေန႔ နံနက္ခင္း ေနာက္ဆံုးရ ခ်ယ္ဆီး အေျပာင္းအေရႊ႕ သတင္းမ်ား (21/08/20)

ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ ခံစစ္ကစားသမား ေဒးဗစ္ အလာဘာကို ခ်ယ္ဆီးအသင္းနဲ႔ မန္စီးတီးအသင္းတို႔ ေခၚယူဖို႔ ဆက္လက္ႀကိဳးပမ္းေနတယ္လို႔ စကိုင္းစေပါ့သတင္း က ေဖာ္ျပထားပါတယ္။ ဂ်ာမန္ထိပ္တန္းကလပ္ကေတာ့ သူတို႔ကစားသမားေလးကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ပဲ အရာအားလုံးေဆာင္႐ြက္သြားမယ္လို႔ အတည္ျပဳထားပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတကို ေခၚယူဖို႔ စိတ္၀င္စားေနေၾကာင္း အဂၤလန္သတင္းဌာနေတြမွာ ေဖာ္ျပလာပါတယ္။ ကန္ေတဟာ ျပင္သစ္လက္ေရြးစင္ အသင္းမွာ ေပါ့ဘာနဲ႕ အတူတြဲ ေျခစြမ္းျပသူ ျဖစ္တာေၾကာင့္ ယူနိုက္တက္က ပိုအလိုရွိေနတာလို႔ သိရပါတယ္။

ခ်ယ္ဆီး အသင္းဟာ ခံစစ္ပိုင္းအတြက္ အေတြ႕အႀကဳံရင့္ ကစားသမားတဦးကို ေခၚယူသြားဖို႔ စီစဥ္ေနၿပီး ပီအက္စ္ဂ်ီအသင္းရဲ႕ ဗဟိုေနာက္ခံလူ တီယာဂိုေဆးဗားလ္ကို ေခၚယူသြားဖို႔ စဥ္းစားလာပါတယ္။ ဘရာဇီးလ္သားႀကီးကိုယ္တိုင္က စတန္းဖို႔ဒ္ဘရစ္ခ်္ဆီ ေျပာင္းေ႐ႊ႕ခ်င္ေနၿပီး ကိုယ္တိုင္ကမ္းလွမ္းထားတာေၾကာင့္ ျခေသၤ့ျပာတို႔သာ အမွန္တကယ္ ေခၚယူလိုတယ္ဆိုရင္ အဆင္ေျပဖို႔ မ်ားေနပါတယ္။

နည္းျပဖရန္႕လမ္းပတ္ကေတာ့ ခ်ယ္ဆီး အသင္းအတြက္ ေအဒင္ဟာဇက္လို ကစားသမားမ်ိဳး လက္လႊတ္လိုက္ရတာဟာ ခက္ခဲခဲ့တာမွန္ေပမဲ့ ရာသီကုန္မွာ ရည္မွန္းခ်က္ဆီ အေရာက္သြားႏိုင္ခဲ့ၿပီး ေဝဖန္မႈေတြကို အသံတိတ္သြားေအာင္ လုပ္ႏိုင္ခဲ့တဲ့အတြက္ေတာ့ ဝမ္းသာမိေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

လီဗာကူဆင္ ကြင္းလယ္တိုက္စစ္ကစားသမားေလး ကိုင္းဟားဗက္ဇ္အတြက္ ခ်ယ္ဆီး က ေၾကးတိုးျမႇင့္ကမ္းလွမ္းခဲ့ၿပီးေနာက္မွာ သေဘာတူညီမႈရဖို႔ အနီးစပ္ဆုံးအေနအထားကို ေရာက္ရွိလာခဲ့တယ္လို႔ The Guardian သတင္းဌာနက ေဖာ္ျပထားပါတယ္။

ဗဟိုေနာက္ခံလူ ဟယ္ရီမက္ဂြိဳင္းယားလို ကစားသမားမ်ိဳးေတာင္ ေပါင္သန္း ၈၀တန္ေၾကးရွိတယ္ဆိုရင္ ခ်ယ္ဆီး အသင္း ေခၚယူဖို႔ ႀကိဳးစားေနတဲ့ ကြင္းလယ္ခံစစ္ကစားသမားေလး ဒက္ကလန္႐ိုက္ဟာလည္း သန္း ၈၀တန္တယ္လို႔ ဝက္စ္ဟမ္းၾကယ္ပြင့္ေဟာင္း ဖရန႔္ခ္မက္ကာဗင္နီက မွတ္ခ်က္ျပဳလိုက္ပါတယ္။

ဂ်ာမန္တိုက္စစ္ၾကယ္ပြင့္ တီမိုဗာနာ ေရာက္ရွိလာခဲ့တာဟာ ပြဲထြက္ခြင့္တစ္ေနရာအတြက္ ခက္ခဲသြားႏိုင္တာမွန္ေပမဲ့ သူ႔အေနနဲ႔ ဒီစိန္ေခၚမႈကို အေကာင္းဆုံးရင္ဆိုင္ကာ ပထမ ပြဲထြက္လူစာရင္းထဲ ပါဝင္ခြင့္ရဖို႔အတြက္ တိုက္ပြဲဝင္သြားမွာျဖစ္တယ္လို႔ ဝါရင့္တိုက္စစ္မႉးႀကီး ဂ်ီ႐ူးက ႀကဳံးဝါးေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီး အသင္းအတြက္ ေကာင္းေကာင္းအက်ိဳးျပဳေနတဲ့ ဂ်ီ႐ူးအေပၚ ခ်ီးက်ဴးမႈေတြ ရွိေနၿပီး အထူးသျဖင့္ မန္ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း လူးဝစ္ဆာဟာက ဂ်ီ႐ူးဟာ အရည္အေသြးရွိသေလာက္ အမ်ားက ခ်ီးက်ဴးျခင္းမခံရတဲ့ ကစားသမားျဖစ္ေၾကာင္း၊ မတူကြဲျပားတဲ့ တိုက္စစ္မႉးတစ္ဦးျဖစ္ၿပီး ကစားခဲ့သမွ်အသင္းတိုင္းအတြက္ သြင္းဂိုးေတြ ရယူေပးႏိုင္သူျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

Unicode

ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ခံစစ်ကစားသမား ဒေးဗစ် အလာဘာကို ချယ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ စကိုင်းစပေါ့သတင်း က ဖော်ပြထားပါတယ်။ ဂျာမန်ထိပ်တန်းကလပ်ကတော့ သူတို့ကစားသမားလေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်ပဲ အရာအားလုံးဆောင်ရွက်သွားမယ်လို့ အတည်ပြုထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန်သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။ ကန်တေဟာ ပြင်သစ်လက်ရွေးစင် အသင်းမှာ ပေါ့ဘာနဲ့ အတူတွဲ ခြေစွမ်းပြသူ ဖြစ်တာကြောင့် ယူနိုက်တက်က ပိုအလိုရှိနေတာလို့ သိရပါတယ်။

ချယ်ဆီး အသင်းဟာ ခံစစ်ပိုင်းအတွက် အတွေ့အကြုံရင့် ကစားသမားတဦးကို ခေါ်ယူသွားဖို့ စီစဉ်နေပြီး ပီအက်စ်ဂျီအသင်းရဲ့ ဗဟိုနောက်ခံလူ တီယာဂိုဆေးဗားလ်ကို ခေါ်ယူသွားဖို့ စဉ်းစားလာပါတယ်။ ဘရာဇီးလ်သားကြီးကိုယ်တိုင်က စတန်းဖို့ဒ်ဘရစ်ချ်ဆီ ပြောင်းရွှေ့ချင်နေပြီး ကိုယ်တိုင်ကမ်းလှမ်းထားတာကြောင့် ခြင်္သေ့ပြာတို့သာ အမှန်တကယ် ခေါ်ယူလိုတယ်ဆိုရင် အဆင်ပြေဖို့ များနေပါတယ်။

နည်းပြဖရန့်လမ်းပတ်ကတော့ ချယ်ဆီး အသင်းအတွက် အေဒင်ဟာဇက်လို ကစားသမားမျိုး လက်လွှတ်လိုက်ရတာဟာ ခက်ခဲခဲ့တာမှန်ပေမဲ့ ရာသီကုန်မှာ ရည်မှန်းချက်ဆီ အရောက်သွားနိုင်ခဲ့ပြီး ဝေဖန်မှုတွေကို အသံတိတ်သွားအောင် လုပ်နိုင်ခဲ့တဲ့အတွက်တော့ ဝမ်းသာမိကြောင်း ပြောကြားသွားခဲ့ပါတယ်။

လီဗာကူဆင် ကွင်းလယ်တိုက်စစ်ကစားသမားလေး ကိုင်းဟားဗက်ဇ်အတွက် ချယ်ဆီး က ကြေးတိုးမြှင့်ကမ်းလှမ်းခဲ့ပြီးနောက်မှာ သဘောတူညီမှုရဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိလာခဲ့တယ်လို့ The Guardian သတင်းဌာနက ဖော်ပြထားပါတယ်။

ဗဟိုနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားလို ကစားသမားမျိုးတောင် ပေါင်သန်း ၈၀တန်ကြေးရှိတယ်ဆိုရင် ချယ်ဆီး အသင်း ခေါ်ယူဖို့ ကြိုးစားနေတဲ့ ကွင်းလယ်ခံစစ်ကစားသမားလေး ဒက်ကလန်ရိုက်ဟာလည်း သန်း ၈၀တန်တယ်လို့ ဝက်စ်ဟမ်းကြယ်ပွင့်ဟောင်း ဖရန့်ခ်မက်ကာဗင်နီက မှတ်ချက်ပြုလိုက်ပါတယ်။

ဂျာမန်တိုက်စစ်ကြယ်ပွင့် တီမိုဗာနာ ရောက်ရှိလာခဲ့တာဟာ ပွဲထွက်ခွင့်တစ်နေရာအတွက် ခက်ခဲသွားနိုင်တာမှန်ပေမဲ့ သူ့အနေနဲ့ ဒီစိန်ခေါ်မှုကို အကောင်းဆုံးရင်ဆိုင်ကာ ပထမ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရဖို့အတွက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဝါရင့်တိုက်စစ်မှူးကြီး ဂျီရူးက ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ချယ်ဆီး အသင်းအတွက် ကောင်းကောင်းအကျိုးပြုနေတဲ့ ဂျီရူးအပေါ် ချီးကျူးမှုတွေ ရှိနေပြီး အထူးသဖြင့် မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက ဂျီရူးဟာ အရည်အသွေးရှိသလောက် အများက ချီးကျူးခြင်းမခံရတဲ့ ကစားသမားဖြစ်ကြောင်း၊ မတူကွဲပြားတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ကစားခဲ့သမျှအသင်းတိုင်းအတွက် သွင်းဂိုးတွေ ရယူပေးနိုင်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။