အက္စတြန္ဗီလာ Vs အာဆင္နယ္ ပြဲအတြက္ မိုက္ကယ္အို၀င္ သံုးသပ္ခန္႔မွန္းခ်က္

အက္ဖ္ေအဖလားမွာ လက္ရွိ ခ်န္ပီယံ မန္စီးတီးကို ေက်ာ္ျဖတ္ အနုိင္ယူျပီး တက္ၾကြေနတဲ့ အာဆင္နယ္အသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာေတာ့ တန္းဆင္းဇုန္မွာ ရုန္းေနတဲ့ အက္စတြန္ဗီလာ အသင္းနဲ႕ ေတြ႔ဆံုေနျပီး အေ၀းကြင္း ဗီလာပါ့ခ္မွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ဒီပြဲ အတြက္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ေတြ ထြက္ရွိေနပါျပီ။ ဗီလာနဲ႕ အာဆင္နယ္တို႔ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၂၂ ရက္ (ဗုဒၶဟူးေန႔) နံနက္ ၁း၄၅ နာရီ ျဖစ္ပါတယ္။

” အက္စတြန္ဗီလာက တန္းဆင္းဇုန္က လြတ္ဖို႔ ဆိုရင္ နုိင္ပြဲ တစ္ပြဲ ရေအာင္ ရွာေဖြေနဖို႔ လိုျပီး ၾကာသပေတးေန႔က အဲဗာတန္နဲ႕ ပြဲမွာ ပြဲျပီးခါနီးမွ ဂိုးေပးလိုက္ရတာေၾကာင့္ ဆက္ တိုက္ပြဲ၀င္ဖို႔ လိုေနျပီဆိုတာ သူတို႔ မ်က္နွာေတြမွာ အထင္းသား ေပၚေနပါတယ္။ ဒါေပမယ့္ ေနာက္ဆံုး နွစ္ပြဲကေန ေလးမွတ္ ယူနိုင္ခဲ့တဲ့ သူတို႔ အားထုတ္မႈကေတာ့ အသိအမွတ္ျပဳရမွာ ျဖစ္ျပီး ေနာက္ဆံုးမိနစ္နားမွ ေပးလိုက္ရတဲ့ ဂိုးေၾကာင့္ အမွတ္ေလ်ာ့သြားခဲ့တာက ျပိဳလဲေစခဲ့ပါတယ္။

အာဆင္နယ္ ေနာက္ဆံုး ကစားထားတဲ့ ပရီးမီးယားလိဂ္ ပြဲမွာေတာ့ လီဗာပူးကို အနုိင္ယူထားျပီး အခုဆို ေနာက္ဆံုး ကစားထားတဲ့ လိဂ္ပြဲ ၆ ပြဲမွာ ၁ ပြဲသာ ရွံဳးထားပါတယ္။ ဗီလာ အတြက္ ကံမေကာင္းတာက အာဆင္နယ္ကလည္း ေနာက္ရာသီ ယူရိုပါလိဂ္မွာ ကစားခြင့္ ရဖို႔ အမွတ္လိုေနဆဲ ျဖစ္ပါတယ္။

ဗီလာေတြဟာ ဗီလာပါ့ခ္မွာ အာဆင္နယ္နဲ႕ ေနာက္ဆံုး ကစားထားတဲ့ ပရီးမီးယားလိဂ္ပြဲ ၁၇ ပြဲလံုးမွာ နုိင္ပြဲမရထားပါဘူး။ ေနာက္ဆံုး ဗီလာ နုိင္ထားတာက ၁၉၉၈ တည္းက ျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ အာတီတာရဲ႕ အာဆင္နယ္အသင္းက ၂-၁ ေလာက္နဲ႕ အေ၀းကြင္း နုိင္ပြဲ ယူသြားမယ္ ထင္ပါတယ္။ ” အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ နွစ္သင္းေပါင္း သြင္းဂိုး ၃ ဂိုးနဲ႕ အထက္ (သို႔မဟုတ္) ဗီလာ ၁-၂ အာဆင္နယ္ ျဖစ္ပါတယ္။

Uni – အက်ဖ်အေဖလားမှာ လက်ရှိ ချန်ပီယံ မန်စီးတီးကို ကျော်ဖြတ် အနိုင်ယူပြီး တက်ကြွနေတဲ့ အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ တန်းဆင်းဇုန်မှာ ရုန်းနေတဲ့ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း ဗီလာပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီပွဲ အတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေ ထွက်ရှိနေပါပြီ။ ဗီလာနဲ့ အာဆင်နယ်တို့ ပွဲချိန်ကတော့ ဇူလိုင် ၂၂ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁း၄၅ နာရီ ဖြစ်ပါတယ်။

” အက်စတွန်ဗီလာက တန်းဆင်းဇုန်က လွတ်ဖို့ ဆိုရင် နိုင်ပွဲ တစ်ပွဲ ရအောင် ရှာဖွေနေဖို့ လိုပြီး ကြာသပတေးနေ့က အဲဗာတန်နဲ့ ပွဲမှာ ပွဲပြီးခါနီးမှ ဂိုးပေးလိုက်ရတာကြောင့် ဆက် တိုက်ပွဲဝင်ဖို့ လိုနေပြီဆိုတာ သူတို့ မျက်နှာတွေမှာ အထင်းသား ပေါ်နေပါတယ်။ ဒါပေမယ့် နောက်ဆုံး နှစ်ပွဲကနေ လေးမှတ် ယူနိုင်ခဲ့တဲ့ သူတို့ အားထုတ်မှုကတော့ အသိအမှတ်ပြုရမှာ ဖြစ်ပြီး နောက်ဆုံးမိနစ်နားမှ ပေးလိုက်ရတဲ့ ဂိုးကြောင့် အမှတ်လျော့သွားခဲ့တာက ပြိုလဲစေခဲ့ပါတယ်။

အာဆင်နယ် နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ လီဗာပူးကို အနိုင်ယူထားပြီး အခုဆို နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ ၆ ပွဲမှာ ၁ ပွဲသာ ရှုံးထားပါတယ်။ ဗီလာ အတွက် ကံမကောင်းတာက အာဆင်နယ်ကလည်း နောက်ရာသီ ယူရိုပါလိဂ်မှာ ကစားခွင့် ရဖို့ အမှတ်လိုနေဆဲ ဖြစ်ပါတယ်။

ဗီလာတွေဟာ ဗီလာပါ့ခ်မှာ အာဆင်နယ်နဲ့ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲလုံးမှာ နိုင်ပွဲမရထားပါဘူး။ နောက်ဆုံး ဗီလာ နိုင်ထားတာက ၁၉၉၈ တည်းက ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အာတီတာရဲ့ အာဆင်နယ်အသင်းက ၂-၁ လောက်နဲ့ အဝေးကွင်း နိုင်ပွဲ ယူသွားမယ် ထင်ပါတယ်။ ” အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုးနဲ့ အထက် (သို့မဟုတ်) ဗီလာ ၁-၂ အာဆင်နယ် ဖြစ်ပါတယ်။