အက္စတြန္ဗီလာ Vs အာဆင္နယ္ ပြဲ အတြက္ ေလာ္ရိုး သံုးသပ္ခန္႔မွန္း

ဒီတပတ္ အက္စတြန္ဗီလာနဲ႕ အာဆင္နယ္ အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ အတြက္ ဘီဘီစီမွ ပင္တိုင္သံုးသပ္သူ ေလာ္ရိုးရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ေတြ ထြက္ရွိေနပါျပီ။ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၂၂ ရက္ (ဗုဒၶဟူးေန႔) နံနက္ ၁း၄၅ နာရီမွာ ျဖစ္ပါတယ္။

ေလာ္ရိုးက – ” ၀က္္ဖို႔ဒ္ဟာ အရင္ပြဲမွာ ရံွဴးနိမ့္ခဲ့တာေတာင္ တန္းဆင္းဇုန္က လြတ္ဖို႔ လမ္းရွိေနဆဲ ျဖစ္ျပီး ဗီလာကေတာ့ ဒုကၡေတာကေန လြတ္ဖို႔ လံုေလာက္တဲ့ ရမွတ္ ရနုိင္ဖြယ္ မျမင္မိပါဘူး။ ဗီလာ အေနနဲ႕ စီးတီးနဲ႕ ရင္ဆုိင္ရမယ့္ ၀က္ဖို႔ဒ္ ဘယ္ရလဒ္ထြက္ထြက္ သူက ဒီပြဲကို နုိင္ဖို႔ လိုေနပါတယ္။ ဒါေပမယ့္ လိုသေလာက္ ရမွတ္ ရနုိင္ဖြယ္ မရွိဘူးလို႔ ထင္ပါတယ္။

ဒင္းစမစ္ရဲ႕ အသင္းက နည္းနည္း ဖြင့္ကစားဖို႔ ရွိေနျပီး ဒါကပဲ သူတို႔ ဂိုးေတြေပးေနၾက ပံုစံအတိုင္း အႏၱရာယ္ၾကီး ရွိေနပါတယ္။ အာဆင္နယ္ ဟာ လီဗာပူး၊ စီးတီးတို႔နဲ႕ ပြဲေတြမွာ ခံစစ္က စနစ္တက် စုဖြဲ႕ ကာကြယ္ သြားနုိင္ခဲ့ျပီး တိုက္စစ္ အတြက္လည္း ဖန္တီးမႈေကာင္းေတြ လုပ္ခဲ့တာ ျမင္ရပါတယ္။ ဒီလိုသာ သူတို႔ ဆက္လုပ္နုိင္မယ္ ဆိုရင္ ဂန္းနားတို႔ ပြဲေတြ နုိင္ေအာင္ ဆက္ ကစားနုိင္မွာ ျဖစ္ပါတယ္။

ဗီလာ အေနနဲ႕ ဒီပြဲကိုေတာ့ အားကုန္ တိုက္ခိုက္ပါလိမ့္မယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီရာသီက သူတို႔အတြက္ ဘယ္ေလာက္ အေရးၾကီးတယ္ ဆိုတာ သိျမင္ခဲ့ျပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီပြဲကေန သံုးမွတ္ အျပည့္ေတာ့ သူတို႔ ရနုိင္ဖြယ္ မရွိပါဘူး။ ” လို႔ သံုးသပ္ ေျပာဆုိထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ အက္စတြန္ဗီလာ 1-1 အာဆင္နယ္ ျဖစ္ပါတယ္။

Uni – ဒီတပတ် အက်စတွန်ဗီလာနဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အတွက် ဘီဘီစီမှ ပင်တိုင်သုံးသပ်သူ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေ ထွက်ရှိနေပါပြီ။ ပွဲချိန်ကတော့ ဇူလိုင် ၂၂ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁း၄၅ နာရီမှာ ဖြစ်ပါတယ်။

လော်ရိုးက – ” ဝက်ဖို့ဒ်ဟာ အရင်ပွဲမှာ ရံှူးနိမ့်ခဲ့တာတောင် တန်းဆင်းဇုန်က လွတ်ဖို့ လမ်းရှိနေဆဲ ဖြစ်ပြီး ဗီလာကတော့ ဒုက္ခတောကနေ လွတ်ဖို့ လုံလောက်တဲ့ ရမှတ် ရနိုင်ဖွယ် မမြင်မိပါဘူး။ ဗီလာ အနေနဲ့ စီးတီးနဲ့ ရင်ဆိုင်ရမယ့် ဝက်ဖို့ဒ် ဘယ်ရလဒ်ထွက်ထွက် သူက ဒီပွဲကို နိုင်ဖို့ လိုနေပါတယ်။ ဒါပေမယ့် လိုသလောက် ရမှတ် ရနိုင်ဖွယ် မရှိဘူးလို့ ထင်ပါတယ်။

ဒင်းစမစ်ရဲ့ အသင်းက နည်းနည်း ဖွင့်ကစားဖို့ ရှိနေပြီး ဒါကပဲ သူတို့ ဂိုးတွေပေးနေကြ ပုံစံအတိုင်း အန္တရာယ်ကြီး ရှိနေပါတယ်။ အာဆင်နယ် ဟာ လီဗာပူး၊ စီးတီးတို့နဲ့ ပွဲတွေမှာ ခံစစ်က စနစ်တကျ စုဖွဲ့ ကာကွယ် သွားနိုင်ခဲ့ပြီး တိုက်စစ် အတွက်လည်း ဖန်တီးမှုကောင်းတွေ လုပ်ခဲ့တာ မြင်ရပါတယ်။ ဒီလိုသာ သူတို့ ဆက်လုပ်နိုင်မယ် ဆိုရင် ဂန်းနားတို့ ပွဲတွေ နိုင်အောင် ဆက် ကစားနိုင်မှာ ဖြစ်ပါတယ်။

ဗီလာ အနေနဲ့ ဒီပွဲကိုတော့ အားကုန် တိုက်ခိုက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရာသီက သူတို့အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ သိမြင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲကနေ သုံးမှတ် အပြည့်တော့ သူတို့ ရနိုင်ဖွယ် မရှိပါဘူး။ ” လို့ သုံးသပ် ပြောဆိုထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ အက်စတွန်ဗီလာ 1-1 အာဆင်နယ် ဖြစ်ပါတယ်။