အာဆင္နယ္ Vs မန္စီးတီး အက္ဖ္ေအ ဆီမီးဖိုင္နယ္ပြဲ အတြက္ အို၀င္ သုံုးသပ္ခန္႔မွန္းခ်က္

အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္ အျဖစ္ ထိပ္တိုက္ေတြ႔ဆံုေနတဲ့ အာဆင္နယ္နဲ႕ မန္စီးတီး အသင္းတို႔ ပြဲစဥ္ အတြက္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ခန္႕မွန္းခ်က္ ထြက္ရွိေနျပီ ျဖစ္ပါတယ္။ ဒီပြဲစဥ္ကေတာ့ ဇူလိုင္ ၁၉ ရက္ (တနဂၤေႏြေန႔) နံနက္ ၁း၁၅ နာရီ၊ ၀င္ဘာေလကြင္းမွာ ယွဥ္ျပိဳင္ၾကမွာပါ။

” အံအားသင့္စရာ ေကာင္းတဲ့ တိုက္ဆိုင္မႈကေတာ့ ေနာက္ဆံုး ေလးနွစ္ ခ်န္ပီယံ ျဖစ္ထားတဲ့ အသင္းေတြက ဒီ နွစ္ ဆီမီးဖိုင္နယ္ အဆင့္မွာ ေတြ႔ဆံုေနၾကတာ ျဖစ္ပါတယ္။ စေနေန႔မွာ လက္ရွိ ခ်န္ပီယံ ျဖစ္တဲ့ မန္စီးတီးက ဒီျပိဳင္ပြဲမွာ အေအာင္ျမင္ဆံုး အသင္း အျဖစ္ ၁၃ ၾကိမ္ ဗိုလ္စြဲထားတဲ့ အာဆင္နယ္နဲ႕ ယွဥ္ျပိဳင္ ကစားရမွာပါ။

ပရီးမီးယားလိဂ္မွာ အဆင့္ ၂ ေနရာ ေသခ်ာသြားတဲ့ေနာက္ မန္စီးတီးဟာ ဆုဖလား ရနိုင္မယ့္ ခ်န္ပီယံလိဂ္နဲ႕ အက္ဖ္ေအဖလား ျပိဳင္ပြဲေတြကို အာရံုစိုက္လာျပီ ျဖစ္ပါတယ္။ ဒီပြဲ မတိုင္ခင္မွာ စီးတီးက ပရီးမီးယားလိဂ္မွာ ဘုန္းေမာက္ကိုနုိင္ထားျပီး အဲဒီပြဲမွာ စြမ္းေဆာင္ရည္ကေတာ့ အနည္းငယ္ ေလ်ာ့ရဲခဲ့ပါတယ္။

ဒါေပမယ့္ မန္စီးတီးဟာ ဒီဆီမီးဖိုင္နယ္ ပြဲအတြက္ အာရံုတ၀က္ ရွိထားတာေၾကာင့္ ျဖစ္ျပီး နိုင္ပြဲ ယူေဆာင္ လာအျပီးမွာ အာဆင္နယ္နဲ႕ ေတြ႔ဖို႔ ယံုၾကည္မႈ အျပည့္ ရွိေနမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ မန္စီးတီးဟာ အာဆင္နယ္နဲ႕ ဆံုထားတဲ့ ေနာက္ဆံုး ၇ ပြဲလံုး နုိင္ပြဲ ရထားပါတယ္။

အာဆင္နယ္ အသင္း မန္ေနဂ်ာ အာတီတာဟာ ကစားသမား ဘ၀မွာ အက္ဖ္ေအဖလား ၂ ၾကိမ္ ဗိုလ္စြဲခဲ့ျပီး မနွစ္ကလည္း မန္စီးတီး နည္းျပ အဖြဲ႔၀င္ တစ္ေယာက္ အေနနဲ႕ အက္ဖ္ေအဖလား ဆြတ္ခူးထားသူ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူ ကိုင္တြယ္ေနတဲ့ အာဆင္နယ္ အသင္းကိုလည္း သူ႔ရဲ႕ ပြဲဦးထြက္ ရာသီမွာ ဒီဖလား ရယူေပးဖို႔ အလြန္ စိတ္အားထက္သန္ေနမွာ အမွန္ပါပဲ။

ဂန္းနားေတြဟာ လီဗာပူးကို နုိင္ထားတာေၾကာင့္ တက္ၾကြေနမွာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အာဆင္နယ္ဟာ ေဘာလံုးပြဲေတြ ျပန္စတည္း ကေတာ့ တည္ျငိမ္တဲ့ ပံုစံေကာင္း မရရွိေသးပါဘူး။ ဒါ့အျပင္ စီးတီးတို႔နဲ႕ ေတြ႔တိုင္း ဆိုး၀ါးတဲ့ ရလဒ္ေတြပဲ ရထားတာေၾကာင့္ ဒီပြဲမွာ မန္စီးတီးဘက္က ရပ္တည္ခ်င္ပါတယ္။ ပက္ ဂြာဒီယိုလာရဲ႕ စီတီဇင္ေတြကေတာ့ ၃-၁ ေလာက္နဲ႕ နိုင္မွာပါ။ ” လို႔ အို၀င္က ဆိုထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ နွစ္သင္းလံုး ဂိုးသြင္းျပီး မန္စီးတီး အနုိင္ (သို႔မဟုတ္) မန္စီးတီး ၃-၁ အာဆင္နယ္ ျဖစ္ပါတယ္။

Uni – အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ထိပ်တိုက်တွေ့ဆုံနေတဲ့ အာဆင်နယ်နဲ့ မန်စီးတီး အသင်းတို့ ပွဲစဉ် အတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ခန့်မှန်းချက် ထွက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်ကတော့ ဇူလိုင် ၁၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁း၁၅ နာရီ၊ ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

” အံအားသင့်စရာ ကောင်းတဲ့ တိုက်ဆိုင်မှုကတော့ နောက်ဆုံး လေးနှစ် ချန်ပီယံ ဖြစ်ထားတဲ့ အသင်းတွေက ဒီ နှစ် ဆီမီးဖိုင်နယ် အဆင့်မှာ တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။ စနေနေ့မှာ လက်ရှိ ချန်ပီယံ ဖြစ်တဲ့ မန်စီးတီးက ဒီပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်း အဖြစ် ၁၃ ကြိမ် ဗိုလ်စွဲထားတဲ့ အာဆင်နယ်နဲ့ ယှဉ်ပြိုင် ကစားရမှာပါ။

ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာ သေချာသွားတဲ့နောက် မန်စီးတီးဟာ ဆုဖလား ရနိုင်မယ့် ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေကို အာရုံစိုက်လာပြီ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင်မှာ စီးတီးက ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကိုနိုင်ထားပြီး အဲဒီပွဲမှာ စွမ်းဆောင်ရည်ကတော့ အနည်းငယ် လျော့ရဲခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးဟာ ဒီဆီမီးဖိုင်နယ် ပွဲအတွက် အာရုံတဝက် ရှိထားတာကြောင့် ဖြစ်ပြီး နိုင်ပွဲ ယူဆောင် လာအပြီးမှာ အာဆင်နယ်နဲ့ တွေ့ဖို့ ယုံကြည်မှု အပြည့် ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ အာဆင်နယ်နဲ့ ဆုံထားတဲ့ နောက်ဆုံး ၇ ပွဲလုံး နိုင်ပွဲ ရထားပါတယ်။

အာဆင်နယ် အသင်း မန်နေဂျာ အာတီတာဟာ ကစားသမား ဘဝမှာ အက်ဖ်အေဖလား ၂ ကြိမ် ဗိုလ်စွဲခဲ့ပြီး မနှစ်ကလည်း မန်စီးတီး နည်းပြ အဖွဲ့ဝင် တစ်ယောက် အနေနဲ့ အက်ဖ်အေဖလား ဆွတ်ခူးထားသူ ဖြစ်ပါတယ်။ ဒါကြောင့် သူ ကိုင်တွယ်နေတဲ့ အာဆင်နယ် အသင်းကိုလည်း သူ့ရဲ့ ပွဲဦးထွက် ရာသီမှာ ဒီဖလား ရယူပေးဖို့ အလွန် စိတ်အားထက်သန်နေမှာ အမှန်ပါပဲ။

ဂန်းနားတွေဟာ လီဗာပူးကို နိုင်ထားတာကြောင့် တက်ကြွနေမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ဘောလုံးပွဲတွေ ပြန်စတည်း ကတော့ တည်ငြိမ်တဲ့ ပုံစံကောင်း မရရှိသေးပါဘူး။ ဒါ့အပြင် စီးတီးတို့နဲ့ တွေ့တိုင်း ဆိုးဝါးတဲ့ ရလဒ်တွေပဲ ရထားတာကြောင့် ဒီပွဲမှာ မန်စီးတီးဘက်က ရပ်တည်ချင်ပါတယ်။ ပက် ဂွာဒီယိုလာရဲ့ စီတီဇင်တွေကတော့ ၃-၁ လောက်နဲ့ နိုင်မှာပါ။ ” လို့ အိုဝင်က ဆိုထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ် ကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး မန်စီးတီး အနိုင် (သို့မဟုတ်) မန်စီးတီး ၃-၁ အာဆင်နယ် ဖြစ်ပါတယ်။