ယေန႕ ေနာက္ဆံုးရ အာဆင္နယ္ သတင္းတိုမ်ား (15/07/20)

လီဗာပူးလ္အသင္းနဲ႔ ကစားမဲ့ပြဲမတိုင္မီ ဒဏ္ရာစာရင္းကို အာဆင္နယ္အသင္း ထုတ္ျပန္ခဲ့ရာမွာ စပါးအသင္းနဲ႔ပြဲစဥ္ကလူစာရင္းအတိုင္းပဲ မေျပာင္းမလဲရွိေနေသးၿပီး ခ်ိန္ဘာစ္၊ ပါဘလိုမာရီ၊ မာတင္နယ္လီ၊ လီႏိုနဲ႔ အိုေဇးလ္တို႔ကေတာ့ ဒဏ္ရာေၾကာင့္ ဆက္လက္အနားယူရဖြယ္ ရွိေနပါတယ္။ တိုက္စစ္မႉးေလး နကီးတီးယားကလည္း လက္စတာနဲ႔ပြဲက အနီကဒ္ေၾကာင့္ ၃ပြဲပယ္ျပစ္ဒဏ္ကို က်ခံေနရဆဲပါ။

အာဆင္နယ္အသင္းအတြက္ ကစားခြင့္မရတာ ပြဲအေရအတြက္ အေတာ္ေလးကို မ်ားျပားေနၿပီျဖစ္တဲ့ ကြင္းလယ္ကစားသမား အိုေဇးလ္ ဟာ လူစာရင္းအတြင္းမွာလည္း ပါဝင္လာျခင္းမရွိခဲ့ျပန္ပဲ ဘာေၾကာင့္ မပါႏိုင္ရသလဲ ဆိုတာကိုပါ နည္းျပအာတီတာက ရွင္းျပဖို႔ ျငင္းဆန္သြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အက္စ္တြန္ဗီလာအသင္းရဲ႕ၾကယ္ပြင့္ ဂ်က္ဂရီလစ္ရွ္ကို လာမဲ့ေႏြေဈးကြက္မွာ ေခၚယူသြားမယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ပရိသတ္ေတြကလည္း စိတ္လႈပ္ရွားေနၾကပါတယ္။

လက္က်န္ပြဲစဥ္ေတြအတြက္ တစ္ပြဲခ်င္းစီတိုင္းကို သတိထားခ်ဥ္းကပ္သြားမွာျဖစ္ၿပီး လီဗာပူးလ္အသင္းနဲ႔ပြဲမွာလည္း ရလဒ္ေကာင္းတစ္ခု ရေစဖို႔ရာ အေကာင္းဆုံး ႀကိဳးပမ္းသြားမယ္လို႔ နည္းျပအာေတတာက ပြဲၾကိဳ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းကေတာ့ အက္သလက္ကြင္းလယ္ကစားသမား ပါေတးကို ေခၚယူဖို႔အတြက္ အရွိန္ျမႇင့္ႀကိဳးပမ္း လာခဲ့ၿပီျဖစ္တယ္ လို႔ သတင္းေတြ က ေဖာ္ျပလာခဲ့ၿပီပဲျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ေတာင္ပံတိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ႐ိုးမားအသင္းရဲ႕ ၾကယ္ပြင့္ေလး ယက္စ္တင္ကလြိဳက္ဗက္ကို ပစ္မွတ္ထားေနဆဲျဖစ္ေၾကာင္း အီတလီသတင္းဌာနေတြကေတာ့ ေဖာ္ျပထားပါတယ္။

ဘာစီလိုနာအသင္းဟာ ကြင္းလယ္တိုက္စစ္ကစားသမား ဖီလစ္ ေကာ္တင္ညိဳကို ေခၚယူႏိုင္ေၾကာင္း အာဆင္နယ္ နဲ႔ နယူးကာဆယ္ အသင္းတို႔ဆီ ကမ္းလွမ္းမႈျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

Uni – လီဗာပူးလ်အသင်းနဲ့ ကစားမဲ့ပွဲမတိုင်မီ ဒဏ်ရာစာရင်းကို အာဆင်နယ်အသင်း ထုတ်ပြန်ခဲ့ရာမှာ စပါးအသင်းနဲ့ပွဲစဉ်ကလူစာရင်းအတိုင်းပဲ မပြောင်းမလဲရှိနေသေးပြီး ချိန်ဘာစ်၊ ပါဘလိုမာရီ၊ မာတင်နယ်လီ၊ လီနိုနဲ့ အိုဇေးလ်တို့ကတော့ ဒဏ်ရာကြောင့် ဆက်လက်အနားယူရဖွယ် ရှိနေပါတယ်။ တိုက်စစ်မှူးလေး နကီးတီးယားကလည်း လက်စတာနဲ့ပွဲက အနီကဒ်ကြောင့် ၃ပွဲပယ်ပြစ်ဒဏ်ကို ကျခံနေရဆဲပါ။

အာဆင်နယ်အသင်းအတွက် ကစားခွင့်မရတာ ပွဲအရေအတွက် အတော်လေးကို များပြားနေပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား အိုဇေးလ် ဟာ လူစာရင်းအတွင်းမှာလည်း ပါဝင်လာခြင်းမရှိခဲ့ပြန်ပဲ ဘာကြောင့် မပါနိုင်ရသလဲ ဆိုတာကိုပါ နည်းပြအာတီတာက ရှင်းပြဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အက်စ်တွန်ဗီလာအသင်းရဲ့ကြယ်ပွင့် ဂျက်ဂရီလစ်ရှ်ကို လာမဲ့နွေဈေးကွက်မှာ ခေါ်ယူသွားမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေကလည်း စိတ်လှုပ်ရှားနေကြပါတယ်။

လက်ကျန်ပွဲစဉ်တွေအတွက် တစ်ပွဲချင်းစီတိုင်းကို သတိထားချဉ်းကပ်သွားမှာဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့ပွဲမှာလည်း ရလဒ်ကောင်းတစ်ခု ရစေဖို့ရာ အကောင်းဆုံး ကြိုးပမ်းသွားမယ်လို့ နည်းပြအာတေတာက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ အက်သလက်ကွင်းလယ်ကစားသမား ပါတေးကို ခေါ်ယူဖို့အတွက် အရှိန်မြှင့်ကြိုးပမ်း လာခဲ့ပြီဖြစ်တယ် လို့ သတင်းတွေ က ဖော်ပြလာခဲ့ပြီပဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ တောင်ပံတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ရိုးမားအသင်းရဲ့ ကြယ်ပွင့်လေး ယက်စ်တင်ကလွိုက်ဗက်ကို ပစ်မှတ်ထားနေဆဲဖြစ်ကြောင်း အီတလီသတင်းဌာနတွေကတော့ ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းဟာ ကွင်းလယ်တိုက်စစ်ကစားသမား ဖီလစ် ကော်တင်ညိုကို ခေါ်ယူနိုင်ကြောင်း အာဆင်နယ် နဲ့ နယူးကာဆယ် အသင်းတို့ဆီ ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ သိရပါတယ်။