အာဆင္နယ္ Vs လီဗာပူး ပြဲ အတြက္ မိုက္ကယ္ အို၀င္ သံုးသပ္ ခန္႔မွန္း

ျပီးခဲ့တဲ့ ေျမာက္လန္ဒန္ ဒါဘီပြဲမွာ အေျခမလွခဲ့တဲ့ အာဆင္နယ္က ဒီိတပတ္မွာ ပူပူေႏြးေႏြး ပရီးမီးယားလိဂ္ လီဗာပူး ကို အိမ္ကြင္း အမ္းမရိတ္မွာ ဧည့္ခံ ကစားရေတာ့မွာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ကေတာ့ ဇူလိုင္ ၁၆ ရက္ (ၾကာသပေတးေန႔) နံနက္ ၁း၄၅ နာရီ မွာပါ။ ဒီပြဲ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ထားပါတယ္။

အို၀င္က – ” အာဆင္နယ္က ယူရိုပါလိဂ္ ဝင္ခြင့္အတြက္ ေကာင္းမြန္စြာ ၾကိဳးစားေနေပမယ့္လည္း အိမ္ကြင္းမွာ လက္စတာကို သေရက်ျပီး ေျမာက္လန္ဒန္ဒါဘီမွာ စပါးကို အေရးနိမ့္ခဲ့တာေၾကာင့္ သံသယဝင္စရာ အေနအထားကို ပိုင္ဆိုင္လာခဲ့ျပီ ျဖစ္ပါတယ္။

လီဗာပူးက အိမ္ကြင္းမွာ ဘန္ေလကို သေရက်ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းမွာ အိမ္ကြင္းအားလံုး အႏုိင္ရတဲ့ ပထမဆံုးအသင္း ျဖစ္ဖို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္က ပ်က္ျပယ္ခ့ဲရျပီ ျဖစ္ပါတယ္။ အျခားေသာ စံခ်ိန္ေကာင္း တစ္ခု၊ ႏွစ္ေလာက္ကို လီဗာပူးက ခ်ိဳးဖ်က္ႏုိင္ဖို႔ ရွိေနေသးျပီး ဒီပြဲမွာေတာ့ လီဗာပူးကပဲ အသာရကာ ၂-၁ ဆိုတဲ့ ရလဒ္ ထြက္ေပၚလာပါလိမ့္မယ္။ ” လို႔ ဆိုပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ အာဆင္နယ္ ၁-၂ လီဗာပူး ျဖစ္ပါတယ္။

Uni – ပြီးခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲမှာ အခြေမလှခဲ့တဲ့ အာဆင်နယ်က ဒီတပတ်မှာ ပူပူနွေးနွေး ပရီးမီးယားလိဂ် လီဗာပူး ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။

ပွဲချိန် ကတော့ ဇူလိုင် ၁၆ ရက် (ကြာသပတေးနေ့) နံနက် ၁း၄၅ နာရီ မှာပါ။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ်ထားပါတယ်။

အိုဝင်က – ” အာဆင်နယ်က ယူရိုပါလိဂ် ဝင်ခွင့်အတွက် ကောင်းမွန်စွာ ကြိုးစားနေပေမယ့်လည်း အိမ်ကွင်းမှာ လက်စတာကို သရေကျပြီး မြောက်လန်ဒန်ဒါဘီမှာ စပါးကို အရေးနိမ့်ခဲ့တာကြောင့် သံသယဝင်စရာ အနေအထားကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးက အိမ်ကွင်းမှာ ဘန်လေကို သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ အိမ်ကွင်းအားလုံး အနိုင်ရတဲ့ ပထမဆုံးအသင်း ဖြစ်ဖို့ဆိုတဲ့ မျှော်လင့်ချက်က ပျက်ပြယ်ခဲ့ရပြီ ဖြစ်ပါတယ်။ အခြားသော စံချိန်ကောင်း တစ်ခု၊ နှစ်လောက်ကို လီဗာပူးက ချိုးဖျက်နိုင်ဖို့ ရှိနေသေးပြီး ဒီပွဲမှာတော့ လီဗာပူးကပဲ အသာရကာ ၂-၁ ဆိုတဲ့ ရလဒ် ထွက်ပေါ်လာပါလိမ့်မယ်။ ” လို့ ဆိုပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၁-၂ လီဗာပူး ဖြစ်ပါတယ်။