ယေန႔ နံနက္္ခင္း ေနာက္ဆံုးရ ခ်ယ္ဆီး သတင္းတိုမ်ား (10/07/20)

ခ်ယ္ဆီးအသင္းရဲ႕ တိုက္စစ္ကစားသမားေဟာင္း ေဆာ္လမြန္ကာလူးဟာ ဟာသာဘာလင္အသင္းနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနခ်ိန္ ကလပ္အသင္းမ်ားစြာနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥေတြ ေဆြးေႏြးညႇိႏႈိင္းခဲ့ရာ လက္ရွိမွာေတာ့ ဘရာဇီးကလပ္ ဘိုတာဖိုဂိုအသင္းနဲ႔ အဆင္ေျပေနတဲ့အတြက္ မၾကာခင္မွာပဲ အေျပာင္းအေ႐ႊ႕က အထေျမာက္ဖြယ္ရွိေနပါတယ္။

ဂ်ဴဗင္တပ္ နည္းျပ ဆာရီက တပည့္ေဟာင္း ေဂ်ာ္ဂ်င္ဟုိ ကို ေခၚယူလိုေနတာေၾကာင့္ လႈပ္ရွားမႈေတြ ျပဳလုပ္ေနျပီး အီတလီသား အတြက္ ရမ္ေဆး ဒါမွမဟုတ္ ရာဘီေရာ့ကို အလဲအထပ္ အေနနဲ႕ ေခၚဖို႔ ခ်ယ္ဆီးအား ကမ္းလွမ္းထားေၾကာင္း သတင္းထြက္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ခ်ယ္ဆီးအသင္းရဲ႕ ကြင္းလယ္ခံစစ္ကစားသမား အန္ဂိုလိုကြန္ေတကို လာမဲ့ေႏြေဈးကြက္မွာ ေခၚယူႏိုင္ဖို႔ ျပန္လည္ႀကိဳးပမ္းလာခဲ့ေၾကာင္း အဂၤလန္သတင္းေတြမွာ ေဖာ္ျပလာပါတယ္။ ခ်ယ္ဆီးဟာ ကိုင္းဟားဗက္ဇ္ကိုသာ ေခၚယူႏိုင္ခဲ့ရင္ ျပင္သစ္သားကို ေရာင္းခ်သြားလိမ့္မယ္လို႔ စပိန္ထိပ္တန္းကလပ္က ယုံၾကည္ေနပါတယ္။

စီးရီးေအ ထိပ္တန္းကလပ္ အင္တာမီလန္အသင္းဟာ ခ်ယ္ဆီးအသင္းရဲ႕ ဘယ္‌ေနာက္ခံလူ အီမာဆင္နဲ႔ ဝါရင့္တိုက္စစ္မႉး အိုလီဗီယာဂ်ီ႐ူးတို႔ကို လာမဲ့ေႏြေဈးကြက္မွာ ေခၚယူသြားဖို႔ ပစ္မွတ္ထားႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ ႏွစ္ဦးေပါင္းကို ေပါင္ ၁၉သန္းခန႔္နဲ႔ ေခၚယူသြားႏိုင္ဖို႔ စီစဥ္ေနတာပါ။

ခ်ယ္ဆီးအသင္းအေနနဲ႔ တိုက္စစ္ကစားသမား တီမို၀ါနာရဲ႕ အေကာင္းဆုံး ပုံစံကိုသာ ရခ်င္တယ္ဆိုရင္ ေတာင္ပံတိုက္စစ္မွာ အသုံးျပဳ သြားသင့္တယ္ လို႔ ရက္ဘူးလ္လိုက္ပ္ဇစ္နည္းျပေဟာင္း ဂ်က္ဆီမာ့ရွ္က မွတ္ခ်က္ျပဳ တိုက္တြန္းသြားခဲ့ပါတယ္။

နည္းျပ လမ္းပတ္ကေတာ့ တိုက္စစ္မႉး တင္မီေအဘရာဟင္မ္ဟာ သြင္းဂိုးေတြ ရရွိဖို႔အတြက္ စိတ္အားထက္သန္ေနတယ္လို႔ မွတ္ခ်က္ျပဳခဲ့ၿပီး ပဲေလ့စ္အသင္းနဲ႔ပြဲကသြင္းဂိုးက ကစားသမားေလးရဲ႕ ယုံၾကည္မႈကို ပိုမိုျမင့္တက္လာေစလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ တိုက္စစ္မႉးသစ္ တီမို၀ါနာဟာ ေလဗာကူဆင္ကြင္းလယ္တိုက္စစ္ကစားသမားေလး ကိုင္းဟားဗက္ဇ္ကို စတန္းဖို႔ဒ္ဘရစ္ခ်္ဆီ ေျပာင္းေ႐ႊ႕လာဖို႔ တိုက္တြန္းစည္း႐ုံးမႈေတြ ျပဳလုပ္ေနတယ္လို႔ စကိုင္းစေပါ့သတင္းေထာက္ ဖာဘရီဇီယို႐ိုမာႏိုက ေဖာ္ထုတ္လိုက္ပါတယ္။

Uni – ချယ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း ဆော်လမွန်ကာလူးဟာ ဟာသာဘာလင်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေချိန် ကလပ်အသင်းများစွာနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးညှိနှိုင်းခဲ့ရာ လက်ရှိမှာတော့ ဘရာဇီးကလပ် ဘိုတာဖိုဂိုအသင်းနဲ့ အဆင်ပြေနေတဲ့အတွက် မကြာခင်မှာပဲ အပြောင်းအရွှေ့က အထမြောက်ဖွယ်ရှိနေပါတယ်။

ဂျူဗင်တပ် နည်းပြ ဆာရီက တပည့်ဟောင်း ဂျော်ဂျင်ဟို ကို ခေါ်ယူလိုနေတာကြောင့် လှုပ်ရှားမှုတွေ ပြုလုပ်နေပြီး အီတလီသား အတွက် ရမ်ဆေး ဒါမှမဟုတ် ရာဘီရော့ကို အလဲအထပ် အနေနဲ့ ခေါ်ဖို့ ချယ်ဆီးအား ကမ်းလှမ်းထားကြောင်း သတင်းထွက်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား အန်ဂိုလိုကွန်တေကို လာမဲ့နွေဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ ပြန်လည်ကြိုးပမ်းလာခဲ့ကြောင်း အင်္ဂလန်သတင်းတွေမှာ ဖော်ပြလာပါတယ်။ ချယ်ဆီးဟာ ကိုင်းဟားဗက်ဇ်ကိုသာ ခေါ်ယူနိုင်ခဲ့ရင် ပြင်သစ်သားကို ရောင်းချသွားလိမ့်မယ်လို့ စပိန်ထိပ်တန်းကလပ်က ယုံကြည်နေပါတယ်။

စီးရီးအေ ထိပ်တန်းကလပ် အင်တာမီလန်အသင်းဟာ ချယ်ဆီးအသင်းရဲ့ ဘယ်‌နောက်ခံလူ အီမာဆင်နဲ့ ဝါရင့်တိုက်စစ်မှူး အိုလီဗီယာဂျီရူးတို့ကို လာမဲ့နွေဈေးကွက်မှာ ခေါ်ယူသွားဖို့ ပစ်မှတ်ထားကြိုးပမ်းနေတယ်လို့ သိရပါတယ်။ နှစ်ဦးပေါင်းကို ပေါင် ၁၉သန်းခန့်နဲ့ ခေါ်ယူသွားနိုင်ဖို့ စီစဉ်နေတာပါ။

ချယ်ဆီးအသင်းအနေနဲ့ တိုက်စစ်ကစားသမား တီမိုဝါနာရဲ့ အကောင်းဆုံး ပုံစံကိုသာ ရချင်တယ်ဆိုရင် တောင်ပံတိုက်စစ်မှာ အသုံးပြု သွားသင့်တယ် လို့ ရက်ဘူးလ်လိုက်ပ်ဇစ်နည်းပြဟောင်း ဂျက်ဆီမာ့ရှ်က မှတ်ချက်ပြု တိုက်တွန်းသွားခဲ့ပါတယ်။

နည်းပြ လမ်းပတ်ကတော့ တိုက်စစ်မှူး တင်မီအေဘရာဟင်မ်ဟာ သွင်းဂိုးတွေ ရရှိဖို့အတွက် စိတ်အားထက်သန်နေတယ်လို့ မှတ်ချက်ပြုခဲ့ပြီး ပဲလေ့စ်အသင်းနဲ့ပွဲကသွင်းဂိုးက ကစားသမားလေးရဲ့ ယုံကြည်မှုကို ပိုမိုမြင့်တက်လာစေလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ချယ်ဆီးအသင်းရဲ့ တိုက်စစ်မှူးသစ် တီမိုဝါနာဟာ လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမားလေး ကိုင်းဟားဗက်ဇ်ကို စတန်းဖို့ဒ်ဘရစ်ချ်ဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းစည်းရုံးမှုတွေ ပြုလုပ်နေတယ်လို့ စကိုင်းစပေါ့သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ထုတ်လိုက်ပါတယ်။