ယေန႕ ေနာက္ဆံုးရ အာဆင္နယ္ သတင္းတိုမ်ား (09/07/20)

ဂ်ဴဗင္တပ္စ္အသင္းဟာ ေႏြရာသီမွာ အာဆင္နယ္ တိုက္စစ္မွဴး လာကာဇက္ကို ေခၚယူဖို႔အတြက္ ၎ရဲ႕ေအးဂ်င့္ျဖစ္သူနဲ႔ ေဆြးေႏြးမႈျပဳလုပ္ေနၿပီလို႔ အီတလီ သတင္းစာက ေဖာ္ျပသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းနဲ႔ အဆင္မေျပျဖစ္လို႔ေနတဲ့ ကြင္းလယ္ကစားသမား ဂြမ္ဒူဇီကို လာမယ့္ေစ်းကြက္အတြင္း လိုခ်င္ေနတဲ့ ကလပ္အသင္းေတြ မ်ားျပားလာခဲ့ၿပီး အင္တာမီလန္နဲ႔ အသက္လက္တီကို မက္ဒရစ္အသင္းေတြပါ ထပ္တိုးလာခဲ့သလို ဘာစီလိုနာအသင္းကလည္း ျပင္သစ္ ကြင္းလယ္ကစားသမားကို ေခၚယူႏိုင္ဖို႔အတြက္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရွိရပါတယ္။

ေလာရီယန္႕ နည္းျပေဟာင္း ဘာနက္ဒ္ကာဇိုနီကေတာ့ အာဆင္နယ္ ကြင္းလယ္ကစားသမားေလး ဂြမ္ဒူဇီရဲ႕ ျပႆနာဟာ အမူအက်င့္ေတြသာျဖစ္ၿပီး အရည္အေသြးအရ ထိပ္တန္း အဆင့္ ကစားသမားတစ္ဦးျဖစ္တာေၾကာင့္ အလ်င္အျမန္သာ ျပဳျပင္ႏိုင္ရင္ ေအာင္ျမင္လိမ့္မယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဗဟိုေနာက္ခံလူေနရာကို အင္အားျဖည့္တင္းဖို႔အတြက္ စပိန္ကလပ္ ဘီလ္ဘာအိုအသင္းရဲ႕ အူႏိုင္းႏူနက္ဇ္ကို အဲဗာတန္ အသင္းနဲ႔အၿပိဳင္ ပစ္မွတ္ထားေနသလို ျပင္သစ္ကလပ္ နိစ္အသင္း မာလန္ဆားသ္ကိုလည္း ေျပာင္းေ႐ႊ႕ေၾကးအလြတ္နဲ႔ ေခၚယူသြားဖို႔ ႀကိဳးစားေနပါတယ္။

အသင္းေခါင္းေဆာင္ တိုက္စစ္မႉး အူဘာမီယန္းကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔အတြက္ ဒီဇင္ဘာလကတည္းက ကမ္းလွမ္းထားခဲ့တဲ့ စာခ်ဳပ္အတိုင္း အာဆင္နယ္က ေနာက္ထပ္ တစ္ႀကိမ္ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။ အျခားအသင္းေတြဆီကသာ ခ်ိတ္ဆက္လာမႈမ်ိဳး ရွိမလာခဲ့ရင္ ဂါဘြန္သား အေနနဲ႔ ထိုစာခ်ဳပ္ကို လက္ခံဖို႔ စဥ္းစားသြားဖြယ္ ရွိေနပါတယ္။

ဂႏၴဝင္ကစားသမားႀကီး မာတင္ကီယြန္ကေတာ့ နည္းျပအာေတတာအေနနဲ႔ ေသာမတ္စ္ပါေတးကို ေခၚယူမဲ့အစား ေတာ္ရဲရားကိုသာ ပိုမို အခြင့္အေရးေပး အသုံးျပဳသြားသင့္ၿပီး ခံစစ္ပိုင္းကို ဦးေဆာင္ႏိုင္စြမ္းရွိတဲ့ ဗဟို‌ေနာက္ခံလူ တစ္ဦးကိုသာ အဓိကထား ေခၚယူသြားသင့္တယ္လို႔ တိုက္တြန္း ခဲ့ပါတယ္။

အာဆင္နယ္ ကြင္းလယ္ ၾကယ္ပြင့္ ကစားသမား မီဆြတ္ အိုေဇးလ္ဟာ အာဆင္နယ္ကေန ထြက္ခ်င္ေနၿပီး အသင္း ေျပာင္းရရင္ အေမရိကန္ ဒါမွမဟုတ္ တူရကီကိုသာ ေျပာင္းေ႐ႊ႕လိုေနေၾကာင္း သူငယ္ခ်င္းေတြကို ေျပာခဲ့တယ္လို႔ သိရပါတယ္။

Uni – ဂျူဗင်တပ်စ်အသင်းဟာ နွေရာသီမှာ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူဖို့အတွက် ၎င်းရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုပြုလုပ်နေပြီလို့ အီတလီ သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ အဆင်မပြေဖြစ်လို့နေတဲ့ ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို လာမယ့်ဈေးကွက်အတွင်း လိုချင်နေတဲ့ ကလပ်အသင်းတွေ များပြားလာခဲ့ပြီး အင်တာမီလန်နဲ့ အသက်လက်တီကို မက်ဒရစ်အသင်းတွေပါ ထပ်တိုးလာခဲ့သလို ဘာစီလိုနာအသင်းကလည်း ပြင်သစ် ကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

လောရီယန့် နည်းပြဟောင်း ဘာနက်ဒ်ကာဇိုနီကတော့ အာဆင်နယ် ကွင်းလယ်ကစားသမားလေး ဂွမ်ဒူဇီရဲ့ ပြဿနာဟာ အမူအကျင့်တွေသာဖြစ်ပြီး အရည်အသွေးအရ ထိပ်တန်း အဆင့် ကစားသမားတစ်ဦးဖြစ်တာကြောင့် အလျင်အမြန်သာ ပြုပြင်နိုင်ရင် အောင်မြင်လိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဗဟိုနောက်ခံလူနေရာကို အင်အားဖြည့်တင်းဖို့အတွက် စပိန်ကလပ် ဘီလ်ဘာအိုအသင်းရဲ့ အူနိုင်းနူနက်ဇ်ကို အဲဗာတန် အသင်းနဲ့အပြိုင် ပစ်မှတ်ထားနေသလို ပြင်သစ်ကလပ် နိစ်အသင်း မာလန်ဆားသ်ကိုလည်း ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူသွားဖို့ ကြိုးစားနေပါတယ်။

အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် ဒီဇင်ဘာလကတည်းက ကမ်းလှမ်းထားခဲ့တဲ့ စာချုပ်အတိုင်း အာဆင်နယ်က နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အခြားအသင်းတွေဆီကသာ ချိတ်ဆက်လာမှုမျိုး ရှိမလာခဲ့ရင် ဂါဘွန်သား အနေနဲ့ ထိုစာချုပ်ကို လက်ခံဖို့ စဉ်းစားသွားဖွယ် ရှိနေပါတယ်။

ဂန္ထဝင်ကစားသမားကြီး မာတင်ကီယွန်ကတော့ နည်းပြအာတေတာအနေနဲ့ သောမတ်စ်ပါတေးကို ခေါ်ယူမဲ့အစား တော်ရဲရားကိုသာ ပိုမို အခွင့်အရေးပေး အသုံးပြုသွားသင့်ပြီး ခံစစ်ပိုင်းကို ဦးဆောင်နိုင်စွမ်းရှိတဲ့ ဗဟို‌နောက်ခံလူ တစ်ဦးကိုသာ အဓိကထား ခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်း ခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ် ကြယ်ပွင့် ကစားသမား မီဆွတ် အိုဇေးလ်ဟာ အာဆင်နယ်ကနေ ထွက်ချင်နေပြီး အသင်း ပြောင်းရရင် အမေရိကန် ဒါမှမဟုတ် တူရကီကိုသာ ပြောင်းရွှေ့လိုနေကြောင်း သူငယ်ချင်းတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။