စပါး Vs အာဆင္နယ္ လန္ဒန္ဒါဘီ ပြဲ အတြက္ ေလာ္ရိုး သံုးသပ္ခန္႔မွန္း

လန္ဒန္ျမိဳ႕ခံ ျပိဳင္ဘက္ နွစ္သင္း ျဖစ္တဲ့ ေတာ့တင္ဟမ္ စပါးနဲ႕ အာဆင္နယ္ အသင္းတို႔ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၅ မွာ ထိပ္တိုက္ ေတြ႔ဆံုေနျပီး စပါးရဲ႕ လန္ဒန္ကြင္းၾကီးမွာ ယွဥ္ျပိဳင္ ကစားေတာ့မွာ ျဖစ္ပါတယ္။

ဒီရာသီကေတာ့ ခ်ယ္ဆီးကလြဲရင္ က်န္တဲ့ လန္ဒန္အသင္းၾကီးေတြ အေျခမလွ ျဖစ္ေနတယ္ လို႔ ဆိုရမွာ ျဖစ္ျပီး ဒီတပတ္ ပြဲစဥ္ေတြ မတိုင္ခင္မွာ အာဆင္နယ္က အဆင့္ ၈၊ စပါးက အဆင့္ ၉ နဲ႕ ရပ္တည္ေနျပီး အမွတ္ကြာျခားခ်က္က တစ္မွတ္သာ ရွိထားပါတယ္။

စပါး နဲ႕ အာဆင္နယ္ အသင္းတို႔ ပြဲခ်ိန္ ကေတာ့ ဇူလိုင္ ၁၂ ရက္ (တနဂၤေႏြေန႔) ည ၁၀း၀၀ နာရီ မွာပါ။ ဒီပြဲ အတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ဂန္းနားေဟာင္းၾကီး ေလာ္ရိုးရဲ႕ သံုးသပ္ခ်က္ကေတာ့ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

နွစ္သင္းလံုးကေတာ့ ဇယား အလယ္ပိုင္းမွာ ရွိေနၾကျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ ဖ်က္မ်ဥ္း အသင္းသာသာ ျဖစ္ေနပါတယ္။ ဒါမ်ိဳး ျဖစ္လာမယ္လို႔ ဒီရာသီ အစက ဘယ္သူ ထင္ခဲ့ၾကမွာလဲ။ ဒါေပမယ့္ လက္ရွိ သူတို႔ အေနအထားက ဘာလို႔ ဒီလို ျဖစ္ေနလဲဆိုတာရဲ႕ အေျဖ ပါျပီးသားပါ။ နွစ္သင္းလံုးကေတာ့ လိုအပ္ခ်က္ေတြ ကိုယ္စီ ရွိေနၾကပါတယ္။ ဒါေပမယ့္ ပိုျပီး က်စ္လစ္တဲ့ စပါးဘက္ကေတာ့ က်ေနာ္ ရွိခ်င္တယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ စပါး 2-0 အာဆင္နယ္ ျဖစ္ပါတယ္။

Uni – လန်ဒန်မြို့ခံ ပြိုင်ဘက် နှစ်သင်း ဖြစ်တဲ့ တော့တင်ဟမ် စပါးနဲ့ အာဆင်နယ် အသင်းတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ မှာ ထိပ်တိုက် တွေ့ဆုံနေပြီး စပါးရဲ့ လန်ဒန်ကွင်းကြီးမှာ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။

ဒီရာသီကတော့ ချယ်ဆီးကလွဲရင် ကျန်တဲ့ လန်ဒန်အသင်းကြီးတွေ အခြေမလှ ဖြစ်နေတယ် လို့ ဆိုရမှာ ဖြစ်ပြီး ဒီတပတ် ပွဲစဉ်တွေ မတိုင်ခင်မှာ အာဆင်နယ်က အဆင့် ၈၊ စပါးက အဆင့် ၉ နဲ့ ရပ်တည်နေပြီး အမှတ်ကွာခြားချက်က တစ်မှတ်သာ ရှိထားပါတယ်။

စပါး နဲ့ အာဆင်နယ် အသင်းတို့ ပွဲချိန် ကတော့ ဇူလိုင် ၁၂ ရက် (တနင်္ဂနွေနေ့) ည ၁၀း၀၀ နာရီ မှာပါ။ ဒီပွဲ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ဂန်းနားဟောင်းကြီး လော်ရိုးရဲ့ သုံးသပ်ချက်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

နှစ်သင်းလုံးကတော့ ဇယား အလယ်ပိုင်းမှာ ရှိနေကြပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဖျက်မျဉ်း အသင်းသာသာ ဖြစ်နေပါတယ်။ ဒါမျိုး ဖြစ်လာမယ်လို့ ဒီရာသီ အစက ဘယ်သူ ထင်ခဲ့ကြမှာလဲ။ ဒါပေမယ့် လက်ရှိ သူတို့ အနေအထားက ဘာလို့ ဒီလို ဖြစ်နေလဲဆိုတာရဲ့ အဖြေ ပါပြီးသားပါ။ နှစ်သင်းလုံးကတော့ လိုအပ်ချက်တွေ ကိုယ်စီ ရှိနေကြပါတယ်။ ဒါပေမယ့် ပိုပြီး ကျစ်လစ်တဲ့ စပါးဘက်ကတော့ ကျနော် ရှိချင်တယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ စပါး 2-0 အာဆင်နယ် ဖြစ်ပါတယ်။