ဝုဗ်ကို နိုင်လိုက်တာက ရဖူးသမျှထဲ အကောင်းဆုံး ရလဒ် တစ်ခုပါလို့ အာတီတာ ဆို

ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြ တည်ငြိမ်နေတဲ့ ဝုဗ်အသင်းကို အာဆင်နယ်က ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ပြီး ဆာကာ၊ လာကာဇက်တီတို့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်တို့ အရေးနိမ့်မယ်လို့ သုံးသပ်သူ တော်တော်များများက ဆိုခဲ့ကြတာပါ။

အာဆင်နယ်ဟာ ပထမပိုင်းတည်းက ဆယ်ကျော်သက် လူငယ် ကစားသမား ဆာကာရဲ့ သွင်းဂိုးနဲ့ဦးဆောင်ထားနိုင်ခဲ့ပြီး အိမ်ရှင် ဝုဗ် အသင်းရဲ့ ထိုးဖောက် မှုတွေကို အာဆင်နယ် ခံစစ်က ထူးထူးခြားခြား သေချာ ကိုင်တွယ် ကစားသွားခဲ့ပါတယ်။ ၁-၀ နဲ့ပဲ ပွဲသိမ်းမယ် ထင်ခဲ့ပေမယ့် ပွဲပြီးခါနီး လာကာဇက်တီ သွင်းဂိုးကြောင့် အာဆင်နယ်တို့ ၂-၀ နဲ့ နိုင်ခဲ့ပါတယ်။

ခက်ခဲတဲ့ ပြိုင်ဘက်ကို အဝေးကွင်းမှာ ပေးဂိုး မရှိဘဲ အနိုင်ရလိုက်တာကြောင့် အာဆင်နယ် နည်းပြ အာတီတာက ကျေနပ်နေပြီး ဒီနိုင်ပွဲဟာ သူ ရခဲ့ဖူးသမျှ ရလဒ်တွေထဲ အကောင်းဆုံး တစ်ခုလို့ ဆိုနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

” ဒီပွဲက ကျနေ်ာ ရဖူးတဲ့ အကောင်းဆုံး ရလဒ်တွေထဲ ပါတယ် ဆိုရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် ရထားတဲ့ ပွဲစဉ်ဇယား အခြေအနေ ရယ် သူတို့ အသင်း လုပ်ပြထားတာတွေရယ်ကြောင့်ပါ။ ဒါက ကျနော်တို့ အတွက် ရှေ့ ခြေလှမ်းတစ်ရပ် တိုးနိုင်တာပဲ ဖြစ်တယ်။ ကျနော်တို့ ကျစ်လစ် ခိုင်မာလေ အခွင့်ကောင်းတွေ ပိုရလေပါပဲ။ ကျနော်တို့ နိုင်ပွဲတွေ လိုအပ်ပါတယ်။ ဒါကလည်း အသင်းသား ၁၁ ယောက်လုံး ခံစစ်မှာ ပါဝင်ဖို့ လိုတယ်။

ဘရိုက်တန်နဲ့ ပွဲအပြီးမှာ အသင်း အားထုတ်မှုတွေ မြင်ရတာ ကျေနပ်ပါတယ်။ ကျေနာ် ပြောခဲ့ပါတယ် ပြိုင်ဘက် အသင်းတွေကို ဘာမှ ပေးလို့ မရတော့ပါဘူးလို့ ဒီပွဲကနေ နောက်ထပ် နိုင်ပွဲတွေ ဆက်ယူဖို့ အခွင့်ကောင်းတွေ ရမယ် မျှော်လင့်ပါတယ်။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

ဝေဖန်မှုတွေ များစွာ ခံခဲ့ရတဲ့ အာဆင်နယ် ခံစစ်ကို အာတီတာ ပြန်လည် ကြပ်မတ်နိုင်ခဲ့ပြီး လူစားလဲ မှန်ကန်မှု၊ ဗျူဟာသေသပ်မှုတွေကြောင့် ဂန်းနားတို့ အသက်ရှူချောင်ကာ နိုင်ပွဲကောင်း ရခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပ တည္ျငိမ္ေနတဲ့ ၀ုဗ္အသင္းကို အာဆင္နယ္က ညက ပရီးမီးယားလိဂ္ ပြဲစဥ္မွာ အေ၀းကြင္းမွာ သြားေရာက္ ရင္ဆုိင္ျပီး ဆာကာ၊ လာကာဇက္တီတို႔ သြင္းဂိုးေတြနဲ႕ အနုိင္ရခဲ့ပါတယ္။ ဒီပြဲမွာ အာဆင္နယ္တို႔ အေရးနိမ့္မယ္လို႔ သံုးသပ္သူ ေတာ္ေတာ္မ်ားမ်ားက ဆိုခဲ့ၾကတာပါ။

အာဆင္နယ္ဟာ ပထမပိုင္းတည္းက ဆယ္ေက်ာ္သက္ လူငယ္ ကစားသမား ဆာကာရဲ႕ သြင္းဂိုးနဲ႕ဦးေဆာင္ထားနုိင္ခဲ့ျပီး အိမ္ရွင္ ၀ုဗ္ အသင္းရဲ႕ ထိုးေဖာက္ မႈေတြကို အာဆင္နယ္ ခံစစ္က ထူးထူးျခားျခား ေသခ်ာ ကိုင္တြယ္ ကစားသြားခဲ့ပါတယ္။ ၁-၀ နဲ႕ပဲ ပြဲသိမ္းမယ္ ထင္ခဲ့ေပမယ့္ ပြဲျပီးခါနီး လာကာဇက္တီ သြင္းဂိုးေၾကာင့္ အာဆင္နယ္တို႔ ၂-၀ နဲ႕ နိုင္ခဲ့ပါတယ္။

ခက္ခဲတဲ့ ျပိဳင္ဘက္ကို အေ၀းကြင္းမွာ ေပးဂိုး မရွိဘဲ အနုိင္ရလိုက္တာေၾကာင့္ အာဆင္နယ္ နည္းျပ အာတီတာက ေက်နပ္ေနျပီး ဒီနိုင္ပြဲဟာ သူ ရခဲ့ဖူးသမွ် ရလဒ္ေတြထဲ အေကာင္းဆံုး တစ္ခုလို႔ ဆိုနုိင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

” ဒီပြဲက က်ေန္ာ ရဖူးတဲ့ အေကာင္းဆံုး ရလဒ္ေတြထဲ ပါတယ္ ဆိုရမွာပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္ ရထားတဲ့ ပြဲစဥ္ဇယား အေျခအေန ရယ္ သူတို႔ အသင္း လုပ္ျပထားတာေတြရယ္ေၾကာင့္ပါ။ ဒါက က်ေနာ္တို႔ အတြက္ ေရွ႕ ေျခလွမ္းတစ္ရပ္ တိုးနုိင္တာပဲ ျဖစ္တယ္။ က်ေနာ္တို႔ က်စ္လစ္ ခိုင္မာေလ အခြင့္ေကာင္းေတြ ပိုရေလပါပဲ။ က်ေနာ္တို႔ နုိင္ပြဲေတြ လိုအပ္ပါတယ္။ ဒါကလည္း အသင္းသား ၁၁ ေယာက္လံုး ခံစစ္မွာ ပါ၀င္ဖို႔ လိုတယ္။

ဘရိုက္တန္နဲ႕ ပြဲအျပီးမွာ အသင္း အားထုတ္မႈေတြ ျမင္ရတာ ေက်နပ္ပါတယ္။ ကေ်နာ္ ေျပာခဲ့ပါတယ္ ျပိဳင္ဘက္ အသင္းေတြကို ဘာမွ ေပးလို႔ မရေတာ့ပါဘူးလို႔ ဒီပြဲကေန ေနာက္ထပ္ နုိင္ပြဲေတြ ဆက္ယူဖို႔ အခြင့္ေကာင္းေတြ ရမယ္ ေမွ်ာ္လင့္ပါတယ္။ ” လို႕ အာတီတာက ေျပာဆိုခဲ့ပါတယ္။

ေ၀ဖန္မႈေတြ မ်ားစြာ ခံခဲ့ရတဲ့ အာဆင္နယ္ ခံစစ္ကို အာတီတာ ျပန္လည္ ၾကပ္မတ္နုိင္ခဲ့ျပီး လူစားလဲ မွန္ကန္မႈ၊ ဗ်ဴဟာေသသပ္မႈေတြေၾကာင့္ ဂန္းနားတို႔ အသက္ရွဴေခ်ာင္ကာ နုိုင္ပြဲေကာင္း ရခဲ့ျပီ ျဖစ္ပါတယ္။