ယေန႕ ေနာက္ဆံုးရ အာဆင္နယ္ သတင္းတိုမ်ား (03/07/20)

ခ်ယ္ဆီးအသင္းမွ ဝါရင့္ေတာင္ပံတိုက္စစ္ကစားသမား ဝီလီယံဟာ အာဆင္နယ္အသင္းမွာ အေကာင္းဆုံးအံဝင္လိမ့္မယ္လို႕ ခ်ယ္ဆီး ကြင္းလယ္ကစားသမားေဟာင္းႀကီး ဒန္းနစ္ဝႈိက္က သုံးသပ္သြားခဲ့ပါတယ္။ ဘရာဇီးလ္သားဟာ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္ကုန္ဆံုးျပီး အလြတ္နဲ႕ ထြက္ခြာမယ့္ သူပါ။

ဗဟိုေနာက္ခံကစားသမား ဆိုကေရး တစ္ကေတာ့ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိေတာ့တဲ့ အသင္းေခါင္းေဆာင္ တိုက္စစ္မႉး အူဘာမီယန္းအေနနဲ႔ အာဆင္နယ္ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုကာ အမ္းမရိတ္ေျမမွာပဲ ဆက္ရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ အသင္းေခါင္းေဆာင္တိုက္စစ္မႉး အူဘာမီယန္းကို အသင္းမွာ ဆက္လက္ထိန္းသိမ္းဖို႔သာ မျဖစ္မေန ေဆာင္႐ြက္သင့္ေၾကာင္း ဂႏၴဝင္ကစားသမားႀကီး အလန္စမစ္ကေတာ့ တိုက္တြန္းလိုက္ပါတယ္။

ညာေနာက္ခံကစားသမား ဆီဒရစ္ ေဆာရက္စ္ကေတာ့ သူ႔အေနနဲ႔ ပထမပြဲထြက္ကစားသမားေနရာအတြက္ ဟက္တာဘယ္လာရင္နဲ႔အၿပိဳင္ ႀကိဳးပမ္းသြားဖို႔ အသင့္ ရွိေနတယ္ လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။ ေပၚတူဂီသားဟာ ဂန္းနားတို႔အတြက္ ကစားခဲ့တဲ့ ပထမဆုံးပြဲဦးထြက္ပြဲစဥ္မွာပဲ သြင္းဂိုးရယူကာ ပုံစံေကာင္းေတြ ျပသခဲ့သူ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္ကစားသမား ေသာမတ္စ္ပါေတး ကို ေခၚခ်င္ေပမယ့္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅သန္းကို တလံုးတည္း ေပးေခ်ဖို႔ မလိုလားဘဲ ႏွစ္အလိုက္ အရစ္က်စနစ္နဲ႔ ခြဲေပးႏိုင္ဖို႔ ညႇိႏႈိင္းမႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

အိုေဇးလ္လို ကစားသမားမ်ိဳးအတြက္ အာဆင္နယ္အသင္းမွာ ေနရာတစ္ေနရာ အၿမဲရွိတယ္လို႔ ေျပာၾကားခဲ့ၿပီး အေကာင္းဆုံးပုံစံသာ ျပန္ရလာပါက အသုံးျပဳသြားမွာ ျဖစ္ေၾကာင္း နည္းျပ အာတီတာက အတည္ျပဳခဲ့ပါတယ္။

Uni – ချယ်ဆီးအသင်းမှ ဝါရင့်တောင်ပံတိုက်စစ်ကစားသမား ဝီလီယံဟာ အာဆင်နယ်အသင်းမှာ အကောင်းဆုံးအံဝင်လိမ့်မယ်လို့ ချယ်ဆီး ကွင်းလယ်ကစားသမားဟောင်းကြီး ဒန်းနစ်ဝှိုက်က သုံးသပ်သွားခဲ့ပါတယ်။ ဘရာဇီးလ်သားဟာ ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးပြီး အလွတ်နဲ့ ထွက်ခွာမယ့် သူပါ။

ဗဟိုနောက်ခံကစားသမား ဆိုကရေး တစ်ကတော့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းအနေနဲ့ အာဆင်နယ် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုကာ အမ်းမရိတ်မြေမှာပဲ ဆက်ရှိနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်းကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့သာ မဖြစ်မနေ ဆောင်ရွက်သင့်ကြောင်း ဂန္ထဝင်ကစားသမားကြီး အလန်စမစ်ကတော့ တိုက်တွန်းလိုက်ပါတယ်။

ညာနောက်ခံကစားသမား ဆီဒရစ် ဆောရက်စ်ကတော့ သူ့အနေနဲ့ ပထမပွဲထွက်ကစားသမားနေရာအတွက် ဟက်တာဘယ်လာရင်နဲ့အပြိုင် ကြိုးပမ်းသွားဖို့ အသင့် ရှိနေတယ် လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။ ပေါ်တူဂီသားဟာ ဂန်းနားတို့အတွက် ကစားခဲ့တဲ့ ပထမဆုံးပွဲဦးထွက်ပွဲစဉ်မှာပဲ သွင်းဂိုးရယူကာ ပုံစံကောင်းတွေ ပြသခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်ကစားသမား သောမတ်စ်ပါတေး ကို ခေါ်ချင်ပေမယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅သန်းကို တလုံးတည်း ပေးချေဖို့ မလိုလားဘဲ နှစ်အလိုက် အရစ်ကျစနစ်နဲ့ ခွဲပေးနိုင်ဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အိုဇေးလ်လို ကစားသမားမျိုးအတွက် အာဆင်နယ်အသင်းမှာ နေရာတစ်နေရာ အမြဲရှိတယ်လို့ ပြောကြားခဲ့ပြီး အကောင်းဆုံးပုံစံသာ ပြန်ရလာပါက အသုံးပြုသွားမှာ ဖြစ်ကြောင်း နည်းပြ အာတီတာက အတည်ပြုခဲ့ပါတယ်။