အာဆင္နယ္ Vs လက္စတာ ပြဲ အတြက္ မိုက္ကယ္အို၀င္ သံုးသပ္ခန္႔မွန္းခ်က္

အာဆင္နယ္ ဟာ ဒီတပတ္မွာေတာ့ လက္စတာအသင္းကို အိမ္ကြင္း အမ္းမရိတ္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ခက္ခဲတဲ့ သီတင္းပတ္ အဖြင့္ အျဖစ္ ၀ုဗ္ကို အနိုင္ယူျပီး စိတ္ဓာတ္ တက္ၾကြေနတဲ့ ဂန္းနားေတြ အတြက္ေတာ့ ပြဲေကာင္း တစ္ပြဲ ျဖစ္ပါတယ္။

ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၈ ရက္ (ဗုဒၶဟူးေန႔) မနက္ ၁း၄၅ နာရီ မွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။ ဒီပြဲ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ခ်က္ ထြက္ရွိေနပါျပီ။

” အာဆင္နယ္အသင္းဟာ ၀ုဗ္ကို မိုလီနက္စ္ ကြင္းမွာ စေနေန႔က အထင္ၾကီးေလာက္ဖြယ္ ၂-၀ နဲ႕ အနုိင္ယူထားပါတယ္။ ဒီနုိင္ပြဲကေန အာတီတာနဲ႕ အသင္းသားေတြ အတြက္ ရာသီပိတ္သည္ထိ ပြဲစဥ္ေတြ အတြက္ တြန္းအားေကာင္း တစ္ရပ္ ျဖစ္လာမွာပါ။

လက္စတာက ထိပ္သီးေလးသင္းထဲ ဆက္ေနနုိင္ပါ့မလား ေမးခြန္းေတြ ရင္ဆိုင္ေနရေပမယ့္ ျပီးခဲတ့ဲ ပြဲမွာေတာ့ ကင္းပါ၀ါမွာ ပဲေလ့စ္ကို ၃-၀ နဲ႕ နုိင္ျပီး လမ္းေၾကာင္း မွန္ေပၚ ျပန္ရပ္ခဲ့ပါတယ္။ ထိုပြဲက ပြဲစဥ္ေတြ ျပန္စျပီးေနာက္ လက္စတာရဲ႕ ပထမဆံုး နုိင္ပြဲလည္း ျဖစ္ပါတယ္။

လက္စတာ ပရိသတ္ေတြ အတြက္ စိုးရိမ္စရာကေတာ့ အာဆင္နယ္နဲ႕ ျပိဳင္ပြဲစံု ဆံုခဲ့တဲ့ အေ၀းကြင္းပြဲ ၂၆ ပြဲမွာ နုိင္ပြဲ တစ္ၾကိမ္မွ မရေသးတာပဲ ျဖစ္ပါတယ္။ ဒီပြဲမွာ လည္း ဂန္းနားေတြ အိမ္ကြင္းမွာ ၂-၁ ေလာက္နဲ႕ နိုင္ပါမယ္၊ မယံုနုိင္စရာ ပံုစံေကာင္းေတြ ရဦးမယ္ ျမင္ေနပါတယ္။ ” လို႔ အို၀င္က သံုးသပ္ေရးသားထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ နွစ္သင္းေပါင္း သြင္းဂိုး ၃ ဂိုးနဲ႕ အထက္၊ အာဆင္နယ္ အနုိင္ ျဖစ္ပါတယ္။

Uni – အာဆင်နယ် ဟာ ဒီတပတ်မှာတော့ လက်စတာအသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ခက်ခဲတဲ့ သီတင်းပတ် အဖွင့် အဖြစ် ဝုဗ်ကို အနိုင်ယူပြီး စိတ်ဓာတ် တက်ကြွနေတဲ့ ဂန်းနားတွေ အတွက်တော့ ပွဲကောင်း တစ်ပွဲ ဖြစ်ပါတယ်။

ပွဲချိန်ကတော့ ဇူလိုင် ၈ ရက် (ဗုဒ္ဓဟူးနေ့) မနက် ၁း၄၅ နာရီ မှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ချက် ထွက်ရှိနေပါပြီ။

” အာဆင်နယ်အသင်းဟာ ဝုဗ်ကို မိုလီနက်စ် ကွင်းမှာ စနေနေ့က အထင်ကြီးလောက်ဖွယ် ၂-၀ နဲ့ အနိုင်ယူထားပါတယ်။ ဒီနိုင်ပွဲကနေ အာတီတာနဲ့ အသင်းသားတွေ အတွက် ရာသီပိတ်သည်ထိ ပွဲစဉ်တွေ အတွက် တွန်းအားကောင်း တစ်ရပ် ဖြစ်လာမှာပါ။

လက်စတာက ထိပ်သီးလေးသင်းထဲ ဆက်နေနိုင်ပါ့မလား မေးခွန်းတွေ ရင်ဆိုင်နေရပေမယ့် ပြီးခဲတဲ့ ပွဲမှာတော့ ကင်းပါဝါမှာ ပဲလေ့စ်ကို ၃-၀ နဲ့ နိုင်ပြီး လမ်းကြောင်း မှန်ပေါ် ပြန်ရပ်ခဲ့ပါတယ်။ ထိုပွဲက ပွဲစဉ်တွေ ပြန်စပြီးနောက် လက်စတာရဲ့ ပထမဆုံး နိုင်ပွဲလည်း ဖြစ်ပါတယ်။

လက်စတာ ပရိသတ်တွေ အတွက် စိုးရိမ်စရာကတော့ အာဆင်နယ်နဲ့ ပြိုင်ပွဲစုံ ဆုံခဲ့တဲ့ အဝေးကွင်းပွဲ ၂၆ ပွဲမှာ နိုင်ပွဲ တစ်ကြိမ်မှ မရသေးတာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ လည်း ဂန်းနားတွေ အိမ်ကွင်းမှာ ၂-၁ လောက်နဲ့ နိုင်ပါမယ်၊ မယုံနိုင်စရာ ပုံစံကောင်းတွေ ရဦးမယ် မြင်နေပါတယ်။ ” လို့ အိုဝင်က သုံးသပ်ရေးသားထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုးနဲ့ အထက်၊ အာဆင်နယ် အနိုင် ဖြစ်ပါတယ်။