ယေန႕ ေနာက္ဆံုးရ အာဆင္နယ္ သတင္းတိုမ်ား (01/07/20)

အာဆင္နယ္အသင္းဟာ တိုက္စစ္မႉး အူဘာမီယန္းနဲ႔ လာကာဇက္တို႔ေနရာမွာ အစားထိုးဖို႔အတြက္ ျပင္သစ္ကလပ္လီယြန္အသင္းမွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ တိုက္စစ္ကစားသမား မန္းဖစ္ဒီပိုင္းကို ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။

ဂႏၴဝင္ကစားသမားႀကီး ေပါလ္မာဆင္ကေတာ့ အိုေဇးလ္ဟာ ေျခထဲမွာ ေဘာလုံးမရွိတဲ့အခ်ိန္ေတြတိုင္းမွာ ကမာၻ႔အဆိုး႐ြားဆုံး ကစားသမားတစ္ဦး ျဖစ္တယ္လို႔ ေဝဖန္ေျပာၾကားခဲ့ပါတယ္။ ကြင္းအတြင္းမွာ အသင္းအတြက္ စိတ္ပါဝင္စားစြာ ကစားျခင္းမရွိတာကို မာဆင္က မေက်မနပ္ ျဖစ္ေနတာပါ။

အိုေဇးလ္ကို ပြဲထြက္လူစာရင္းမွာ အသုံးမျပဳေသးတာဟာ သူ႔ရဲ႕လစာေငြေၾကာင့္မဟုတ္ဘဲ ႀကိဳးစားအားထုတ္မႈနဲ႔ ေျခစြမ္းေၾကာင့္သာျဖစ္တယ္လို႔ နည္းျပအာတီတာက အတည္ျပဳခဲ့ပါတယ္။ သူ႔အေနနဲ႔ အိုေဇးလ္ရဲ႕လစာေငြကို ေခါင္းထဲေတာင္မရွိေၾကာင္း ဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ သက္တမ္းတိုးဖို႔ ကာလရွည္ ညွိနိႈငး္ စည္းရံုးခဲ့ရတဲ့ လူငယ္ၾကယ္ပြင့္ေလး ဆာကာကို ဒီေန႔မွာေတာ့ ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုနုိင္ခဲ့ ပါတယ္။

ဘယ္ေနာက္ခံကစားသမား ကီရင္တီယာေနးဟာ ထူးျခားတဲ့ေျခစြမ္းမ်ိဳးေတြ ရွိေနသူျဖစ္ေၾကာင္း နည္းျပအာေတတာက ခ်ီးက်ဴးခဲ့ၿပီး စေကာ့တလန္သားေလး ဒဏ္ရာကေနျပန္ေကာင္းလာတာဟာ အသင္းအတြက္ အခ်ိန္ေကာင္းျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ကြင္းလယ္ကစားသမားေလး ဂြမ္ဒူဇီကို ကစားသမားအလဲအထပ္ အေျပာင္းအေ႐ႊ႕ေတြမွာ အသုံးျပဳသြားဖို႔ စီစဥ္ေနတယ္လို႔ Daily Mail သတင္းဌာနက ေဖာ္ျပထားပါတယ္။ ျပင္သစ္သားေလးရဲ႕အနာဂတ္ဟာ လက္ရွိအခ်ိန္မွာ မေရမရာ ျဖစ္ေနပါတယ္။

Uni – အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်းနဲ့ လာကာဇက်တို့နေရာမှာ အစားထိုးဖို့အတွက် ပြင်သစ်ကလပ်လီယွန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ တိုက်စစ်ကစားသမား မန်းဖစ်ဒီပိုင်းကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဂန္ထဝင်ကစားသမားကြီး ပေါလ်မာဆင်ကတော့ အိုဇေးလ်ဟာ ခြေထဲမှာ ဘောလုံးမရှိတဲ့အချိန်တွေတိုင်းမှာ ကမ္ဘာ့အဆိုးရွားဆုံး ကစားသမားတစ်ဦး ဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ ကွင်းအတွင်းမှာ အသင်းအတွက် စိတ်ပါဝင်စားစွာ ကစားခြင်းမရှိတာကို မာဆင်က မကျေမနပ် ဖြစ်နေတာပါ။

အိုဇေးလ်ကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုသေးတာဟာ သူ့ရဲ့လစာငွေကြောင့်မဟုတ်ဘဲ ကြိုးစားအားထုတ်မှုနဲ့ ခြေစွမ်းကြောင့်သာဖြစ်တယ်လို့ နည်းပြအာတီတာက အတည်ပြုခဲ့ပါတယ်။ သူ့အနေနဲ့ အိုဇေးလ်ရဲ့လစာငွေကို ခေါင်းထဲတောင်မရှိကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ သက်တမ်းတိုးဖို့ ကာလရှည် ညှိနှိုင်း စည်းရုံးခဲ့ရတဲ့ လူငယ်ကြယ်ပွင့်လေး ဆာကာကို ဒီနေ့မှာတော့ ကာလရှည် သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ ပါတယ်။

ဘယ်နောက်ခံကစားသမား ကီရင်တီယာနေးဟာ ထူးခြားတဲ့ခြေစွမ်းမျိုးတွေ ရှိနေသူဖြစ်ကြောင်း နည်းပြအာတေတာက ချီးကျူးခဲ့ပြီး စကော့တလန်သားလေး ဒဏ်ရာကနေပြန်ကောင်းလာတာဟာ အသင်းအတွက် အချိန်ကောင်းဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမားလေး ဂွမ်ဒူဇီကို ကစားသမားအလဲအထပ် အပြောင်းအရွှေ့တွေမှာ အသုံးပြုသွားဖို့ စီစဉ်နေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြထားပါတယ်။ ပြင်သစ်သားလေးရဲ့အနာဂတ်ဟာ လက်ရှိအချိန်မှာ မရေမရာ ဖြစ်နေပါတယ်။