ယေန႔ နံနက္္ခင္း ခ်ယ္ဆီး သတင္းတိုမ်ား (01/07/20)

လက္စတာအသင္းနဲ႔ပြဲမွာ ေျခသလုံးႂကြက္သားဒဏ္ရာရခဲ့တဲ့ ပူလီဆစ္နဲ႔ ေနာက္ခံလူ ခရစ္စတီယန္ဆန္ရဲ႕ ဒဏ္ရာအေျခအေနေတြကို ေစာင့္ၾကည့္ေနဆဲျဖစ္ၿပီး လာမဲ့ပြဲမွာ ပါႏိုင္ မပါႏိုင္ကို ေစာင့္ၾကည့္ ဆုံးျဖတ္သြားမွာျဖစ္တယ္လို႔ နည္းျပဖရန႔္ခ္လမ္းပတ္က အတည္ျပဳသြားခဲ့ပါတယ္။ ပူလီဆစ္ရဲ႕အေျခအေနဟာ ပြဲေန႔ကထက္ေတာ့ ပိုေကာင္း လာခဲ့ၿပီျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

မန္ယူႏိုက္တက္အသင္းရဲ႕ စာခ်ဳပ္သစ္ကို ျငင္းဆန္ကာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာေတာ့မဲ့ ကြင္းလယ္ၾကယ္ပြင့္ေလး အိန္ဂ်ယ္ဂိုးမက္စ္ကို ခ်ဲလ္ဆီးအသင္း ေခၚယူမယ္ဆိုတဲ့သတင္းေတြဟာ မဟုတ္မွန္ဘူးလို႔ နည္းျပဖရန႔္ခ္လမ္းပတ္က တုံ႔ျပန္သြားခဲ့ပါတယ္။ အသက္ ၁၉ႏွစ္သားေလးကို ျခေသၤ့ျပာတို႔ ပစ္မွတ္ထားေနေၾကာင္း သတင္းေတြ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။

တိုက္စစ္မႉး တီမို၀ါနာကေတာ့ သူ႔အေနနဲ႔ ဥေရာပထိပ္တန္းကလပ္မ်ားစြာဆီကေန ကမ္းလွမ္းမႈေတြ ရခဲ့ၿပီး အဲဒီထဲကမွ ခ်ဲလ္ဆီးအသင္းရဲ႕ စီမံကိန္းေတြကို သေဘာက်လို႔သာ စတန္းဖို႔ဒ္ဘရစ္ခ်္ကို အေရာက္လာခဲ့တာျဖစ္ေၾကာင္းနဲ႔ သူ႔အတြက္ ေငြေၾကးက အဓိကမက်ေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ေလး ဘီလီေဂးေမာလ္ရဲ႕ လက္ရွိကစားဟန္နဲ႔ပတ္သက္လို႔ ဂႏၴဝင္ႀကီး ပက္နယ္ဗင္က ကာကြယ္ေျပာၾကားခဲ့ၿပီး ဘယ္သူမွ အခက္အခဲေတြကို မရင္ဆိုင္ရဘဲနဲ႔ ထိပ္တန္းကစားသမားျဖစ္မလာဘူးလို႔ ဆိုခဲ့ပါတယ္။ စေကာ့တလန္သားေလးဟာ လက္စတာနဲ႔ပြဲမွာ ေျခစြမ္းမျပသႏိုင္ျဖစ္ခဲ့တဲ့အတြက္ ေဝဖန္မႈေတြ စတင္ခံယူေနရသူပါ။

အေမရိကန္ဂႏၴဝင္ဂိုးသမားႀကီး ေကဆီကယ္လာကေတာ့ တိုက္စစ္ကစားသမားေလး ပူလီဆစ္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ပြဲႀကီးပြဲေကာင္းတိုင္းမွာ အေကာင္းဆုံးကစားသမားျဖစ္ၿပီး ႀကံ့ခိုင္မႈအျပည့္အဝရွိေနကာ သင္ယူမႈေတြသာ ဆက္တိုက္ျပလုပ္ႏိုင္ခဲ့မယ္ဆိုရင္ ပိုေကာင္းတဲ့ ကစားသမားျဖစ္လာလိမ့္မယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ အေမရိကန္သားဟာ လက္ရွိအခ်ိန္မွာ ျခေသၤ့ျပာတို႔အတြက္ အေကာင္းဆုံးေျခစြမ္းေတြ ျပသေနသူပါ။

မၾကာေသးမီကမွ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ ကြင္းလယ္ကစားသမား မာကို ဗန္ဟင္ကယ္လ္ဟာ နည္းျပ လမ္းပတ္လက္ေအာက္မွာ အခြင့္အေရးရဖို႔ မရွိေသးတဲ့အတြက္ လာမဲ့ရာသီမွာလည္း အငွားထြက္ကစားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

လမ္းပတ္က ခ်ဲလ္ဆီးအသင္းနဲ႔ သတင္းေတြ ထြက္ေပၚေနတဲ့ ဒီကလန္႐ိုက္အေၾကာင္းကို သူ႔အေနနဲ႔ ေကာင္းေကာင္းသိၿပီး အဂၤလန္သားေလးဟာ ကစားသမားေကာင္း တစ္ဦးျဖစ္ေပမဲ့လည္း လက္ရွိအခ်ိန္မွာေတာ့ အေျပာင္းအေ႐ႊ႕အတြက္ တစ္စုံတစ္ရာ ခ်ိတ္ဆက္ေဆြးေႏြးမႈမ်ိဳး ရွိမေနေသးဘူးလို႔ အတည္ျပဳသြားခဲ့ပါတယ္။

Uni – လက်စတာအသင်းနဲ့ပွဲမှာ ခြေသလုံးကြွက်သားဒဏ်ရာရခဲ့တဲ့ ပူလီဆစ်နဲ့ နောက်ခံလူ ခရစ်စတီယန်ဆန်ရဲ့ ဒဏ်ရာအခြေအနေတွေကို စောင့်ကြည့်နေဆဲဖြစ်ပြီး လာမဲ့ပွဲမှာ ပါနိုင် မပါနိုင်ကို စောင့်ကြည့် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ နည်းပြဖရန့်ခ်လမ်းပတ်က အတည်ပြုသွားခဲ့ပါတယ်။ ပူလီဆစ်ရဲ့အခြေအနေဟာ ပွဲနေ့ကထက်တော့ ပိုကောင်း လာခဲ့ပြီဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ စာချုပ်သစ်ကို ငြင်းဆန်ကာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မဲ့ ကွင်းလယ်ကြယ်ပွင့်လေး အိန်ဂျယ်ဂိုးမက်စ်ကို ချဲလ်ဆီးအသင်း ခေါ်ယူမယ်ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ နည်းပြဖရန့်ခ်လမ်းပတ်က တုံ့ပြန်သွားခဲ့ပါတယ်။ အသက် ၁၉နှစ်သားလေးကို ခြင်္သေ့ပြာတို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး တီမိုဝါနာကတော့ သူ့အနေနဲ့ ဥရောပထိပ်တန်းကလပ်များစွာဆီကနေ ကမ်းလှမ်းမှုတွေ ရခဲ့ပြီး အဲဒီထဲကမှ ချဲလ်ဆီးအသင်းရဲ့ စီမံကိန်းတွေကို သဘောကျလို့သာ စတန်းဖို့ဒ်ဘရစ်ချ်ကို အရောက်လာခဲ့တာဖြစ်ကြောင်းနဲ့ သူ့အတွက် ငွေကြေးက အဓိကမကျကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်လေး ဘီလီဂေးမောလ်ရဲ့ လက်ရှိကစားဟန်နဲ့ပတ်သက်လို့ ဂန္ထဝင်ကြီး ပက်နယ်ဗင်က ကာကွယ်ပြောကြားခဲ့ပြီး ဘယ်သူမှ အခက်အခဲတွေကို မရင်ဆိုင်ရဘဲနဲ့ ထိပ်တန်းကစားသမားဖြစ်မလာဘူးလို့ ဆိုခဲ့ပါတယ်။ စကော့တလန်သားလေးဟာ လက်စတာနဲ့ပွဲမှာ ခြေစွမ်းမပြသနိုင်ဖြစ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ စတင်ခံယူနေရသူပါ။

အမေရိကန်ဂန္ထဝင်ဂိုးသမားကြီး ကေဆီကယ်လာကတော့ တိုက်စစ်ကစားသမားလေး ပူလီဆစ်ဟာ ချဲလ်ဆီးအသင်းရဲ့ ပွဲကြီးပွဲကောင်းတိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်ပြီး ကြံ့ခိုင်မှုအပြည့်အဝရှိနေကာ သင်ယူမှုတွေသာ ဆက်တိုက်ပြလုပ်နိုင်ခဲ့မယ်ဆိုရင် ပိုကောင်းတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ ချီးကျူးခဲ့ပါတယ်။ အမေရိကန်သားဟာ လက်ရှိအချိန်မှာ ခြင်္သေ့ပြာတို့အတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသနေသူပါ။

မကြာသေးမီကမှ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ကွင်းလယ်ကစားသမား မာကို ဗန်ဟင်ကယ်လ်ဟာ နည်းပြ လမ်းပတ်လက်အောက်မှာ အခွင့်အရေးရဖို့ မရှိသေးတဲ့အတွက် လာမဲ့ရာသီမှာလည်း အငှားထွက်ကစားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လမ်းပတ်က ချဲလ်ဆီးအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဒီကလန်ရိုက်အကြောင်းကို သူ့အနေနဲ့ ကောင်းကောင်းသိပြီး အင်္ဂလန်သားလေးဟာ ကစားသမားကောင်း တစ်ဦးဖြစ်ပေမဲ့လည်း လက်ရှိအချိန်မှာတော့ အပြောင်းအရွှေ့အတွက် တစ်စုံတစ်ရာ ချိတ်ဆက်ဆွေးနွေးမှုမျိုး ရှိမနေသေးဘူးလို့ အတည်ပြုသွားခဲ့ပါတယ်။