၀က္စ္ဟမ္းနဲ႕ ပြဲမတိုင္ခင္ ေနာက္ဆံုးရ ခ်ယ္ဆီး သတင္းတိုမ်ား (01/07/20)

ခ်ယ္ဆီး နည္းျပ လမ္းပတ္ကေတာ့ ကြင္းလယ္ကစားမားေလး ေမဆင္ေမာင့္ အေနနဲ႔ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္႐ိုက္နဲ႔ ခင္မင္မႈေတြကို ေမ့ထားၿပီး ဒီညပြဲမွာ တစ္ဦးခ်င္းရင္ဆိုင္မႈတိုင္းမွာ အလဲအထိုးႏိုင္ဖို႔ တြန္းအားေပးလိုက္ပါတယ္။

ခ်ယ္ဆီး အသင္းဟာ လာဇီယိုအသင္းရဲ႕ ကြင္းလယ္ကစားသမား မီလင္ကိုဗစ္-ဆာဗစ္ကို လာမဲ့ေႏြေဈးကြက္မွာ ေခၚယူႏိုင္ဖို႔ရာ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ လာဇီယိုအသင္းကေတာ့ အသက္ ၂၅ႏွစ္သားအတြက္ ေပါင္သန္း ၈၀ေလာက္ အလိုရွိေနပါတယ္။

ထိုအေျပာင္းအေ႐ႊ႕မွာ ဂႏၴဝင္ကစားသမားႀကီး မက္ေခလီလီက ၾကားဝင္ေဆာင္႐ြက္ေနကာ ႏွစ္သင္းၾကား သေဘာတူညီမႈရဖို႔အတြက္ အေျဖတစ္ခုရွာေဖြသြားဖို႔ ႀကိဳးစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ဝက္စ္ဟမ္းအသင္းဟာ ခ်ဲလ္ဆီးအသင္းရဲ႕ အသက္ ၂၁ႏွစ္အ႐ြယ္ တိုက္စစ္ကစားသမားေလး အိုက္ကီအီဂ္ဘိုကို ခရစ္စတယ္ပဲေလ့စ္အသင္းနဲ႔အၿပိဳင္ လာမဲ့ေႏြေဈးကြက္မွာ ေခၚယူသြားဖို႔ ႀကိဳးပမ္းေနေၾကာင္း Express သတင္းဌာနက ေဖာ္ျပထားပါတယ္။

ညာေနာက္ခံလူေနရာအတြက္ အာခ်ရက္ဖ္ဟာကီမီကို ပူပူေႏြးေႏြး ေခၚယူထားခဲ့ၿပီးျဖစ္တဲ့ အင္တာမီလန္အသင္းဟာ ဘယ္ေနာက္ခံလူေနရာအတြက္ ခ်ဲလ္ဆီးအသင္းရဲ႕ အီမာဆင္နဲ႔ အလြန္ဆိုတို႔ ႏွစ္ဦးထဲကတစ္ဦးကို အရေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။

ဒီေန႔မွာပဲ အသင္းနဲ႔ တရားဝင္ပူးေပါင္းခဲ့တဲ့ တိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ့ ဟာကင္မ္ဇီရက္ခ်္နဲ႔ တီမိုဗာနာတို႔ အေကာင္းဆုံးျဖစ္ေစဖို႔အတြက္ ကစားကြက္ပိုင္းကို ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း မေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

လာမဲ့ရာသီမွာ ဝတ္ဆင္သြားမဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ အိမ္ကြင္းဂ်ာစီကို ဒီေန႔မွာပဲ တရားဝင္ထုတ္ေဖာ္ျပသလိုက္ၿပီ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ရင္ဘတ္စပြန္ဆာ တံဆိပ္ဟာ ဒီဇိုင္းပိုင္းအရ ဆိုး႐ြားလွလြန္းတယ္ဆိုၿပီး ေဝဖန္ေနၾကပါတယ္။

Uni – ချယ်ဆီး နည်းပြ လမ်းပတ်ကတော့ ကွင်းလယ်ကစားမားလေး မေဆင်မောင့် အနေနဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်နဲ့ ခင်မင်မှုတွေကို မေ့ထားပြီး ဒီညပွဲမှာ တစ်ဦးချင်းရင်ဆိုင်မှုတိုင်းမှာ အလဲအထိုးနိုင်ဖို့ တွန်းအားပေးလိုက်ပါတယ်။

ချယ်ဆီး အသင်းဟာ လာဇီယိုအသင်းရဲ့ ကွင်းလယ်ကစားသမား မီလင်ကိုဗစ်-ဆာဗစ်ကို လာမဲ့နွေဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ရာ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ လာဇီယိုအသင်းကတော့ အသက် ၂၅နှစ်သားအတွက် ပေါင်သန်း ၈၀လောက် အလိုရှိနေပါတယ်။

ထိုအပြောင်းအရွှေ့မှာ ဂန္ထဝင်ကစားသမားကြီး မက်ခေလီလီက ကြားဝင်ဆောင်ရွက်နေကာ နှစ်သင်းကြား သဘောတူညီမှုရဖို့အတွက် အဖြေတစ်ခုရှာဖွေသွားဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ အသက် ၂၁နှစ်အရွယ် တိုက်စစ်ကစားသမားလေး အိုက်ကီအီဂ်ဘိုကို ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့အပြိုင် လာမဲ့နွေဈေးကွက်မှာ ခေါ်ယူသွားဖို့ ကြိုးပမ်းနေကြောင်း Express သတင်းဌာနက ဖော်ပြထားပါတယ်။

ညာနောက်ခံလူနေရာအတွက် အာချရက်ဖ်ဟာကီမီကို ပူပူနွေးနွေး ခေါ်ယူထားခဲ့ပြီးဖြစ်တဲ့ အင်တာမီလန်အသင်းဟာ ဘယ်နောက်ခံလူနေရာအတွက် ချဲလ်ဆီးအသင်းရဲ့ အီမာဆင်နဲ့ အလွန်ဆိုတို့ နှစ်ဦးထဲကတစ်ဦးကို အရခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဒီနေ့မှာပဲ အသင်းနဲ့ တရားဝင်ပူးပေါင်းခဲ့တဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဟာကင်မ်ဇီရက်ချ်နဲ့ တီမိုဗာနာတို့ အကောင်းဆုံးဖြစ်စေဖို့အတွက် ကစားကွက်ပိုင်းကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

လာမဲ့ရာသီမှာ ဝတ်ဆင်သွားမဲ့ ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းဂျာစီကို ဒီနေ့မှာပဲ တရားဝင်ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ရင်ဘတ်စပွန်ဆာ တံဆိပ်ဟာ ဒီဇိုင်းပိုင်းအရ ဆိုးရွားလှလွန်းတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။