ယေန႔ ေနာက္ဆံုးရ အာဆင္နယ္ သတင္းတိုမ်ား (30/06/20)

အာဆင္နယ္နဲ႔ ခ်ယ္ဆီးအသင္းတို႔က ပစ္မွတ္ထားတဲ့ၾကတဲ့ ပီအက္စ္ဂ်ီ ေနာက္ခံကစားသမား ကူဇာဝါဟာ လက္ရွိမွာေတာ့ ပီအက္စ္ဂ်ီ အသင္းနဲ႔ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

အာဆင္နယ္ နည္းျပ အာတီတာကေတာ့ ရွက္ဖီးလ္အသင္းကို အႏိုင္ယူႏိုင္ခဲ့တဲ့ FA ဖလား ကြာတားဖိုင္နယ္ပြဲစဥ္အၿပီးမွာေတာ့ အသင္းရဲ႕ေမွ်ာ္လင့္ခ်က္ဟာ FA ဖလားကို အရယူဖို႔ျဖစ္ၿပီး ဒီဖလားရရွိတဲ့လမ္းေၾကာင္းကေန ယူ႐ိုပါလိဂ္မွာ ဝင္ကစားဖို႔ ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ဂႏၴဝင္ကစားသမားႀကီး ေရးပါလာကေတာ့ သူ႔အေနနဲ႔ အသင္းေခါင္းေဆာင္တိုက္စစ္မႉး အူဘာမီယန္းတစ္ေယာက္ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုတာကို ျမင္ေတြ႕ရဖို႔ စိတ္အားထက္သန္ေနေပမဲ့ အသင္းထက္အေရးပါတာ ဘယ္သူမွမရွိဘူးဆိုၿပီးလည္း သတိေပးခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားေခၚယူထားခဲ့တဲ့ ကြင္းလယ္ကစားသမား ဆီးဘယ္ေလာ့ကို အၿပီးသတ္ ေခၚယူသြားမွာမဟုတ္ေၾကာင္း ၿဗိတိန္ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

ေဆာက္သမ္တန္အသင္းဟာ လာမဲ့ေႏြေဈးကြက္မွာ အာဆင္နယ္အသင္းကေန ထြက္ခြာဖြယ္ရွိေနတဲ့ လူငယ္တိုက္စစ္ၾကယ္ပြင့္ေလး ဖိုလာရင္ဘာလိုဂန္ကို ေခၚယူသြားဖို႔ ပစ္မွတ္ထားေနပါတယ္။ အသက္ ၁၈ႏွစ္သားေလးဟာ အသင္းႀကီးမွာ အခြင့္အေရးရရွိမႈနည္းပါးေနတာေၾကာင့္ ဂန္းနားတို႔ရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျငင္းဆန္ထားခဲ့သူ ျဖစ္ပါတယ္။

အာဆင္နယ္ ကစားသမား တဝက္ေလာက္က ကလပ္အတြက္ ကစားေပးဖို႔ မထိုက္တန္တာနဲ႔အတူ ဒီေႏြမွာ အသင္းကေန ဖယ္ရွားဖို႔ လိုအပ္တယ္လို႔ ေဒးဗစ္ ဘန္တေလက ဆိုပါတယ္။

အာဆင္နယ္အသင္းဟာ စပိန္ကလပ္ လီဗန္ေတးကြင္းလယ္ကစားသမား အန္းနစ္ဘာဒ္ဟီကို ေပါင္ ၁၈သန္းနဲ႔ ေခၚယူႏိုင္ဖို႔အတြက္ ကမ္းလွမ္းမႈျပဳခဲ့ၿပီျဖစ္ေၾကာင္း Mirror သတင္းဌာနက ေဖာ္ျပထားပါတယ္။ မက္ဆီဒိုးနီးယားသားဟာ ကြင္းလယ္ဗဟို၊ ကြင္းလယ္တိုက္စစ္နဲ႔ ေတာင္ပံတိုက္စစ္ေတြမွာ ကစားႏိုင္သူ ျဖစ္ပါတယ္။

အာဆင္နယ္အသင္း ပစ္မွတ္ထားေနတဲ့ ကြင္းလယ္ကစားသမား ေသာမတ္စ္ပါေတးဟာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ အရည္အေသြးျပည့္ဝသူျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးအသားက်သြားလိမ့္မယ္လို႔ အသင္းေဖာ္ စပါးေနာက္ခံလူေဟာင္း ကီရင္ထရစ္ပီယာက ခ်ီးက်ဴးခဲ့ပါတယ္။ ဂန္းနားတို႔ဟာ ဂါနာသားကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅သန္း ေပးေခ်ေခၚယူဖို႔ ႀကိဳးစားေနပါတယ္။

အမွားမ်ားေနတဲ့ ဗဟိုေနာက္ခံလူ ေဒးဗစ္လူးဝစ္ကို နည္းျပအာတီတာအေနနဲ႔ ကြင္းလယ္ခံစစ္ေနရာမွာ အသုံးျပဳသြားသင့္တယ္လို႔လည္း ဂႏၴဝင္ကစားသမားႀကီး ေရးပါလာက မွတ္ခ်က္ျပဳ သုံးသပ္သြားပါေသးတယ္။ ဘရာဇီးလ္သားဟာ ရွက္ဖီးလ္ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ ဒဏ္ရာရခဲ့ေပမဲ့ မနက္ျဖန္မွာ ကစားမဲ့ ေနာဝစ္ခ်္နဲ႔ပြဲမွာ ျပန္လည္ပါဝင္လာႏိုင္ေျခ ရွိေနပါတယ္။

Uni – အာဆင်နယ်နဲ့ ချယ်ဆီးအသင်းတို့က ပစ်မှတ်ထားတဲ့ကြတဲ့ ပီအက်စ်ဂျီ နောက်ခံကစားသမား ကူဇာဝါဟာ လက်ရှိမှာတော့ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သစ်ကို ချုပ်ဆိုသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာကတော့ ရှက်ဖီးလ်အသင်းကို အနိုင်ယူနိုင်ခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာတော့ အသင်းရဲ့မျှော်လင့်ချက်ဟာ FA ဖလားကို အရယူဖို့ဖြစ်ပြီး ဒီဖလားရရှိတဲ့လမ်းကြောင်းကနေ ယူရိုပါလိဂ်မှာ ဝင်ကစားဖို့ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဂန္ထဝင်ကစားသမားကြီး ရေးပါလာကတော့ သူ့အနေနဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်းတစ်ယောက် အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုတာကို မြင်တွေ့ရဖို့ စိတ်အားထက်သန်နေပေမဲ့ အသင်းထက်အရေးပါတာ ဘယ်သူမှမရှိဘူးဆိုပြီးလည်း သတိပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားခေါ်ယူထားခဲ့တဲ့ ကွင်းလယ်ကစားသမား ဆီးဘယ်လော့ကို အပြီးသတ် ခေါ်ယူသွားမှာမဟုတ်ကြောင်း ဗြိတိန် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဆောက်သမ်တန်အသင်းဟာ လာမဲ့နွေဈေးကွက်မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ လူငယ်တိုက်စစ်ကြယ်ပွင့်လေး ဖိုလာရင်ဘာလိုဂန်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပါတယ်။ အသက် ၁၈နှစ်သားလေးဟာ အသင်းကြီးမှာ အခွင့်အရေးရရှိမှုနည်းပါးနေတာကြောင့် ဂန်းနားတို့ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ထားခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမား တဝက်လောက်က ကလပ်အတွက် ကစားပေးဖို့ မထိုက်တန်တာနဲ့အတူ ဒီနွေမှာ အသင်းကနေ ဖယ်ရှားဖို့ လိုအပ်တယ်လို့ ဒေးဗစ် ဘန်တလေက ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ စပိန်ကလပ် လီဗန်တေးကွင်းလယ်ကစားသမား အန်းနစ်ဘာဒ်ဟီကို ပေါင် ၁၈သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှုပြုခဲ့ပြီဖြစ်ကြောင်း Mirror သတင်းဌာနက ဖော်ပြထားပါတယ်။ မက်ဆီဒိုးနီးယားသားဟာ ကွင်းလယ်ဗဟို၊ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတိုက်စစ်တွေမှာ ကစားနိုင်သူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးဟာ မယုံနိုင်စရာကောင်းလောက်အောင် အရည်အသွေးပြည့်ဝသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသားကျသွားလိမ့်မယ်လို့ အသင်းဖော် စပါးနောက်ခံလူဟောင်း ကီရင်ထရစ်ပီယာက ချီးကျူးခဲ့ပါတယ်။ ဂန်းနားတို့ဟာ ဂါနာသားကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅သန်း ပေးချေခေါ်ယူဖို့ ကြိုးစားနေပါတယ်။

အမှားများနေတဲ့ ဗဟိုနောက်ခံလူ ဒေးဗစ်လူးဝစ်ကို နည်းပြအာတီတာအနေနဲ့ ကွင်းလယ်ခံစစ်နေရာမှာ အသုံးပြုသွားသင့်တယ်လို့လည်း ဂန္ထဝင်ကစားသမားကြီး ရေးပါလာက မှတ်ချက်ပြု သုံးသပ်သွားပါသေးတယ်။ ဘရာဇီးလ်သားဟာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့ပေမဲ့ မနက်ဖြန်မှာ ကစားမဲ့ နောဝစ်ချ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်ခြေ ရှိနေပါတယ်။