အာဆင္နယ္ Vs ေနာ၀စ္ခ်္စီးတီး ပရီးမီးယားလိဂ္ ပြဲအတြက္ မိုက္ကယ္အို၀င္ သံုးသပ္ခန္႔မွန္း

အာဆင္နယ္ နဲ႕ ေနာ၀စ္ခ်္စီးတီး ပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ရဲ႕ သံုးသပ္ခ်က္ေတြ ထြက္ရွိေနျပီ ျဖစ္ပါတယ္။ ဒီပြဲ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၁ ရက္ (ဗုဒၶၶဟူးေန႔) ည ၁၁း၃၀ နာရီ၊ အမ္းမရိတ္ကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။

” ပရီးမီးယားလိဂ္မွာ ရွံဳးပြဲ ဆက္ခဲ့တဲ့ အာဆင္နယ္က ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ ေမွ်ာ္လင့္ခြင့္ကိုေတာင္ လက္လႊတ္လိုက္ရလု နီးပါး ရွိျပီးမွာ နုိင္ပြဲလမ္းေၾကာင္းေပၚ ျပန္စေရာက္လာခဲ့ပါျပီ။ ေဆာက္သမ္တန္ကို ၂-၀ နဲ႕ အေ၀းကြင္းမွာ နုိင္ပြဲ ယူျပီး အာဆင္နယ္ ျပန္လည္ ရုန္းထနုိင္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ ဆယ္စုနွစ္ ဒါမွမဟုတ္ ဒီတေလာနွစ္ေတြ အတြင္းမွာ အာဆင္နယ္က ပရီးမီးယားလိဂ္မွာ ဆို အသင္းၾကီးေတြခ်င္း ဆံုရင္ ရုန္းကန္ရျပီး အေ၀းကြင္းမွာဆိုရင္ေတာ့ ဘယ္အသင္းနဲ႕ မဆို ဒုကၡမ်ားေနတာ ေတြ႔ရပါတယ္။ ဒါ့အျပင္ အမ္းမရိတ္မွာလည္း အရွိန္က ကုန္သေလာက္ ျဖစ္ျပီး သူတို႔ နုိင္တဲ့ အသင္းေတြ ဆိုလို႔ ဇယား ေအာက္နားက ရုန္းကန္ေနတဲ့ အသင္းေတြကိုသာ အိမ္ကြင္းမွာ အနိုင္ယူနုိ္ငတာ ျဖစ္ပါတယ္။

ဒီပြဲမွာေတာ့ အာဆင္နယ္ရဲ႕ ျပိဳင္ဘက္အသင္းက အမွတ္ေပးဇယားမွာ ဒိထက္ နိမ့္စရာလည္း မရွိေတာ့တဲ့ ေအာက္ဆံုးက အသင္း ျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ အာဆင္နယ္ အိမ္ကြင္းမွာ အနုိင္ ယူမယ္ဆိုတာကလြဲျပီး တျခား ရလဒ မျမင္မိပါဘူး။ ေနာ၀စ္ဟာ ပြဲက်န္ ကစားဖို႔ ၇ ပြဲက်န္ေသးသည့္တိုင္ ယံုၾကည္မႈက က်ဆင္းေနပါျပီ။ ပြဲေတြ ျပန္စလို႔ ကစားထားတဲ့ နွစ္ပြဲမွာ ေနာ၀စ္ခ်္ရဲ႕ ဂိုးေပါက္တည့္တဲ့ အၾကိမ္ကလည္း ၂ ၾကိမ္သာ ရွိပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ အနည္းဆံုး နွစ္ဂိုးျပတ္နဲ႕ အာဆင္နယ္ အနိုင္ ျဖစ္ပါတယ္။

Uni – အာဆင်နယ် နဲ့ နောဝစ်ချ်စီးတီး ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်တွေ ထွက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီပွဲ ပွဲချိန်ကတော့ ဇူလိုင် ၁ ရက် (ဗုဒ္ဓ္ဓဟူးနေ့) ည ၁၁း၃၀ နာရီ၊ အမ်းမရိတ်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

” ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ဆက်ခဲ့တဲ့ အာဆင်နယ်က ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ မျှော်လင့်ခွင့်ကိုတောင် လက်လွှတ်လိုက်ရလု နီးပါး ရှိပြီးမှာ နိုင်ပွဲလမ်းကြောင်းပေါ် ပြန်စရောက်လာခဲ့ပါပြီ။ ဆောက်သမ်တန်ကို ၂-၀ နဲ့ အဝေးကွင်းမှာ နိုင်ပွဲ ယူပြီး အာဆင်နယ် ပြန်လည် ရုန်းထနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ဒါမှမဟုတ် ဒီတလောနှစ်တွေ အတွင်းမှာ အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ဆို အသင်းကြီးတွေချင်း ဆုံရင် ရုန်းကန်ရပြီး အဝေးကွင်းမှာဆိုရင်တော့ ဘယ်အသင်းနဲ့ မဆို ဒုက္ခများနေတာ တွေ့ရပါတယ်။ ဒါ့အပြင် အမ်းမရိတ်မှာလည်း အရှိန်က ကုန်သလောက် ဖြစ်ပြီး သူတို့ နိုင်တဲ့ အသင်းတွေ ဆိုလို့ ဇယား အောက်နားက ရုန်းကန်နေတဲ့ အသင်းတွေကိုသာ အိမ်ကွင်းမှာ အနိုင်ယူနိုငတာ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ အာဆင်နယ်ရဲ့ ပြိုင်ဘက်အသင်းက အမှတ်ပေးဇယားမှာ ဒိထက် နိမ့်စရာလည်း မရှိတော့တဲ့ အောက်ဆုံးက အသင်း ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ် အိမ်ကွင်းမှာ အနိုင် ယူမယ်ဆိုတာကလွဲပြီး တခြား ရလဒ မမြင်မိပါဘူး။ နောဝစ်ဟာ ပွဲကျန် ကစားဖို့ ၇ ပွဲကျန်သေးသည့်တိုင် ယုံကြည်မှုက ကျဆင်းနေပါပြီ။ ပွဲတွေ ပြန်စလို့ ကစားထားတဲ့ နှစ်ပွဲမှာ နောဝစ်ချ်ရဲ့ ဂိုးပေါက်တည့်တဲ့ အကြိမ်ကလည်း ၂ ကြိမ်သာ ရှိပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ အနည်းဆုံး နှစ်ဂိုးပြတ်နဲ့ အာဆင်နယ် အနိုင် ဖြစ်ပါတယ်။