၀က္စ္ဟမ္း Vs ခ်ယ္ဆီး ပရီးမီးယားလိဂ္ ပြဲအတြက္ မိုက္ကယ္အို၀င္ သံုးသပ္ခန္႔မွန္း

အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ေရာက္ရွိသြားျပီ ျဖစ္တဲ့ ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲေတြဘက္ ျပန္လွည့္ဖို႔ ရွိေနျပီး ဒီတစ္ပတ္မွာေတာ့ လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ခ်င္း ျဖစ္တဲ့ ၀က္စ္ဟမ္း အသင္းနဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနပါတယ္။ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၂ ရက္ (ၾကာသပေတးေန႔) နံနက္ ၁း၄၅ နာရီ၊ ၀က္စ္ဟမး္ရဲ႕ လန္ဒန္ကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။

ဒီပြဲ အတြက္ နာမည္ေက်ာ္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း ျဖစ္တဲ့ မိုက္ကယ္အို၀င္က သံုးသပ္ခန္႔မွန္းမႈေတြ အခုလို ျပဳလုပ္ထားပါတယ္။

” ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ ပြဲမွာ ၀က္စ္ဟမ္းက ၅ ဂိုးထိ ေပးထားျပီးတဲ့ေနာက္ အမွတ္ေပးဇယားမွာလည္း သူ႔ေအာက္မွာ သံုးသင္းသာ က်န္တဲ့ အထိ ယိုင္နဲ႕လာပါတယ္။ တဖက္မွာေတာ့ ဖရန္႔လမ္းပတ္ဟာ ခ်ယ္ဆီးအသင္းရဲ႕ အေျပာင္းအေရႊ႕ပိတ္ခံရတဲ့ ျပစ္ဒဏ္ကို အသံုးခ်ျပီး အကယ္ဒမီ ကစားသမားေတြကို ေနရာေပးကာ အသင္းကို တြန္းတင္ေနပါတယ္။

လမ္းပတ္ ဒီရာသီ စီနီယာအသင္းၾကီးမွာ ကစားခြင့္ ေပးထားတဲ့ လူငယ္ ကစားသမား ၁၂ ေယာက္ထိ ရွိထားျပီး စိတ္၀င္စားစရာ ေခတ္သစ္ကို ျမင္ေနရပါတယ္။ ျပီးခဲ့တဲ့ အပတ္ကလည္း မန္စီးတီးကို ရင္ဆိုင္ ကစားသြားျပီး ၂-၁ နဲ႕ အနိုင္ယူကာ ပြဲေကာင္း တစ္ပြဲလည္း ျဖစ္ပါတယ္။ ဒီတစ္ပတ္ ၀က္စ္ဟမ္းနဲ႕ လန္ဒန္ ဒါဘီအတြက္ ခ်ယ္ဆီးကေတာ့ ယံုၾကည္မႈ အျပည့္နဲ႕ ကစားမွာ ျဖစ္ပါတယ္။

၀က္စ္ဟမ္း အေနနဲ႕ကေတာ့ ျပီးခဲ့တဲ့ နုိ၀င္ဘာ ခ်ယ္ဆီးကို စတန္းဖို႔ဘရစ္ခ်္မွာ ဆံုခဲ့တဲ့ ရလဒ္ပဲ ျပန္ျမင္ရဖို႔သာ ေမွ်ာ္လင့္ေနေလာက္ပါတယ္။ ထိုပြဲမွာ ၀က္စ္ဟမ္းက ခရက္စ္၀ဲလ္ရဲ႕ သြင္းဂိုး တစ္ဂိုးတည္းနဲ႕ အနုိင္ရခဲ့တာ ျဖစ္ပါတယ္။ ဒီတစ္ၾကိမ္ပြဲမွာေတာ့ ခ်ယ္ဆီးက ၀က္စ္ဟမ္းရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ႕ို ရိုက္ခ်ိဳးျပီး မိုယက္စ္ ပခံုးေပၚ ၀န္ထုပ္၀န္ပိုးေတြ တင္ေပးခဲ့နုိင္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ ၀က္စ္ဟမ္း ၁-၂ ခ်ယ္ဆီး (သို႔မဟုတ္) နွစ္သင္းေပါင္း သြင္းဂိုး အမ်ားနဲ႕ ခ်ယ္ဆီး အနုိင္ ျဖစ္ပါတယ္။

Uni – အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ရောက်ရှိသွားပြီ ဖြစ်တဲ့ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲတွေဘက် ပြန်လှည့်ဖို့ ရှိနေပြီး ဒီတစ်ပတ်မှာတော့ လန်ဒန်မြို့ခံ ပြိုင်ဘက်ချင်း ဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ ပွဲချိန်ကတော့ ဇူလိုင် ၂ ရက် (ကြာသပတေးနေ့) နံနက် ၁း၄၅ နာရီ၊ ဝက်စ်ဟမ်းရဲ့ လန်ဒန်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဒီပွဲ အတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ မိုက်ကယ်အိုဝင်က သုံးသပ်ခန့်မှန်းမှုတွေ အခုလို ပြုလုပ်ထားပါတယ်။

” ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ဝက်စ်ဟမ်းက ၅ ဂိုးထိ ပေးထားပြီးတဲ့နောက် အမှတ်ပေးဇယားမှာလည်း သူ့အောက်မှာ သုံးသင်းသာ ကျန်တဲ့ အထိ ယိုင်နဲ့လာပါတယ်။ တဖက်မှာတော့ ဖရန့်လမ်းပတ်ဟာ ချယ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ပိတ်ခံရတဲ့ ပြစ်ဒဏ်ကို အသုံးချပြီး အကယ်ဒမီ ကစားသမားတွေကို နေရာပေးကာ အသင်းကို တွန်းတင်နေပါတယ်။

လမ်းပတ် ဒီရာသီ စီနီယာအသင်းကြီးမှာ ကစားခွင့် ပေးထားတဲ့ လူငယ် ကစားသမား ၁၂ ယောက်ထိ ရှိထားပြီး စိတ်ဝင်စားစရာ ခေတ်သစ်ကို မြင်နေရပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း မန်စီးတီးကို ရင်ဆိုင် ကစားသွားပြီး ၂-၁ နဲ့ အနိုင်ယူကာ ပွဲကောင်း တစ်ပွဲလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ် ဝက်စ်ဟမ်းနဲ့ လန်ဒန် ဒါဘီအတွက် ချယ်ဆီးကတော့ ယုံကြည်မှု အပြည့်နဲ့ ကစားမှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း အနေနဲ့ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ချယ်ဆီးကို စတန်းဖို့ဘရစ်ချ်မှာ ဆုံခဲ့တဲ့ ရလဒ်ပဲ ပြန်မြင်ရဖို့သာ မျှော်လင့်နေလောက်ပါတယ်။ ထိုပွဲမှာ ဝက်စ်ဟမ်းက ခရက်စ်ဝဲလ်ရဲ့ သွင်းဂိုး တစ်ဂိုးတည်းနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ပွဲမှာတော့ ချယ်ဆီးက ဝက်စ်ဟမ်းရဲ့ မျှော်လင့်ချက်တွေ့ို ရိုက်ချိုးပြီး မိုယက်စ် ပခုံးပေါ် ဝန်ထုပ်ဝန်ပိုးတွေ တင်ပေးခဲ့နိုင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ဝက်စ်ဟမ်း ၁-၂ ချယ်ဆီး (သို့မဟုတ်) နှစ်သင်းပေါင်း သွင်းဂိုး အများနဲ့ ချယ်ဆီး အနိုင် ဖြစ်ပါတယ်။