လက္စတာ Vs ခ်ယ္ဆီး အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပြဲအတြက္ အို၀င္ခန္႔မွန္း

လက္စတာ Vs ခ်ယ္ဆီး အသင္းတို႔ရဲ႕ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပြဲဟာ မနပ့္ဖန္ ဇြန္ ၂၈ ရက္ (တနဂၤေႏြေန႔) ည ၉း၃၀ နာရီ၊ ကင္းပါ၀င္ ကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က အခုလုိ သံုးသပ္ ခန္႔မွန္း္ထားပါတယ္။

” လက္စတာ စီးတီးဟာ ခ်န္ပီယံရွစ္ကလပ္ ဘာမင္ဂမ္စီးတီးကို ကင္းပါ၀ါမွာ ခက္ခက္ခဲခဲ ရင္ဆုိင္ျပီး ၁-၀ နဲ႕ အနိုင္ယူကာ ကြာတား ေရာက္လာခဲ့တာပါ။ ခ်ယ္ဆီး ကေတာ့ လီဗာပူးအသင္းကို ၂-၀ နဲ႕ အနိုင္ယူခဲ့တာ ျဖစ္ပါတယ္။ နွစ္သင္းလံုးကေတာ့ ဒီရာသီမွာ အထင္ၾကီးေလာက္ဖြယ္ အစြမ္းေတြ ျပထားတဲ့ အသင္းေတြ ျဖစ္ပါတယ္။

ဘရန္ဒန္ေရာ္ဂ်ာက လက္စတာကို ေကာင္းစြာ ကိုင္တြယ္ေနျပီး အသင္းဆီကေန ရနုိင္သေလာက္ အေကာင္းဆံုးေတြ ဆြဲထုတ္နိုင္ေနပါတယ္။ ေျမေခြးေတြက ပရီးမီးယားလိဂ္ ဖလားရတဲ့ ရာသီေနာက္ပိုင္း သူတို႔ရဲ႕ အေကာင္းဆံုး ေဘာလံုးရာသီ ပို္င္ဆိုင္ေနတာ ျဖစ္ပါတယ္။ ေနာက္ရာသီ အတြက္လည္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ ပိုင္ဆိုင္ျပီး ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းကေတာ့ အေျပာင္းအေရႊ႕ ပိတ္ျပစ္ဒဏ္ေၾကာင့္ အကန္႔အသတ္ေတြ ၾကားက လႈပ္ရွားခဲ့ရတာပါ။ ဒါေပမယ့္ သူတို႔ကေတာ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာကို ယူနိုင္တဲ့ အေနအထား ေကာင္း ရွိထားျပီး ျဖစ္ပါတယ္။ ဒီရာသီက သူတို႔ အတြက္ ေဘာလံုး ရာသီ ေကာင္း လို႕ ဆိုနုိင္ပါတယ္။ ခ်ယ္ဆီးဟာ အက္ဖ္ေအ ဖလား ျပိဳင္ပြဲမွာေတာ့ လက္စတာနဲ႕ ေနာက္ဆံုး ကစားထားတဲ့ ၆ ပြဲမွာ နုိင္ပြဲ ၁ ပြဲသာ ရယူထားနုိင္ပါတယ္။

၂၀၁၈ တုန္းကလည္း ကြာတား အဆင့္မွာ ဒီနွစ္သင္း ဆံုခဲ့ၾကတာ ျဖစ္ျပီး ခ်ယ္ဆီးက အခ်ိန္ပိုမွာ သြင္းတဲ့ ဂိုးနဲ႕ ၂-၁ နဲ႕ အနုိင္ယူကာ ေနာက္တစ္ဆင့္ တက္သြားတာ ျဖစ္ပါတယ္။ ဒီတစ္ပြဲမွာလည္း က်ေနာ္ တူညီတဲ့ ရလဒ္မ်ိဳး ထြက္မယ္ ထင္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ လက္စတာ ၁-၂ ခ်ယ္ဆီး။

Uni – လက်စတာ Vs ချယ်ဆီး အသင်းတို့ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲဟာ မနပ့်ဖန် ဇွန် ၂၈ ရက် (တနင်္ဂနွေနေ့) ည ၉း၃၀ နာရီ၊ ကင်းပါဝင် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” လက်စတာ စီးတီးဟာ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်စီးတီးကို ကင်းပါဝါမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ပြီး ၁-၀ နဲ့ အနိုင်ယူကာ ကွာတား ရောက်လာခဲ့တာပါ။ ချယ်ဆီး ကတော့ လီဗာပူးအသင်းကို ၂-၀ နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းလုံးကတော့ ဒီရာသီမှာ အထင်ကြီးလောက်ဖွယ် အစွမ်းတွေ ပြထားတဲ့ အသင်းတွေ ဖြစ်ပါတယ်။

ဘရန်ဒန်ရော်ဂျာက လက်စတာကို ကောင်းစွာ ကိုင်တွယ်နေပြီး အသင်းဆီကနေ ရနိုင်သလောက် အကောင်းဆုံးတွေ ဆွဲထုတ်နိုင်နေပါတယ်။ မြေခွေးတွေက ပရီးမီးယားလိဂ် ဖလားရတဲ့ ရာသီနောက်ပိုင်း သူတို့ရဲ့ အကောင်းဆုံး ဘောလုံးရာသီ ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ နောက်ရာသီ အတွက်လည်း ချန်ပီယံလိဂ် ဝင်ခွင့် ပိုင်ဆိုင်ပြီး ဖြစ်ပါတယ်။

ချယ်ဆီးအသင်းကတော့ အပြောင်းအရွှေ့ ပိတ်ပြစ်ဒဏ်ကြောင့် အကန့်အသတ်တွေ ကြားက လှုပ်ရှားခဲ့ရတာပါ။ ဒါပေမယ့် သူတို့ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာကို ယူနိုင်တဲ့ အနေအထား ကောင်း ရှိထားပြီး ဖြစ်ပါတယ်။ ဒီရာသီက သူတို့ အတွက် ဘောလုံး ရာသီ ကောင်း လို့ ဆိုနိုင်ပါတယ်။ ချယ်ဆီးဟာ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာတော့ လက်စတာနဲ့ နောက်ဆုံး ကစားထားတဲ့ ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရယူထားနိုင်ပါတယ်။

၂၀၁၈ တုန်းကလည်း ကွာတား အဆင့်မှာ ဒီနှစ်သင်း ဆုံခဲ့ကြတာ ဖြစ်ပြီး ချယ်ဆီးက အချိန်ပိုမှာ သွင်းတဲ့ ဂိုးနဲ့ ၂-၁ နဲ့ အနိုင်ယူကာ နောက်တစ်ဆင့် တက်သွားတာ ဖြစ်ပါတယ်။ ဒီတစ်ပွဲမှာလည်း ကျနော် တူညီတဲ့ ရလဒ်မျိုး ထွက်မယ် ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ လက်စတာ ၁-၂ ချယ်ဆီး။