ယေန႔ နံနက္္ခင္း ခ်ယ္ဆီး သတင္းတိုမ်ား (24/06/20)

ဝါရင့္ တိုက္စစ္သမားေတြျဖစ္ၾကတဲ့ ပယ္ဒ႐ိုနဲ႔ ဝီလီယံတို႔ နွစ္ဦးစလုံးဟာ ခ်ယ္ဆီးအသင္းမွာ ရာသီကုန္အထိ ဆက္လက္ ရွိေနဖို႔အတြက္ ကာလတို စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီခဲ့ပါတယ္။ ေတာင္ပံတိုက္စစ္ ကစားသမားႏွစ္ဦးစလုံးဟာ ရာသီကုန္မွသာ စတန္းဖို႔ဒ္ဘရစ္ခ်္ ကေန ထြက္ခြာေတာ့မွာပါ။

ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ညိဳဟာ လာမဲ့အေျပာင္းအေ႐ႊ႕ေဈးကြက္ရဲ႕ မေရရာမေသခ်ာတဲ့ အေျခအေနေတြေၾကာင့္ ဂ်ဴဗင္တပ္အသင္းထံ မေျပာင္းျဖစ္ဘဲ ခ်ယ္ဆီးအသင္းမွာပဲ ဆက္ရွိသြားမယ္လို႔ ေအးဂ်င့္ျဖစ္သူ အတည္ျပဳသြားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဗဟိုေနာက္ခံလူေနရာကို အင္အားျဖည့္တင္းဖို႔ စီစဥ္လာၿပီး ရက္ဘူးလ္လိုက္ပ္ဇစ္အသင္းမွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ ျပင္သစ္သား အူပါမီကာႏိုကို ေခၚယူသြားႏိုင္ဖို႔ ပစ္မွတ္ထားေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

နည္းျပဖရန္႕ လမ္းပတ္ဟာ အက္စ္တြန္ဗီလာ အသင္းနဲ႔ ပြဲစဥ္က ကြင္းလယ္ကစားသမား အန္ဂိုလို ကန္ေတရဲ႕ ေျခစြမ္းကို အားရေက်နပ္ေနၿပီး လာမဲ့ရာသီမွာလည္း ျပင္သစ္သားကို စတန္းဖို႔ဒ္ဘရစ္ခ်္မွာသာ ဆက္လက္ထားရွိသြားဖို႔ ဆုံးျဖတ္ထားေၾကာင္း လန္ဒန္သတင္းေတြက ေဖာ္ျပထားပါတယ္။

ဗဟိုေနာက္ခံလူ တိုနီ ႐ူဒီဂါကေတာ့ သူ႔အေနနဲ႔ ရက္ဘူးလ္လိုက္ပ္ဇစ္တိုက္စစ္မႉး တီမိုဗာနာကို ခ်ယ္ဆီးအသင္း ေခၚယူႏိုင္ဖို႔ရာ ေလာ့ခ္ေဒါင္း ကာလအတြင္း ဆက္သြယ္ စည္း႐ုံးသိမ္းသြင္းမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ဖြင့္ဟေျပာၾကားလာခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာဟာ ဂ်ာမန္ကလပ္ ေလဗာကူဆင္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမားေလး ကိုင္းဟားဗက္ဇ္ကို လာမဲ့ေႏြေဈးကြက္မွာ ေခၚယူႏိုင္ဖို႔ရာ ေဆြးေႏြးမႈေတြ ဆက္လက္ျပဳလုပ္ေနဆဲျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။ ေလဗာကူဆင္အသင္းဘက္ကေတာ့ ဂ်ာမန္သားေလးအတြက္ ေပါင္သန္း ၉၀ ေလာက္ အလိုရွိေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ကြင္းလယ္ၾကယ္ပြင့္ေလး ေဘလီေဂးေမာလ္ ကစားခ်င္တဲ့ အိပ္မက္ကလပ္အသင္းျဖစ္တယ္လို႔ ခ်ယ္ဆီးအသင္းသားေဟာင္း ဂက္စ္ပိုရက္က ေျပာၾကားခဲ့ပါတယ္။ စေကာ့တလန္သားေလးဟာ စတန္းဖို႔ဒ္ဘရစ္ခ်္ေျမမွာ ကမာၻ႔အဆင့္ကစားသမား ျဖစ္လာလိမ့္မယ္လို႔လည္း ၄င္းက မွတ္ခ်က္ျပဳခဲ့ပါတယ္။

Uni – ဝါရင့် တိုက်စစ်သမားတွေဖြစ်ကြတဲ့ ပယ်ဒရိုနဲ့ ဝီလီယံတို့ နှစ်ဦးစလုံးဟာ ချယ်ဆီးအသင်းမှာ ရာသီကုန်အထိ ဆက်လက် ရှိနေဖို့အတွက် ကာလတို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီခဲ့ပါတယ်။ တောင်ပံတိုက်စစ် ကစားသမားနှစ်ဦးစလုံးဟာ ရာသီကုန်မှသာ စတန်းဖို့ဒ်ဘရစ်ချ် ကနေ ထွက်ခွာတော့မှာပါ။

ကွင်းလယ်ကစားသမား ဂျော်ဂျင်ညိုဟာ လာမဲ့အပြောင်းအရွှေ့ဈေးကွက်ရဲ့ မရေရာမသေချာတဲ့ အခြေအနေတွေကြောင့် ဂျူဗင်တပ်အသင်းထံ မပြောင်းဖြစ်ဘဲ ချယ်ဆီးအသင်းမှာပဲ ဆက်ရှိသွားမယ်လို့ အေးဂျင့်ဖြစ်သူ အတည်ပြုသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဗဟိုနောက်ခံလူနေရာကို အင်အားဖြည့်တင်းဖို့ စီစဉ်လာပြီး ရက်ဘူးလ်လိုက်ပ်ဇစ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ပြင်သစ်သား အူပါမီကာနိုကို ခေါ်ယူသွားနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

နည်းပြဖရန့် လမ်းပတ်ဟာ အက်စ်တွန်ဗီလာ အသင်းနဲ့ ပွဲစဉ်က ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေရဲ့ ခြေစွမ်းကို အားရကျေနပ်နေပြီး လာမဲ့ရာသီမှာလည်း ပြင်သစ်သားကို စတန်းဖို့ဒ်ဘရစ်ချ်မှာသာ ဆက်လက်ထားရှိသွားဖို့ ဆုံးဖြတ်ထားကြောင်း လန်ဒန်သတင်းတွေက ဖော်ပြထားပါတယ်။

ဗဟိုနောက်ခံလူ တိုနီ ရူဒီဂါကတော့ သူ့အနေနဲ့ ရက်ဘူးလ်လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဗာနာကို ချယ်ဆီးအသင်း ခေါ်ယူနိုင်ဖို့ရာ လော့ခ်ဒေါင်း ကာလအတွင်း ဆက်သွယ် စည်းရုံးသိမ်းသွင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာဟာ ဂျာမန်ကလပ် လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားလေး ကိုင်းဟားဗက်ဇ်ကို လာမဲ့နွေဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ရာ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ လေဗာကူဆင်အသင်းဘက်ကတော့ ဂျာမန်သားလေးအတွက် ပေါင်သန်း ၉၀ လောက် အလိုရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ ကွင်းလယ်ကြယ်ပွင့်လေး ဘေလီဂေးမောလ် ကစားချင်တဲ့ အိပ်မက်ကလပ်အသင်းဖြစ်တယ်လို့ ချယ်ဆီးအသင်းသားဟောင်း ဂက်စ်ပိုရက်က ပြောကြားခဲ့ပါတယ်။ စကော့တလန်သားလေးဟာ စတန်းဖို့ဒ်ဘရစ်ချ်မြေမှာ ကမ္ဘာ့အဆင့်ကစားသမား ဖြစ်လာလိမ့်မယ်လို့လည်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။