ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရမယ့္ ျပင္သစ္သားခံစစ္မွဴးကို ခ်ယ္ဆီးနဲ႕ အာဆင္နယ္တို႔ အျပိဳင္လုဖြယ္ရွိ

လက္ရွိ ဇြန္လကုန္ရင္ ကလပ္အသင္းေတြနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးၾကေတာ့မယ့္ ကစားသမားေတြ အမ်ားအျပားရွိ ေနျပီး ကာလတို သက္တမ္းေတာင္ မတိုးေတာ့လဲ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ထြက္မယ့္ ကစားသမားေတြ ရွိေနပါတယ္။ ဒီထဲမွာ ပီအက္စ္ဂ်ီအသင္းမွ ဘယ္ေနာက္ခံ ကစားသမား ကာဇာဝါလည္း ပါဝင္ေနပါတယ္။

၄င္းကို ေခၚယူဖို႔အတြက္ အာဆင္နယ္အသင္းကေန စိတ္ဝင္စားမႈ အရင္ဆုံးျပသခဲ့တာျဖစ္ၿပီး အခုဆိုရင္ ဘယ္ျခမ္း ခံစစ္ေနရာအတြက္ ကစားသမားသစ္ ရွာေဖြေနတဲ့ ခ်ယ္ဆီးအသင္းကပါ ကာဇာဝါကို စတင္ ပစ္မွတ္ထားလာခဲ့တယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးအသင္းဟာ သူတို႔ရဲ႕ ဘယ္ျခမ္းခံစစ္ပိုင္းအတြက္ လက္စတာအသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ ေနာက္ခံအစြန္လူ ဘန္ခ်ီဝဲလ္ကို အဓိက ပစ္မွတ္ထားခဲ့တာျဖစ္ေပမယ့္ လက္စတာဘက္က သူတို႔ကစားသမားကို လုံးဝမေရာင္းခ်ခ်င္သလို ေရာင္းခ်ရမယ္ဆိုရင္လည္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၈၀ ေလာက္ အထိ ေတာင္းဆိုေနပါတယ္။ ဒါေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး အလြတ္နဲ႔ ေခၚယူႏိုင္မယ့္ ကာဇာဝါကို ေျပာင္းလဲ ပစ္မွတ္ထားလာခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ လာမယ့္ရာသီမွာ အသင္းရဲ႕ဘယ္ေနာက္ခံလူေတြျဖစ္တဲ့ အလြန္ဆိုနဲ႔ အီမာဆန္တို ႔ႏွစ္ဦးလုံးနဲ႔ လမ္းခြဲသြားဖြယ္ ရွိေနတဲ့ အတြက္ ကာဇာဝါအျပင္ ေနာက္ထပ္ဘယ္ေနာက္ခံလူတစ္ေယာက္ကိုပါ ထပ္မံပစ္မွတ္ထားဖြယ္ ရွိေနပါတယ္။

အာဆင္နယ္ကလည္း ဒီရာသီမွ ဆဲလ္တစ္ကေန ေခၚယူထားခဲ့တဲ့ အိုင္ယာလန္ေနာက္ခံလူ တီယာေနးရဲ႕အေျခအေနကို သိပ္ သေဘာ မေတြ႕တာေၾကာင့္ သူ႔ကို ျပန္လည္ေရာင္းထုတ္ကာ ကာဇာဝါကို သူရဲ႕ေနရာမွာ အစားထိုးခ်င္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ ကာဇာဝါကို လန္ဒန္ နွစ္သင္းအျပင္ ဘာစီလိုနာနဲ႔ အဲဗာတန္တို႔ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အတြက္ ခက္ခက္ခဲခဲ ကမ္းလွမ္းရႏိုင္သလို ကာဇာဝါ အတြက္လည္း ေ႐ြးခ်ယ္ခြင့္ေတြမ်ားေနလို႔ စဥ္းစားရခက္ႏိုင္ပါတယ္။

အသက္(၂၇)ႏွစ္ အရြယ္ ျပင္သစ္သား ခံစစ္မွဴး ကာဇာဝါဟာ မိုနာကိုကေန ပီအက္စ္ဂ်ီအသင္းဆီကို ၂၀၁၅ခုႏွစ္ကမွ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းနဲ႔ ပြဲေပါင္းတစ္ရာေက်ာ္ ပါဝင္ကစားထားခဲ့သူလည္းျဖစ္ကာ လီဂူးဖလားကို (၃)ႀကိမ္အထိ ရယူထားႏိုင္ခဲ့ပါတယ္။

Uni – လက်ရှိ ဇွန်လကုန်ရင် ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကြတော့မယ့် ကစားသမားတွေ အများအပြားရှိ နေပြီး ကာလတို သက်တမ်းတောင် မတိုးတော့လဲ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်မယ့် ကစားသမားတွေ ရှိနေပါတယ်။ ဒီထဲမှာ ပီအက်စ်ဂျီအသင်းမှ ဘယ်နောက်ခံ ကစားသမား ကာဇာဝါလည်း ပါဝင်နေပါတယ်။

၎င်းကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းကနေ စိတ်ဝင်စားမှု အရင်ဆုံးပြသခဲ့တာဖြစ်ပြီး အခုဆိုရင် ဘယ်ခြမ်း ခံစစ်နေရာအတွက် ကစားသမားသစ် ရှာဖွေနေတဲ့ ချယ်ဆီးအသင်းကပါ ကာဇာဝါကို စတင် ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ သူတို့ရဲ့ ဘယ်ခြမ်းခံစစ်ပိုင်းအတွက် လက်စတာအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ဘန်ချီဝဲလ်ကို အဓိက ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့် လက်စတာဘက်က သူတို့ကစားသမားကို လုံးဝမရောင်းချချင်သလို ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ လောက် အထိ တောင်းဆိုနေပါတယ်။ ဒါကြောင့် ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကာဇာဝါကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့ဘယ်နောက်ခံလူတွေဖြစ်တဲ့ အလွန်ဆိုနဲ့ အီမာဆန်တို့နှစ်ဦးလုံးနဲ့ လမ်းခွဲသွားဖွယ် ရှိနေတဲ့အတွက် ကာဇာဝါအပြင် နောက်ထပ်ဘယ်နောက်ခံလူတစ်ယောက်ကိုပါ ထပ်မံပစ်မှတ်ထားဖွယ် ရှိနေပါတယ်။

အာဆင်နယ်ကလည်း ဒီရာသီမှ ဆဲလ်တစ်ကနေ ခေါ်ယူထားခဲ့တဲ့ အိုင်ယာလန်နောက်ခံလူ တီယာနေးရဲ့အခြေအနေကို သိပ် သဘော မတွေ့တာကြောင့် သူ့ကို ပြန်လည်ရောင်းထုတ်ကာ ကာဇာဝါကို သူရဲ့နေရာမှာ အစားထိုးချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကာဇာဝါကို လန်ဒန် နှစ်သင်းအပြင် ဘာစီလိုနာနဲ့ အဲဗာတန်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အတွက် ခက်ခက်ခဲခဲ ကမ်းလှမ်းရနိုင်သလို ကာဇာဝါ အတွက်လည်း ရွေးချယ်ခွင့်တွေများနေလို့ စဉ်းစားရခက်နိုင်ပါတယ်။

အသက်(၂၇)နှစ် အရွယ် ပြင်သစ်သား ခံစစ်မှူး ကာဇာဝါဟာ မိုနာကိုကနေ ပီအက်စ်ဂျီအသင်းဆီကို ၂၀၁၅ခုနှစ်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲပေါင်းတစ်ရာကျော် ပါဝင်ကစားထားခဲ့သူလည်းဖြစ်ကာ လီဂူးဖလားကို (၃)ကြိမ်အထိ ရယူထားနိုင်ခဲ့ပါတယ်။