စတန္းဖို႔ဘရစ္ခ်္မွာ ခ်ယ္ဆီး ရွံဳးမယ္ ဆိုထားတဲ့ ခ်ယ္ဆီး – မန္စီးတီးပြဲ စကိုင္းစေပါ့ ခန္႔မွန္း

ဒီတစ္ပတ္ရဲ႕ ပြဲေကာင္း တစ္ပြဲ ျဖစ္တဲ့ ခ်ယ္ဆီးနဲ႕ မန္စီးတီး အသင္းရဲ႕ ပြဲစဥ္ အတြက္ စကိုင္းစေပါ့မွ ခ်ာလီနစ္ကိုးလက္စ္ရဲ႕ သံုးသပ္ခ်က္နဲ႕ ရလဒ္ခန္႔မွန္းေတြ ထြက္ေပၚေနျပီ ျဖစ္ပါတယ္။ ခ်ာလီကေတာ့ အိမ္ရွင္ ခ်ယ္ဆီးထက္ မန္စီးတီးကို အေလးေပးထားပါတယ္။

” ဖိုဒန္ရဲ႕ အရည္အခ်င္းကို အရင္ကတည္းက သိပါတယ္။ လူေတြက သူ႔ကို ဂ်ာမနီမွာ သြားကစားသင့္တယ္လို႔ ေျပာေပမယ့္ ဘာလို႔ ကစားရမွာလဲ။ သူက ေဒးဗစ္း ေဆးဗားေနရာ အစားဝင္ႏိုင္ေလာက္ေအာင္ ေကာင္းပါတယ္။ ပြဲေတြနဲ႔ ပက္သက္ၿပီး သင္ယူမႈေတြ လုပ္ရမွာေပါ့။

ဘယ္ျခမ္းက ေဆးဗားနဲ႔ ဇင္ခ်န္ကိုအတြက္ ေနရာလြတ္ေတြ လုပ္ေပးဖို႔ လိုၿပီး သူလုပ္ေပးႏိုင္ပါတယ္။ သူက ေဘာလုံးမရွိခ်ိန္မွာလည္း ေနရာလြတ္ေတြ ဖန္တီးေပးေနၿပီး သူ႔အေပၚ ပပ္ရဲ႕ ကိုင္တြယ္မႈက သိပ္ေကာင္းပါတယ္။ ဖိုဒန္က အခ်ိန္တိုင္း သင္ယူေနတယ္။ ပြဲအၿပီးမွာ အားရေက်နပ္ေနတဲ့ သူရဲ႕ မ်က္ႏွာကိုလည္း ျမင္ေနရတယ္။ သူက မန္စီးတီးမွာ မွန္ကန္တဲ့ ကစားသမားအျဖစ္ ယုံၾကည္ျခင္း ခံေနရသူျဖစ္တယ္။

ဒါကပဲ ပရီးမီးယားလိဂ္ဖလားကို ဆက္တိုက္ ျပန္ယူဖို႔ မန္စီးတီး တည္ေဆာက္ေနတဲ့ ကိစၥ ျဖစ္ပါလိမ့္မယ္။ သူတို႔ကလည္း သူတို႔ကိုယ္ပိုင္ အစားထိုးစရာေတြ ရွာေနတယ္။ ကမာၻအေကာင္းဆုံးေတြထဲက တစ္ဦးျဖစ္တဲ့ ဒီဘ႐ိုင္းနဲ႔ တြဲဘက္ၿပီး သူကစားေနတယ္။ ကစားရတဲ့ ပြဲတိုင္းက သူ႔ရဲ႕ တိုးတက္မႈျဖစ္ၿပီး မန္စီးတီးမွာ သူအမ်ားႀကီး တိုးတက္ေနပါတယ္။

ခ်ယ္ဆီးကလည္း အက္စတြန္ဗီလာနဲ႔ ယွဥ္ၿပိဳင္ကစားရတဲ့ပြဲမွာ အင္အားနဲ႔ ျပန္လည္ တုန႔္ျပန္မႈလုပ္ခဲ့တယ္။ အထူးသျဖင့္ လူငယ္ ကစားသမား ေတြေပါ့ ဒါေပမယ့္ ခ်ယ္ဆီးမွာက ခံစစ္ပိုင္း ျပႆနာေတြ ရွိေနပါတယ္။ ေဂလ္းမား မပါေပမယ့္ ကန္ေတ ဘာလုပ္ႏိုင္သလဲဆိုတာ က်ေန္ာတို႔ အားလုံး သိပါတယ္။

ခ်ယ္ဆီးက ေရွ႕ဆက္ၿပီးလည္း လုပ္ေဆာင္မွာပါ။ မန္စီးတီးက မႏိုင္ဘူးဆိုရင္ လီဗာပူးက အမွတ္ေပးဖလားကို အႏိုင္ရမယ့္ ရလဒ္ ရသြားပါမယ္။ ဒါေပမယ့္ လီဗာပူးက စီးတီးနဲ႔ပြဲမွာ အႏိုင္ရဖို႔ ႀကိဳးစားမွာပါ။ ဒီပြဲမွာေတာ့ က်ဥ္းေျမာင္းတဲ့ ရလဒ္နဲ႔ မန္စီးတီးက အႏိုင္ယူသြားမယ္လို႔ ထင္ပါတယ္။ ” လို႔ ခ်ာလီက သံုးသပ္သြားပါတယ္။

ခ်ာလီနီကိုးလက္စ္ရဲ႕ ခန႔္မွန္းရလဒ္။ ။ ခ်ယ္ဆီး ၁-၂ မန္စီးတီး

Uni – ဒီတစ်ပတ်ရဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်တဲ့ ချယ်ဆီးနဲ့ မန်စီးတီး အသင်းရဲ့ ပွဲစဉ် အတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလက်စ်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းတွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ ချာလီကတော့ အိမ်ရှင် ချယ်ဆီးထက် မန်စီးတီးကို အလေးပေးထားပါတယ်။

” ဖိုဒန်ရဲ့ အရည်အချင်းကို အရင်ကတည်းက သိပါတယ်။ လူတွေက သူ့ကို ဂျာမနီမှာ သွားကစားသင့်တယ်လို့ ပြောပေမယ့် ဘာလို့ ကစားရမှာလဲ။ သူက ဒေးဗစ်း ဆေးဗားနေရာ အစားဝင်နိုင်လောက်အောင် ကောင်းပါတယ်။ ပွဲတွေနဲ့ ပက်သက်ပြီး သင်ယူမှုတွေ လုပ်ရမှာပေါ့။

ဘယ်ခြမ်းက ဆေးဗားနဲ့ ဇင်ချန်ကိုအတွက် နေရာလွတ်တွေ လုပ်ပေးဖို့ လိုပြီး သူလုပ်ပေးနိုင်ပါတယ်။ သူက ဘောလုံးမရှိချိန်မှာလည်း နေရာလွတ်တွေ ဖန်တီးပေးနေပြီး သူ့အပေါ် ပပ်ရဲ့ ကိုင်တွယ်မှုက သိပ်ကောင်းပါတယ်။ ဖိုဒန်က အချိန်တိုင်း သင်ယူနေတယ်။ ပွဲအပြီးမှာ အားရကျေနပ်နေတဲ့ သူရဲ့ မျက်နှာကိုလည်း မြင်နေရတယ်။ သူက မန်စီးတီးမှာ မှန်ကန်တဲ့ ကစားသမားအဖြစ် ယုံကြည်ခြင်း ခံနေရသူဖြစ်တယ်။

ဒါကပဲ ပရီးမီးယားလိဂ်ဖလားကို ဆက်တိုက် ပြန်ယူဖို့ မန်စီးတီး တည်ဆောက်နေတဲ့ ကိစ္စ ဖြစ်ပါလိမ့်မယ်။ သူတို့ကလည်း သူတို့ကိုယ်ပိုင် အစားထိုးစရာတွေ ရှာနေတယ်။ ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တဲ့ ဒီဘရိုင်းနဲ့ တွဲဘက်ပြီး သူကစားနေတယ်။ ကစားရတဲ့ ပွဲတိုင်းက သူ့ရဲ့ တိုးတက်မှုဖြစ်ပြီး မန်စီးတီးမှာ သူအများကြီး တိုးတက်နေပါတယ်။

ချယ်ဆီးကလည်း အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ကစားရတဲ့ပွဲမှာ အင်အားနဲ့ ပြန်လည် တုန့်ပြန်မှုလုပ်ခဲ့တယ်။ အထူးသဖြင့် လူငယ် ကစားသမား တွေပေါ့ ဒါပေမယ့် ချယ်ဆီးမှာက ခံစစ်ပိုင်း ပြဿနာတွေ ရှိနေပါတယ်။ ဂေလ်းမား မပါပေမယ့် ကန်တေ ဘာလုပ်နိုင်သလဲဆိုတာ ကျနေ်ာတို့ အားလုံး သိပါတယ်။

ချယ်ဆီးက ရှေ့ဆက်ပြီးလည်း လုပ်ဆောင်မှာပါ။ မန်စီးတီးက မနိုင်ဘူးဆိုရင် လီဗာပူးက အမှတ်ပေးဖလားကို အနိုင်ရမယ့် ရလဒ် ရသွားပါမယ်။ ဒါပေမယ့် လီဗာပူးက စီးတီးနဲ့ပွဲမှာ အနိုင်ရဖို့ ကြိုးစားမှာပါ။ ဒီပွဲမှာတော့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ မန်စီးတီးက အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။ ” လို့ ချာလီက သုံးသပ်သွားပါတယ်။

ချာလီနီကိုးလက်စ်ရဲ့ ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၁-၂ မန်စီးတီး