ယေန႔ည ေနာက္ဆံုးရ အာဆင္နယ္သတင္းတိုမ်ား (08/06/20)

အငွားကုန္ဆံုးခ်ိန္မွာ အာဆင္နယ္ကေန ရီးရဲလ္ ျပန္ျပီး ေအာင္ျမင္မႈေတြ ရယူမယ္ ဆိုထားတဲ့ ကြင္းလယ္ ကစားသမား စီးဘယ္ေလာ့ဟာ ရီးရဲလ္မွာလည္း ပြဲထြက္ခြင့္ ရရွိဖို႔ မေရရတာေၾကာင့္ အသင္းသစ္ ရွာေဖြလိုေနပါတယ္။

အာဆင္နယ္ကလည္း စီးဘယ္ေလာ့ကို အၿပီးသတ္ေခၚယူသြားမွာမဟုတ္ဘဲ ရီးရဲလ္ဘက္တစ္ၾကယ္ပြင့္ နဘီလ္ဖက္ကီရာနဲ႔ အစားထိုးသြားဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

တိုက္စစ္မႉး ေရာ္ဘင္ဗန္ပါစီကို အာဆင္နယ္မွာပဲ ဆက္ကစားၿပီး ဂႏၴဝင္ကစားသမားတစ္ေယာက္ ျဖစ္လိုတဲ့အထိ ျမင္ခ်င္ခဲ့ေပမယ့္ ခါးသီး ျပိဳင္ဘက္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့အတြက္ စိတ္ပ်က္မိေၾကာင္း ဂန္းနားအသင္းေခါင္းေဆာင္ေဟာင္း ဗာမယ္လန္းက ဖြင့္ဟခဲ့ပါတယ္။

လာမဲ့ ရာသီမွာ ျပင္သစ္ဗဟိုေနာက္ခံကစားသမားေလး ဝီလ်ံ ဆာလီဘာ ေရာက္ရွိလာေတာ့မွာေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ဗဟို ခံစစ္မွဴး သစ္တစ္ဦး ထပ္မေခၚဘဲ ထိန္း ကစားသြားဖြယ္ ရွိေၾကာင္း လန္ဒန္သတင္းဌာနကက သုံးသပ္ေဖာ္ျပထားပါတယ္။

စ‌ေကာ့တလန္ကလပ္ ဆဲလ္တစ္အသင္းဟာ အာဆင္နယ္ အသင္းပစ္မွတ္ထားေနတဲ့ တိုက္စစ္မႉး ေအာ့ဒ္ဆြန္အီဒူယာဒ္ကို မျဖစ္မေန ဆက္ထိန္းသြားဖြယ္ ရွိေနေၾကာင္း နည္းျပေဟာင္း ဂြၽန္ဘန္းစ္က မွတ္ခ်က္ျပဳခဲ့ပါတယ္။

နည္းျပ အာတီတာဟာ တိုက္စစ္ကစားသမား နီကိုးလပ္စ္ ပီပီ တစ္ေယာက္ အေကာင္းဆုံးပုံစံေတြ ရရွိေစဖို႔အတြက္ နည္းျပေဟာင္း အူႏိုင္း အမ္မရီ တုန္းကနဲ႔ မတူညီတဲ့ ေလ့က်င့္ခန္းအစီအစဥ္ေတြနဲ႔ အေသအခ်ာ ေလ့က်င့္ေပးေနတယ္လို႔ သိရပါတယ္။

အရင္အပတ္ကပဲ အာဆင္နယ္ဟာ ကိုရိုနာ ကပ္ေဘးေၾကာင့္ ဘ႑ာေရးအထိနာမႈေတြကို သက္သာေစဖို႔ရာ ဆာကာ၊ မစ္လန္ေနး၊ နယ္ဆန္၊ ရိုဝီတို႔လို ရပ္နားခဲ့ျပီျဖစ္တယ္။

အာဆင္နယ္ဟာ ျပီးခဲ့တဲ့ သီတင္းပတ္ကပဲ လူငယ္ေတြကို ကင္းေထာက္ေခၚယူခဲ့တဲ့ အခ်ိန္ပိုင္း ကင္းေထာက္ ၁၀ ဦးကို အလုပ္က ရပ္နားခဲ့တဲ့ အျပင္ စီနီယာအသင္းၾကီးအတြက္ ကစားသမား ရွာေဖြေပးေနတဲ့ အၾကီးတန္း ကင္းေထာက္ေတြကိုလည္း ဇြန္လ ေနာက္ပိုင္းမွာ အသင္း ဘက္က သက္တမ္း မတိုးေတာ့ေၾကာင္း အေၾကာင္းၾကားမႈေတြ စတင္ေနပါတယ္။

အာဆင္နယ္အသင္း အတြက္ နံပါတ္ ၁၀ေနရာမွာ အိုေဇးလ္တစ္ဦးတည္းနဲ႔ မလုံေလာက္ေတာ့ဘဲ ဖန္တီးမႈလည္းျမင့္၊ ဂိုးသြင္းစြမ္းရည္လည္း ျမင့္မားတဲ့ ကြင္းလယ္ကစားသမားမ်ိဳးကို ေငြသံုး ေခၚယူသြားသင့္ေၾကာင္း ေရးပါလာက တိုက္တြန္းသြားခဲ့ပါတယ္။

Uni – အငှားကုန်ဆုံးချိန်မှာ အာဆင်နယ်ကနေ ရီးရဲလ် ပြန်ပြီး အောင်မြင်မှုတွေ ရယူမယ် ဆိုထားတဲ့ ကွင်းလယ် ကစားသမား စီးဘယ်လော့ဟာ ရီးရဲလ်မှာလည်း ပွဲထွက်ခွင့် ရရှိဖို့ မရေရတာကြောင့် အသင်းသစ် ရှာဖွေလိုနေပါတယ်။

အာဆင်နယ်ကလည်း စီးဘယ်လော့ကို အပြီးသတ်ခေါ်ယူသွားမှာမဟုတ်ဘဲ ရီးရဲလ်ဘက်တစ်ကြယ်ပွင့် နဘီလ်ဖက်ကီရာနဲ့ အစားထိုးသွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီကို အာဆင်နယ်မှာပဲ ဆက်ကစားပြီး ဂန္ထဝင်ကစားသမားတစ်ယောက် ဖြစ်လိုတဲ့အထိ မြင်ချင်ခဲ့ပေမယ့် ခါးသီး ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း ဂန်းနားအသင်းခေါင်းဆောင်ဟောင်း ဗာမယ်လန်းက ဖွင့်ဟခဲ့ပါတယ်။

လာမဲ့ ရာသီမှာ ပြင်သစ်ဗဟိုနောက်ခံကစားသမားလေး ဝီလျံ ဆာလီဘာ ရောက်ရှိလာတော့မှာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဗဟို ခံစစ်မှူး သစ်တစ်ဦး ထပ်မခေါ်ဘဲ ထိန်း ကစားသွားဖွယ် ရှိကြောင်း လန်ဒန်သတင်းဌာနကက သုံးသပ်ဖော်ပြထားပါတယ်။

စ‌ကော့တလန်ကလပ် ဆဲလ်တစ်အသင်းဟာ အာဆင်နယ် အသင်းပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး အော့ဒ်ဆွန်အီဒူယာဒ်ကို မဖြစ်မနေ ဆက်ထိန်းသွားဖွယ် ရှိနေကြောင်း နည်းပြဟောင်း ဂျွန်ဘန်းစ်က မှတ်ချက်ပြုခဲ့ပါတယ်။

နည်းပြ အာတီတာဟာ တိုက်စစ်ကစားသမား နီကိုးလပ်စ် ပီပီ တစ်ယောက် အကောင်းဆုံးပုံစံတွေ ရရှိစေဖို့အတွက် နည်းပြဟောင်း အူနိုင်း အမ်မရီ တုန်းကနဲ့ မတူညီတဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေနဲ့ အသေအချာ လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။

အရင်အပတ်ကပဲ အာဆင်နယ်ဟာ ကိုရိုနာ ကပ်ဘေးကြောင့် ဘဏ္ဍာရေးအထိနာမှုတွေကို သက်သာစေဖို့ရာ ဆာကာ၊ မစ်လန်နေး၊ နယ်ဆန်၊ ရိုဝီတို့လို ရပ်နားခဲ့ပြီဖြစ်တယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ လူငယ်တွေကို ကင်းထောက်ခေါ်ယူခဲ့တဲ့ အချိန်ပိုင်း ကင်းထောက် ၁၀ ဦးကို အလုပ်က ရပ်နားခဲ့တဲ့ အပြင် စီနီယာအသင်းကြီးအတွက် ကစားသမား ရှာဖွေပေးနေတဲ့ အကြီးတန်း ကင်းထောက်တွေကိုလည်း ဇွန်လ နောက်ပိုင်းမှာ အသင်း ဘက်က သက်တမ်း မတိုးတော့ကြောင်း အကြောင်းကြားမှုတွေ စတင်နေပါတယ်။

အာဆင်နယ်အသင်း အတွက် နံပါတ် ၁၀နေရာမှာ အိုဇေးလ်တစ်ဦးတည်းနဲ့ မလုံလောက်တော့ဘဲ ဖန်တီးမှုလည်းမြင့်၊ ဂိုးသွင်းစွမ်းရည်လည်း မြင့်မားတဲ့ ကွင်းလယ်ကစားသမားမျိုးကို ငွေသုံး ခေါ်ယူသွားသင့်ကြောင်း ရေးပါလာက တိုက်တွန်းသွားခဲ့ပါတယ်။