ယေန႔ည ေနာက္ဆံုးရ အာဆင္နယ္သတင္းတိုမ်ား (07/06/20)

အာဆင္နယ္ နည္းျပ အာတီတာက အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ေျခလွမ္းေတြ အားရစရာ မရွိေသးေပမဲ့ ကြင္းလယ္ပိုင္းအတြက္ ေသာမတ္စ္ ပါေတးနဲ႔ ေအာ္ကန္ကြတ္ခ်ဴးတို႔ကို အရ ေခၚယူေပးဖို႔ တိုက္တြန္းထားေၾကာင္း သိရပါတယ္။

ပခံုးဒဏ္ရာနဲ႕ ကာလရွည္ နားေနခဲ့ရတဲ့ ဘယ္စြန္ခံစစ္မွဴး တီရာေနးဟာ မေန႔ညက ခ်ာလ္တန္နဲ႔ပြဲမွာ ႀကံ့ခိုင္မႈအျပည့္နဲ႔ ပြဲထြက္ကစားခဲ့ၿပီး ေျခစြမ္းေကာင္းတခ်ိဳ႕ ျပသႏိုင္ခဲ့ပါတယ္။ ၄င္းက မန္စီးတီးအသင္းနဲ႔ ကစားမဲ့ပြဲစဥ္မွာ ဝင္ေရာက္ကစားဖို႔ အသင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။

အေျပာင္းအေရႊ႕ အသံုးစရိတ္ အတြက္ အာဆင္နယ္အသင္း က မစ္ခီတာရီယန္၊ အယ္လ္နီနီနဲ႔ အိန္းစေလ မစ္လန္ နိုင္းစ္တို႔လို ကစားသမားေတြ ကို လာမဲ့ေႏြေဈးကြက္မွာ ေရာင္းထုတ္သြားဖို႔ စီစဥ္ေနေၾကာင္း လန္ဒန္အေျခစိုက္ သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။

အာဆင္နယ္ ပရိသတ္ေတြကေတာ့ ကြင္းလယ္ကစားသမားေလး ဂ်ိဳး ၀ယ္ေလာ့ခ္ရဲ႕ အရည္အေသြးေတြကို သေဘာက်ေနၾကပါတယ္။ လာမယ့္ ရာသီမွာ ၀ယ္ေလာ့ခ္ တစ္ေယာက္ ပြဲကစားခြင့္ အလုံအေလာက္ မရမွာကို စိုးရိမ္ေနၾကျပီး တြစ္တာမွာ သံုးသပ္ေျပာဆိုေနၾကပါတယ္။

ခ်ာလ္တန္နဲ႔ ေျခစမ္းပြဲစဥ္မွာ နည္းျပ အာတီတာက ကြင္းလယ္မွာ ကြင္းလယ္ခံစစ္တစ္ဦး၊ နံပါတ္ ၈ ကစားသမားႏွစ္ဦးနဲ႔ ကစားကြက္ ခင္းက်င္း တည္ေဆာက္ခဲ့တာကို ေတြ႕ရပါတယ္။ အာတီတာက အိုေဇးလ္ မရွိမယ့္ အေနအထားအတြက္ ၾကိဳတင္ ျပင္ဆင္ေနတယ္လို႔ ယူဆရပါတယ္။

အာဆင္နယ္ နည္းျပေဟာင္း အာစင္ဝင္းဂါးလက္ထက္က ေပါင္ ၃၅သန္း ေပး‌ေခ်ေခၚယူထားခဲ့တဲ့ ဗဟိုေနာက္ခံလူ မူစတာဖီကို လာမဲ့ေႏြ ေဈးကြက္မွာ မျဖစ္မေန ေရာင္းထုတ္သြားဖို႔ အာတီတာက အလိုရွိေနပါတယ္။

Uni – အာဆင်နယ် နည်းပြ အာတီတာက အသင်းရဲ့ အပြောင်းအရွှေ့ခြေလှမ်းတွေ အားရစရာ မရှိသေးပေမဲ့ ကွင်းလယ်ပိုင်းအတွက် သောမတ်စ် ပါတေးနဲ့ အော်ကန်ကွတ်ချူးတို့ကို အရ ခေါ်ယူပေးဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

ပခုံးဒဏ်ရာနဲ့ ကာလရှည် နားနေခဲ့ရတဲ့ ဘယ်စွန်ခံစစ်မှူး တီရာနေးဟာ မနေ့ညက ချာလ်တန်နဲ့ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပွဲထွက်ကစားခဲ့ပြီး ခြေစွမ်းကောင်းတချို့ ပြသနိုင်ခဲ့ပါတယ်။ ၎င်းက မန်စီးတီးအသင်းနဲ့ ကစားမဲ့ပွဲစဉ်မှာ ဝင်ရောက်ကစားဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

အပြောင်းအရွှေ့ အသုံးစရိတ် အတွက် အာဆင်နယ်အသင်း က မစ်ခီတာရီယန်၊ အယ်လ်နီနီနဲ့ အိန်းစလေ မစ်လန်နိုင်းစ်တို့လို ကစားသမားတွေ ကို လာမဲ့နွေဈေးကွက်မှာ ရောင်းထုတ်သွားဖို့ စီစဉ်နေကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ ကွင်းလယ်ကစားသမားလေး ဂျိုး ဝယ်လော့ခ်ရဲ့ အရည်အသွေးတွေကို သဘောကျနေကြပါတယ်။ လာမယ့် ရာသီမှာ ဝယ်လော့ခ် တစ်ယောက် ပွဲကစားခွင့် အလုံအလောက် မရမှာကို စိုးရိမ်နေကြပြီး တွစ်တာမှာ သုံးသပ်ပြောဆိုနေကြပါတယ်။

ချာလ်တန်နဲ့ ခြေစမ်းပွဲစဉ်မှာ နည်းပြ အာတီတာက ကွင်းလယ်မှာ ကွင်းလယ်ခံစစ်တစ်ဦး၊ နံပါတ် ၈ ကစားသမားနှစ်ဦးနဲ့ ကစားကွက် ခင်းကျင်း တည်ဆောက်ခဲ့တာကို တွေ့ရပါတယ်။ အာတီတာက အိုဇေးလ် မရှိမယ့် အနေအထားအတွက် ကြိုတင် ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါးလက်ထက်က ပေါင် ၃၅သန်း ပေး‌ချေခေါ်ယူထားခဲ့တဲ့ ဗဟိုနောက်ခံလူ မူစတာဖီကို လာမဲ့နွေ ဈေးကွက်မှာ မဖြစ်မနေ ရောင်းထုတ်သွားဖို့ အာတီတာက အလိုရှိနေပါတယ်။