ယေန႔ည ေနာက္ဆံုးရ အာဆင္နယ္သတင္းတိုမ်ား (09/06/20)

အာဆင္နယ္မွာ ေျခစြမ္းျပခဲ့ေပမယ့္ ခ်ီလီသား တိုက္စစ္သမား ဆန္းခ်က္ဟာ ယူနိုက္တက္မွာ ဘာေၾကာင့္ ေျခစြမ္းမျပနို္င္ဘဲ ရုန္းကန္ေနရသလဲ ဆိုတာ ေတြးမရေအာင္ ျဖစ္ရေၾကာင္း ယူနိုက္တက္ ကြင္းလယ္ေဟာင္း ဟာရဲရားက ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ ဆန္းခ်က္ ထြက္ခြာသြားခဲ့ၿပီးကတည္းက ဘယ္ေတာင္ပံတိုက္စစ္ပိုင္း လိုအပ္ခ်က္ရွိေနခဲ့တာျဖစ္ၿပီး ဒီအခ်က္ကို နည္းျပ အာတီတာ အေကာင္းဆုံး ျပင္ဆင္ရလိမ့္မယ္လို႔ လန္ဒန္အေျခစိုက္သတင္းဌာနက ေထာက္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္း ပစ္မွတ္ထားေနတဲ့ ဗဟိုေနာက္ခံလူ အူပါမီကာႏိုကို ရက္ဘူးလ္လိုက္ပ္ဇစ္အသင္းက ေျပာင္းေ႐ႊ႕ေၾကးအလြတ္နဲ႔ လက္လႊတ္ မခံလိုတာေၾကာင့္ လာမဲ့ေႏြေဈးကြက္မွာပဲ ေရာင္းခ်သြားေတာ့မွာပါ။ အသက္ ၂၁ႏွစ္အ႐ြယ္ ျပင္သစ္သားရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၅၄သန္း ရွိေနေပမဲ့ ေျပာင္းေရႊ႕ေၾကး ပိုျပီး သက္သာဖြယ္ ရွိပါတယ္။

အာဆင္နယ္အသင္းဟာ စပိန္ကလပ္ အက္စ္ပန္ညိဳအသင္းရဲ႕ အသက္ ၂၃ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမား မာ့႐ိုကာကို ခ်ိတ္ဆက္ ေနေပမယ့္ ေသာမတ္စ္ပါေတးကိုသာ အဓိက ပစ္မွတ္အျဖစ္ သတ္မွတ္ထားေၾကာင္း သိရပါတယ္။

ဘ႑ာေရးပိုင္းအရ က်ပ္တည္းမႈေတြရွိေနေပမဲ့ အာဆင္နယ္က အက္သလက္တီကို မက္ဒရစ္ကြင္း လယ္ကစားသမား ေသာမတ္စ္ပါ‌ေတး အတြက္ ကစားသမားရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅သန္းဝန္းက်င္ကို ေပးေခ်သြားဖို႔ အသင့္ရွိေနပါတယ္။

ဘြန္ဒက္လီဂါကလပ္အသင္းအမ်ားစု အလိုရွိေနတဲ့ ဗဟိုေနာက္ခံလူေလး ကြန္စတန္တီိနို မာဗ႐ိုပါႏိုစ္ကိုသာ ဂန္းနားတို႔ လက္လႊတ္ခဲ့မယ္ဆိုရင္ ဂ်နာဘရီကို ေရာင္းခ်ခဲ့စဥ္က အမွားမ်ိဳး ထပ္မံက်ဴးလြန္သလို ျဖစ္သြားလိမ့္မယ္လို႔ ပရိသတ္ေတြက ယူဆေနၾကပါတယ္။ ဂရိသားေလးဟာ လက္ရွိအခ်ိန္မွာ ဂ်ာမန္ကလပ္ ႏုဟန္ဘတ္အသင္းဆီ အငွားထြက္ကစားၿပီး ေျခစြမ္းျပေနပါတယ္။

ဂႏၴဝင္ကစားသမားႀကီး ေရးပါလာက သူ႔အသင္းေဟာင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ ျပန္လည္ရယူခ်င္တယ္ဆိုၿပီး အူဘာမီယန္းလို တိုက္စစ္မႉးမ်ိဳးကို လာမဲ့ရာသီမွာ မျဖစ္မေနကို ဆက္ထိန္းထားရလိမ့္မယ္လို႔ မွတ္ခ်က္ျပဳသုံးသပ္ကာ တိုက္တြန္းသြားခဲ့ပါတယ္။

Uni – အာဆင်နယ်မှာ ခြေစွမ်းပြခဲ့ပေမယ့် ချီလီသား တိုက်စစ်သမား ဆန်းချက်ဟာ ယူနိုက်တက်မှာ ဘာကြောင့် ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရသလဲ ဆိုတာ တွေးမရအောင် ဖြစ်ရကြောင်း ယူနိုက်တက် ကွင်းလယ်ဟောင်း ဟာရဲရားက ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ဆန်းချက် ထွက်ခွာသွားခဲ့ပြီးကတည်းက ဘယ်တောင်ပံတိုက်စစ်ပိုင်း လိုအပ်ချက်ရှိနေခဲ့တာဖြစ်ပြီး ဒီအချက်ကို နည်းပြ အာတီတာ အကောင်းဆုံး ပြင်ဆင်ရလိမ့်မယ်လို့ လန်ဒန်အခြေစိုက်သတင်းဌာနက ထောက်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ဗဟိုနောက်ခံလူ အူပါမီကာနိုကို ရက်ဘူးလ်လိုက်ပ်ဇစ်အသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ် မခံလိုတာကြောင့် လာမဲ့နွေဈေးကွက်မှာပဲ ရောင်းချသွားတော့မှာပါ။ အသက် ၂၁နှစ်အရွယ် ပြင်သစ်သားရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၄သန်း ရှိနေပေမဲ့ ပြောင်းရွှေ့ကြေး ပိုပြီး သက်သာဖွယ် ရှိပါတယ်။

အာဆင်နယ်အသင်းဟာ စပိန်ကလပ် အက်စ်ပန်ညိုအသင်းရဲ့ အသက် ၂၃နှစ်အရွယ် ကွင်းလယ်ကစားသမား မာ့ရိုကာကို ချိတ်ဆက် နေပေမယ့် သောမတ်စ်ပါတေးကိုသာ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

ဘဏ္ဍာရေးပိုင်းအရ ကျပ်တည်းမှုတွေရှိနေပေမဲ့ အာဆင်နယ်က အက်သလက်တီကို မက်ဒရစ်ကွင်း လယ်ကစားသမား သောမတ်စ်ပါ‌တေး အတွက် ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅သန်းဝန်းကျင်ကို ပေးချေသွားဖို့ အသင့်ရှိနေပါတယ်။

ဘွန်ဒက်လီဂါကလပ်အသင်းအများစု အလိုရှိနေတဲ့ ဗဟိုနောက်ခံလူလေး ကွန်စတန်တီနို မာဗရိုပါနိုစ်ကိုသာ ဂန်းနားတို့ လက်လွှတ်ခဲ့မယ် ဆိုရင် ဂျနာဘရီကို ရောင်းချခဲ့စဉ်က အမှားမျိုး ထပ်မံကျူးလွန်သလို ဖြစ်သွားလိမ့်မယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ ဂရိသားလေးဟာ လက်ရှိအချိန်မှာ ဂျာမန်ကလပ် နုဟန်ဘတ်အသင်းဆီ အငှားထွက်ကစားပြီး ခြေစွမ်းပြနေပါတယ်။

ဂန္ထဝင်ကစားသမားကြီး ရေးပါလာက သူ့အသင်းဟောင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရယူချင်တယ်ဆိုပြီး အူဘာမီယန်းလို တိုက်စစ်မှူးမျိုးကို လာမဲ့ရာသီမှာ မဖြစ်မနေကို ဆက်ထိန်းထားရလိမ့်မယ်လို့ မှတ်ချက်ပြုသုံးသပ်ကာ တိုက်တွန်းသွားခဲ့ပါတယ်။