ယေန႔ည ေနာက္ဆံုးရ အာဆင္နယ္သတင္းတိုမ်ား (04/06/20)

အာဆင္နယ္ နည္းျပ အာတီတာက လာမယ့္ ေဘာလံုးရာသီမွာ လူငယ္ ကစားသမား မာတင္နယ္လီကို အေထာင္ တိုက္စစ္မွာ ေနရာေပး ကစားသြားဖို႔ ရည္ရြယ္ေနေၾကာင္း လန္ဒန္သတင္းဌာနေတြက ေဖာ္ထုတ္လိုက္ပါတယ္။

စပိန္ထိပ္တန္းကလပ္ ဘာစီလိုနာအသင္းဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ အသင္းေခါင္းေဆာင္ တိုက္စစ္မႉး အူဘာမီယန္းကို ေပါင္ ၁၈သန္းတည္းနဲ႔ ေခၚယူသြားဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ဒဏ္ရာေၾကာင့္ ဒီရာသီအတြင္း အခ်ိန္တစ္ခုၾကာ အနားယူခဲ့ရတဲ့ ဘယ္ေနာက္ခံကစားသမား ဆိဒ္ကိုလာစီနက္နဲ႔ တီယာေနးတို႔ဟာ လက္ရွိ အခ်ိန္မွာ ႀကံ့ခိုင္မႈျပည့္ဝေနၿပီျဖစ္ၿပီး အာဆင္နယ္အသင္းအတြက္ ကစားေပးဖို႔ အသင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။

စီ႐ိုလ္နာဒို လက္သစ္အျဖစ္ နာမည္ႀကီးေနတဲ့ စပို႔တင္းလစၥဘြန္း ေတာင္ပံတိုက္စစ္ကစားသမားေလး ဂ်ိဳရယ္ဆင္ ဖာနန္ဒက္စ္ကို လာမယ့္ ေႏြေဈးကြက္မွာ ေခၚယူသြားဖို႔ အာဆင္နယ္က စတင္ခ်ိတ္ဆက္ေနၿပီျဖစ္ေၾကာင္း ေပၚတူဂီသတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္အဆင့္မဟုတ္တဲ့ ကစားသမားေတြကို ဝယ္ယူခဲ့ၿပီး အေျပာင္းအေ႐ႊ႕ စီမံခန္႔ခြဲမႈေတြ မွားယြင္းခဲ့တာေၾကာင့္ လက္ရွိအခ်ိန္မွာ ေျခစြမ္းပိုင္းေရာ ရလဒ္ပိုင္းေတြပါ က်ဆင္းေနရျခင္းျဖစ္တယ္လို႔ ဂန္းနားေဟာင္းၾကီး ခ်ာလီနီကိုးလပ္စ္ကေတာ့ သုံးသပ္သြားခဲ့ပါတယ္။

အာဆင္နယ္ ဂႏၴဝင္ကစားသမားႀကီး ဒန္းနစ္ဘာ့ဂ္ကမ့္ကေတာ့ အသင္းေဖာ္ျဖစ္ခဲ့သူ တြဲဖက္တိုက္စစ္မႉး သီယာရီအြန္နရီဟာ သူျမင္ေတြ႕ခဲ့ဖူးသမွ် ပင္ကိုအရည္အေသြးအေကာင္းဆုံး ကစားသမားတစ္ဦးျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

Uni – အာဆင်နယ် နည်းပြ အာတီတာက လာမယ့် ဘောလုံးရာသီမှာ လူငယ် ကစားသမား မာတင်နယ်လီကို အထောင် တိုက်စစ်မှာ နေရာပေး ကစားသွားဖို့ ရည်ရွယ်နေကြောင်း လန်ဒန်သတင်းဌာနတွေက ဖော်ထုတ်လိုက်ပါတယ်။

စပိန်ထိပ်တန်းကလပ် ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်သာ ကျန်ရှိတော့တဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းကို ပေါင် ၁၈သန်းတည်းနဲ့ ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒဏ်ရာကြောင့် ဒီရာသီအတွင်း အချိန်တစ်ခုကြာ အနားယူခဲ့ရတဲ့ ဘယ်နောက်ခံကစားသမား ဆိဒ်ကိုလာစီနက်နဲ့ တီယာနေးတို့ဟာ လက်ရှိ အချိန်မှာ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ကစားပေးဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

စီရိုလ်နာဒိုလက်သစ်အဖြစ် နာမည်ကြီးနေတဲ့ စပို့တင်းလစ္စဘွန်း တောင်ပံတိုက်စစ်ကစားသမားလေး ဂျိုရယ်ဆင် ဖာနန်ဒက်စ်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူသွားဖို့ အာဆင်နယ်က စတင်ချိတ်ဆက်နေပြီဖြစ်ကြောင်း ပေါ်တူဂီသတင်းဌာနတွေက ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အဆင့်မဟုတ်တဲ့ ကစားသမားတွေကို ဝယ်ယူခဲ့ပြီး အပြောင်းအရွှေ့ စီမံခန့်ခွဲမှုတွေ မှားယွင်းခဲ့တာကြောင့် လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းတွေပါ ကျဆင်းနေရခြင်းဖြစ်တယ်လို့ ဂန်းနားဟောင်းကြီး ချာလီနီကိုးလပ်စ်ကတော့ သုံးသပ်သွားခဲ့ပါတယ်။

အာဆင်နယ် ဂန္ထဝင်ကစားသမားကြီး ဒန်းနစ်ဘာ့ဂ်ကမ့်ကတော့ အသင်းဖော်ဖြစ်ခဲ့သူ တွဲဖက်တိုက်စစ်မှူး သီယာရီအွန်နရီဟာ သူမြင်တွေ့ခဲ့ဖူးသမျှ ပင်ကိုအရည်အသွေးအကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။