ယေန႔ည ေနာက္ဆံုးရ အာဆင္နယ္သတင္းတိုမ်ား (05/06/20)

ပရီးမီးယားလိဂ္ ပြဲစဥ္ အခ်ိန္ဇယားေတြ အျပည့္အစံု ထြက္ေပၚလာခဲ့ျပီ ျဖစ္ရာ အာဆင္နယ္က ဇြန္ ၁၈ ရက္ ၾကာသပေတးေန႔ မနက္ အေစာ ၁နာရီခြဲမွာ မန္စီးတီးနဲ႕ အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

လိုက္ပ္ဇစ္တိုက္စစ္မႉး တီမိုဗာနာကို ခ်ယ္ဆီးအသင္း ေခၚယူႏိုင္ေတာ့မွာျဖစ္ေပမဲ့ ၿပီးခဲ့တဲ့ ရက္ပိုင္တုန္းကေတာ့ အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္းကို နည္းစနစ္အႀကံေပးျဖစ္သူ ပီတာခ်က္ကေနတဆင့္ ခ်ိတ္ဆက္ခဲ့ေသးေၾကာင္း သိရပါတယ္။

အာဆင္နယ္ အသင္း ကြင္းလယ္ပိုင္းဟာ ခံစစ္အားသန္ ကစားသမားေတြ မ်ားေနျပီး ရမ္ေဆး ထြက္ခြာသြားျပီးတည္းက ကြင္းလယ္ကေန ဂိုးတက္သြင္းနုိင္တဲ့ တစ္ရာသီ ၁၀ ဂိုးေလာက္ သြင္းမယ့္ ကစားသမားမ်ိဳး အာဆင္နယ္ လိုအပ္ေနေၾကာင္း ေရးပါလာက ေထာက္ျပ သြားခဲ့ပါတယ္။

နည္းျပ မီေကးလ္ အာတီတာ က တိုက္စစ္မႉး လာကာဇက္ကို လက္လႊတ္ခဲ့ရရင္ အစားထိုးသြားဖို႔ ကစားသမားကို ရွာေဖြေတြ႕ရွိထားၿပီးျဖစ္ၿပီး လူငယ္ တိုက္စစ္ၾကယ္ပြင့္ႏွစ္ဦးျဖစ္တဲ့ နကီးတီးယားနဲ႔ မာတင္နယ္လီတို႔ ျဖစ္ၾကတယ္လို႔ လန္ဒန္ အေျခစိုက္ သတင္းဌာနက ေဖာ္ျပထားပါတယ္။

အာဆင္နယ္အသင္းဟာ ကစားသမားေကာငး္ေတြ ေခၚယူနိုင္ဖို႔ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ အေရးၾကီးေနျပီး ပစ္မွတ္ထားေနတဲ့ ေသာမတ္စ္ပါေတး ကိုလည္း ခ်န္ပီယံလိဂ္ သို႔မဟုတ္ ယူ႐ိုပါလိဂ္ဝင္ခြင့္ကို ရယူႏိုင္မွသာ ေခၚယူႏိုင္ဖို႔ရာ အခြင့္အေရးမ်ားမယ္လို႔ သိရပါတယ္။

ျပီးခဲ့တဲ့ ေႏြကမွ ေခၚယူထားတဲ့ ခံစစ္မွဴး တီရာေနးကုိ အာဆင္နယ္က ျပန္လည္ ေရာင္းခ်လိုေနျပီး ၄င္းကို ဆဲလ္တစ္မွာ လက္တြဲဖူးတဲ့ နည္းျပ ေရာ္ဂ်ာက လက္စတာအသင္းထံ ေခၚယူလိုေနပါတယ္။ လက္စတာက ခ်ယ္ဆီးအသင္းထံ ေခ်း၀ဲလ္ကို လက္လႊတ္ရဖြယ္ ရွိေနတာေၾကာင္း တီရာေနးကို အစားထိုးဖို႔ ပစ္မွတ္ထားေနတာပါ။

Uni – ပရီးမီးယားလိဂ် ပွဲစဉ် အချိန်ဇယားတွေ အပြည့်အစုံ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ အာဆင်နယ်က ဇွန် ၁၈ ရက် ကြာသပတေးနေ့ မနက် အစော ၁နာရီခွဲမှာ မန်စီးတီးနဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဗာနာကို ချယ်ဆီးအသင်း ခေါ်ယူနိုင်တော့မှာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်တုန်းကတော့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို နည်းစနစ်အကြံပေးဖြစ်သူ ပီတာချက်ကနေတဆင့် ချိတ်ဆက်ခဲ့သေးကြောင်း သိရပါတယ်။

အာဆင်နယ် အသင်း ကွင်းလယ်ပိုင်းဟာ ခံစစ်အားသန် ကစားသမားတွေ များနေပြီး ရမ်ဆေး ထွက်ခွာသွားပြီးတည်းက ကွင်းလယ်ကနေ ဂိုးတက်သွင်းနိုင်တဲ့ တစ်ရာသီ ၁၀ ဂိုးလောက် သွင်းမယ့် ကစားသမားမျိုး အာဆင်နယ် လိုအပ်နေကြောင်း ရေးပါလာက ထောက်ပြ သွားခဲ့ပါတယ်။

နည်းပြ မီကေးလ် အာတီတာ က တိုက်စစ်မှူး လာကာဇက်ကို လက်လွှတ်ခဲ့ရရင် အစားထိုးသွားဖို့ ကစားသမားကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ပြီး လူငယ် တိုက်စစ်ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ နကီးတီးယားနဲ့ မာတင်နယ်လီတို့ ဖြစ်ကြတယ်လို့ လန်ဒန် အခြေစိုက် သတင်းဌာနက ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဟာ ကစားသမားကောင်းတွေ ခေါ်ယူနိုင်ဖို့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အရေးကြီးနေပြီး ပစ်မှတ်ထားနေတဲ့ သောမတ်စ်ပါတေး ကိုလည်း ချန်ပီယံလိဂ် သို့မဟုတ် ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူနိုင်မှသာ ခေါ်ယူနိုင်ဖို့ရာ အခွင့်အရေးများမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နွေကမှ ခေါ်ယူထားတဲ့ ခံစစ်မှူး တီရာနေးကို အာဆင်နယ်က ပြန်လည် ရောင်းချလိုနေပြီး ၎င်းကို ဆဲလ်တစ်မှာ လက်တွဲဖူးတဲ့ နည်းပြ ရော်ဂျာက လက်စတာအသင်းထံ ခေါ်ယူလိုနေပါတယ်။ လက်စတာက ချယ်ဆီးအသင်းထံ ချေးဝဲလ်ကို လက်လွှတ်ရဖွယ် ရှိနေတာကြောင်း တီရာနေးကို အစားထိုးဖို့ ပစ်မှတ်ထားနေတာပါ။