နည်းပြ လမ်းပတ်အတွက် ခေါင်းကိုက်စရာ စိန်ခေါ်မှုတွေ စောင့်နေတယ်လို့ သတိပေး

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စရင် ချယ်ဆီးအသင်းနည်းပြ လမ်းပတ်အတွက် ပွဲထွက် ရွေးချယ်ဖို့ ခေါင်းကိုက်စရာတွေ အပြည့် စောင့်ကြိုနေ လိမ့်မယ်လို့ ချယ်ဆီး ကြယ်ပွင့်ဟောင်း ပက် နယ်ဗင်က ထောက်ပြလိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲတွေက ဇွန် ၁၇ ရက်နေ့မှာ ပြန်လည် စတင်တော့မှာပါ။

လမ်းပတ်ရဲ့ ချယ်ဆီးအသင်းက အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေပြီး နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခြေအနေ ကောင်းနေပါတယ်။ ဒါပေမယ့် နယ်ဗင်ကတော့ လမ်းပတ်အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်စရာတွေ ရှိလာလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

” ဖရန့်လမ်းပတ်ကတော့ ဆုံးဖြတ်စရာတွေ တပုံတပင် ရှိနေပါလိမ့်မယ်။ သူ့အသင်း ပွဲတွေ ပြန်မကစားရခင် ထရိန်နင်မှာ ကစားသမားတွေ အားလုံးနီးပါး ပြန်ရောက်နေပြီ။ ဘယ်သူက တကယ် ပုံစံကောင်း ရှိနေပြီလဲဆိုတာ ဘယ်လို စိစစ်ခွဲခြားရမလဲ ဆိုတာ ရှိလာမယ်။ ပွဲတွေ မနားခင်က လန်ပျံနေအောင် ခြေစွမ်းပြထားသူတွေကရော ဘယ်လို အနေအထား ရှိနေလဲ။

အဲဒီလို ကစားသမားတွေကလည်း ချန်လှပ်ခံရရင် မတရားဘူး ခံစားရလိမ့်မယ်။ တစ်ပွဲစီကြားထဲ ကြာသွားတာက နှစ်လလောက် ရှိသွားပြီ။ ဒဏ်ရာတွေကနေ ပြန်ကောင်းလာတဲ့ ကစားသမားတွေလည်း ရှိေ်နတယ်။ လော့ဖ်တပ်ချိစ်လို ကစားသမားတွေ ရာနှုန်းပြည့် ကောင်းနေဖို့ မျှော်လင့်နိုင်ပြီ။ တချို့လည်း (စာချုပ်ကုန်လို့) အသင်းကနေ ထွက်ခွာသွားရဖို့ ရှိနေတယ်။ လမ်းပတ်အတွက် လွယ်လွက်ကူကူ ဆုံးဖြတ်ရမှာ မရှိဘူး။ ” လို့ နယ်ဗင်က သုံးသပ်သွားခဲ့ပါတယ်။

ချယ်ဆီးအသင်းမှာ ဝီလီယံ၊ ပက်ဒရိုတို့လို စာချုပ်ကုန်ဆုံးတော့မယ့် ကစားသမားတွေ ရှိနေပြီး ၎င်းတို့ကို ထည့် သုံးရမလားဆိုတာလည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စရင္ ခ်ယ္ဆီးအသင္းနည္းျပ လမ္းပတ္အတြက္ ပြဲထြက္ ေရြးခ်ယ္ဖုိ႔ ေခါင္းကိုက္စရာေတြ အျပည့္ ေစာင့္ၾကိဳေန လိမ့္မယ္လို႔ ခ်ယ္ဆီး ၾကယ္ပြင့္ေဟာင္း ပက္ နယ္ဗင္က ေထာက္ျပလိုက္ပါတယ္။ ပရီးမီးယားလိဂ္ပြဲေတြက ဇြန္ ၁၇ ရက္ေန႔မွာ ျပန္လည္ စတင္ေတာ့မွာပါ။

လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းက အမွတ္ေပးဇယား အဆင့္ ၄ ေနရာမွာ ရွိေနျပီး ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ အေျခအေန ေကာင္းေနပါတယ္။ ဒါေပမယ့္ နယ္ဗင္ကေတာ့ လမ္းပတ္အတြက္ ခက္ခက္ခဲခဲ ဆံုးျဖတ္စရာေတြ ရွိလာလိမ့္မယ္လို႔ သတိေပးလိုက္ပါတယ္။

” ဖရန္႔လမ္းပတ္ကေတာ့ ဆံုးျဖတ္စရာေတြ တပံုတပင္ ရွိေနပါလိမ့္မယ္။ သူ႔အသင္း ပြဲေတြ ျပန္မကစားရခင္ ထရိန္နင္မွာ ကစားသမားေတြ အားလံုးနီးပါး ျပန္ေရာက္ေနျပီ။ ဘယ္သူက တကယ္ ပံုစံေကာင္း ရွိေနျပီလဲဆိုတာ ဘယ္လို စိစစ္ခြဲျခားရမလဲ ဆိုတာ ရွိလာမယ္။ ပြဲေတြ မနားခင္က လန္ပ်ံေနေအာင္ ေျခစြမ္းျပထားသူေတြကေရာ ဘယ္လို အေနအထား ရွိေနလဲ။

အဲဒီလို ကစားသမားေတြကလည္း ခ်န္လွပ္ခံရရင္ မတရားဘူး ခံစားရလိမ့္မယ္။ တစ္ပြဲစီၾကားထဲ ၾကာသြားတာက နွစ္လေလာက္ ရွိသြားျပီ။ ဒဏ္ရာေတြကေန ျပန္ေကာငး္လာတဲ့ ကစားသမားေတြလည္း ရွိေ္နတယ္။ ေလာ့ဖ္တပ္ခ်ိစ္လို ကစားသမားေတြ ရာနႈန္းျပည့္ ေကာင္းေနဖို႔ ေမွ်ာ္လင့္နုိင္ျပီ။ တခ်ိဳ႕လည္း (စာခ်ဳပ္ကုန္လို႔) အသင္းကေန ထြက္ခြာသြားရဖို႔ ရွိေနတယ္။ လမ္းပတ္အတြက္ လြယ္လြက္ကူကူ ဆံုးျဖတ္ရမွာ မရွိဘူး။ ” လို႔ နယ္ဗင္က သံုးသပ္သြားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းမွာ ၀ီလီယံ၊ ပက္ဒရိုတို႔လို စာခ်ဳပ္ကုန္ဆံုးေတာ့မယ့္ ကစားသမားေတြ ရွိေနျပီး ၄င္းတုိ႔ကို ထည့္ သံုးရမလားဆိုတာလည္း ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ ျဖစ္ပါတယ္။