လက်ရှိ ချယ်ဆီးအသင်း လူအင်အားနဲ့ အပြောင်းအရွှေ့အကြောင်း လမ်းပတ် မှတ်ချက်ပြု

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က သူ့လက်ရှိအသင်း လူစာရင်း အင်အားအကြောင်း မှတ်ချက်ပြုလိုက်ပြီး ကစားသမား ခေါ်ယူလိုတဲ့ အနေအထား အပေါ် အင်တာဗျူးမှာ ဝန်ခံ ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။

” ကျနော့် လက်ရှိ ရထားတဲ့ လူစာရင်းကအပေါ် ရင်ခုန်ကျေနပ်မိတာပေါ့။ ကျနေ်ာတို့မှာ စိတ်လှုပ်ရှားစရာ လူငယ် ကစားသမားတွေ အများကြီး ရှိထားတယ်။ တကယ်လို့သာ တချို့နေရတာတွေမှာ ကစားသမားသစ်တွေ နည်းနည်း အားဖြည့်နိုင်ရင်တော့ ပိုကောင်းမယ် ခံစားမိတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီကလည်း ကစားသမား တစ်ယောက်မှ မခေါ်နိုငခဲ့ဘူးလေ။ အဲဒီတုန်းက ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူးပေါ့ဗျာ။ ပြီးခဲ့တဲ့ နွေကရောပဲ ကျနေ်ာတို့ ခေါ်ယူခွင့် မရှိခဲ့ဘူး။ အပြောင်းအရွှေ့ ကာလတွေ ကျော်ခဲ့ပေမယ့် ကစားသမားသစ် မခေါ်ယူနိုင်ခဲ့ဘူး။

လက်ရှိ အသင်း လူစာရင်းကို ကျနော် ကျေနပ် သဘောကျပါတယ်။ ဒါပေမယ့် လူမှန် နေရာမှန် ထပ်ဖြည့်နိုင်ရင် ပိုကောင်း လာဦးမယ်ဆိုတာ ကျနော်တို့ အားလုံး သိကြတာပဲ။ ” လို့ လမ်းပတ်က ဖြေကြားခဲ့ပါတယ်။

လာမယ့် နွေအတွက် ဇီယက်ကို ကြိုတင် ရထားပြီး ဖြစ်ပေမယ့် အခြား အပြောင်းအရွှေ့ အစီအစဉ်နဲ့ အသုံးစရိတ်တွေ ကိစ္စကတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရသးပါဘူး။ ချယ်ဆီးဟာ အပြောင်းအရွှေ့ ပိတ်ခံထားရတဲ့ ကာလအတွင်း ဟာဇက်ကို ရီးရဲလ်မက်ဒရစ်ထံ ယူရို သန်း ၁၀၀ နဲ့ ရောင်းချထားပြီး နွေအတွက် ယူရို သန်း ၁၇၀ လောက်ထိ အသုံးစရိတ် ရဦးမယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ ကပ်ရောဂါကြောင့် ကလပ်အသင်းတွေ အကြပ်အတည်း ကိုယ်စီရှိနေကြပြီး ဈေးကွက်အဖွင့်မှာ ဘယ်လို ဖြစ်လာဦးမလဲ မသေချာသေးဘူး ဆိုရမှာပါ။ ချယ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ် ကလပ်တွေထဲ ကစားသမားခေါ်ယူဖို့ လုံလောက်တဲ့ အင်အားရှိနေဆဲလို့ ဆိုနိုင်ဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က သူ႔လက္ရွိအသင္း လူစာရင္း အင္အားအေၾကာင္း မွတ္ခ်က္ျပဳလိုက္ျပီး ကစားသမား ေခၚယူလိုတဲ့ အေနအထား အေပၚ အင္တာဗ်ဴးမွာ ၀န္ခံ ေျပာဆိုမႈေတြ ျပဳလုပ္လာပါတယ္။

” က်ေနာ့္ လက္ရွိ ရထားတဲ့ လူစာရင္းကအေပၚ ရင္ခုန္ေက်နပ္မိတာေပါ့။ က်ေန္ာတို႔မွာ စိတ္လႈပ္ရွားစရာ လူငယ္ ကစားသမားေတြ အမ်ားၾကီး ရွိထားတယ္။ တကယ္လို႔သာ တခ်ိဳ႕ေနရတာေတြမွာ ကစားသမားသစ္ေတြ နည္းနည္း အားျဖည့္နိုင္ရင္ေတာ့ ပိုေကာင္းမယ္ ခံစားမိတယ္။

ျပီးခဲ့တဲ့ ဇန္န၀ါရီကလည္း ကစားသမား တစ္ေယာက္မွ မေခၚနုိ္ငခဲ့ဘူးေလ။ အဲဒီတုန္းက ၾကိဳးစားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ဘူးေပါ့ဗ်ာ။ ျပီးခဲ့တဲ့ ေႏြကေရာပဲ က်ေန္ာတို႔ ေခၚယူခြင့္ မရွိခဲ့ဘူး။ အေျပာင္းအေရႊ႕ ကာလေတြ ေက်ာ္ခဲ့ေပမယ့္ ကစားသမားသစ္ မေခၚယူနိုင္ခဲ့ဘူး။

လက္ရွိ အသင္း လူစာရင္းကုိ က်ေနာ္ ေက်နပ္ သေဘာက်ပါတယ္။ ဒါေပမယ့္ လူမွန္ ေနရာမွန္ ထပ္ျဖည့္နိုင္ရင္ ပိုေကာင္း လာဦးမယ္ဆိုတာ က်ေနာ္တို႔ အားလံုး သိၾကတာပဲ။ ” လို႔ လမ္းပတ္က ေျဖၾကားခဲ့ပါတယ္။

လာမယ့္ ေႏြအတြက္ ဇီယက္ကို ၾကိဳတင္ ရထားျပီး ျဖစ္ေပမယ့္ အျခား အေျပာင္းအေရႊ႕ အစီအစဥ္နဲ႕ အသံုးစရိတ္ေတြ ကိစၥကေတာ့ အခုထိ ရွင္းရွင္းလင္းလင္း မသိရသးပါဘူး။ ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႕ ပိတ္ခံထားရတဲ့ ကာလအတြင္း ဟာဇက္ကို ရီးရဲလ္မက္ဒရစ္ထံ ယူရို သန္း ၁၀၀ နဲ႕ ေရာင္းခ်ထားျပီး ေႏြအတြက္ ယူရို သန္း ၁၇၀ ေလာက္ထိ အသံုးစရိတ္ ရဦးမယ္လို႔ ယူဆရပါတယ္။

ဒါေပမယ့္ ကိုရိုနာဗိုင္းရပ္စ္နဲ႕ ကပ္ေရာဂါေၾကာင့္ ကလပ္အသငး္ေတြ အၾကပ္အတည္း ကိုယ္စီရွိေနၾကျပီး ေစ်းကြက္အဖြင့္မွာ ဘယ္လို ျဖစ္လာဦးမလဲ မေသခ်ာေသးဘူး ဆိုရမွာပါ။ ခ်ယ္ဆီးအသင္းကေတာ့ ပရီးမီးယားလိဂ္ ကလပ္ေတြထဲ ကစားသမားေခၚယူဖို႔ လံုေလာက္တဲ့ အင္အားရွိေနဆဲလို႔ ဆိုနုိင္ဖြယ္ ရွိပါတယ္။