လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် တောင်းဆိုမှုတစ်ခု လုပ်ထားတဲ့ ချယ်ဆီး

လန်ဒန် အခြေစိုက်ကလပ် ချယ်ဆီး အသင်းကဟာ ပရီးမီးယားလိဂ် ပွဲတွေ ပြန်စရင် နည်းပြတွေ အတွက် ပွဲချိန်အတွင်း ရွေးချယ်စရာ ပိုများစေဖို့ အရန် ကစားသမား ၇ ယောက်က်နေ် ၉ ယောက်ထိ တိုးမြှင့် ခွင့်ပြုပေးရန် တောင်းဆိုထားကြောင်း သိရပါတယ်။

အရန်ကစားသမား ပိုတိုးလိုက်ရင် ပွဲအတွက် ကစားသမား ၁၈ယောက် ကနေ ၂၀ယောက် အထိ တိုးမြှင့်သွားမှာဖြစ်ပြီး ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ ကတော့ ဒီအချက်ကို ခွင့်ပြုသင့် မသင့် ဇွန်၁ ၁မှာ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ လူစားလဲမှု ၃ကြိမ်ကနေ ၅ကြိမ်အထိ တိုးမြှင့်ခွင့်ပြုပေးဖို့ကိုလည်း ဆွေးနွေးမှာဖြစ်ပေမယ့် ဒါကတော့ ချယ်ဆီးအသင်း အရင် တောင်းဆိုထားတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနှစ်ချက်လုံးကို လက်ကျန်ပွဲတွေ အတွက် အသုံးပြုဖို့ ဆွေးနွေးမှာ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ မှာလည်း ထိုအချက်များ အသုံးပြုနေတာပါတယ်။

ဘောလုံးပွဲတွေ မရှိဘဲ ၃ လလောက် အနားယူပြီးမှ အခုလို ပွဲတွေ ပြန်လည်စတင်တဲ့အခါ ပွဲဆက်ပြတ်နေတဲ့ ဘောလုံးသမားတွေရဲ့ ဒဏ်ရာပြဿနာတွေ တိုးပွားလာနိုင်ပါတယ်။ ပွဲတွေ ပြန်စတဲ့ ၇ပတ် ကာလအတွင်း လိဂ်ပွဲစဉ် ၉ပွဲနဲ့ အက်ဖ်အေလား နောက်ဆုံးဖိုင်နယ် ၃ဆင့် ကစားရမှာကလည်း ရှိနေပါတယ်။

ချယ်ဆီး အသင်းဟာ အက်စ်တွန်ဗီလာနဲ့ ကစားဖို့ပွဲက နီးကပ်လာနေပေမယ့် လုံခြုံရေးကို စိုးရိမ်နေဆဲ ဖြစ်တဲ့ ကွင်းလယ်လူ ကန်တေ မရှိတာ က လမ်းပတ်အတွက် ထိခိုက်နစ်နာစရာလဲ ဖြစ်ခဲ့ပါတယ်။ ကန်တေက တစ်ဦးတည်း လေ့ကျင့်ဖို့ သဘောတူခဲ့ပေမယ့် အသင်းက ကစားသမား ရဲ့ စိုးရိမ်မှုအပေါ် လေးစားမှုရှိတာကြောင့် အသင်းဖော်တွေနဲ့ အတူ ပူးပေါင်းဖို့ ဖိအားပေးခြင်း မရှိပါဘူး။

လူစားလဲမှု အရေအတွက် တိုးမြှင့်တာက ဘောလုံး ရာသီ နောက်ဆုံး အပတ်တွေမှာ ကလပ်များစွာက အကယ်ဒမီ ကစားသမား တွေအတွက် အခွင့်အရေး ပိုပေးနိုင်စေပါတယ်။

Zawgyi – လန္ဒန္ အေျခစိုက္ကလပ္ ခ်ယ္ဆီး အသင္းကဟာ ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စရင္ နည္းျပေတြ အတြက္ ပြဲခ်ိန္အတြင္း ေရြးခ်ယ္စရာ ပိုမ်ားေစဖို႔ အရန္ ကစားသမား ၇ ေယာက္က္ေန္ ၉ ေယာက္ထိ တိုးျမွင့္ ခြင့္ျပဳေပးရန္ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။

အရန္ကစားသမား ပိုတိုးလိုက္ရင္ ပြဲအတြက္ ကစားသမား ၁၈ေယာက္ ကေန ၂၀ေယာက္ အထိ တိုးျမႇင့္သြားမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြ ကေတာ့ ဒီအခ်က္ကို ခြင့္ျပဳသင့္ မသင့္ ဇြန္၁ ၁မွာ မဲခြဲ ဆံုးျဖတ္ၾကမွာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာ လူစားလဲမႈ ၃ႀကိမ္ကေန ၅ႀကိမ္အထိ တိုးျမႇင့္ခြင့္ျပဳေပးဖို႔ကိုလည္း ေဆြးေႏြးမွာျဖစ္ေပမယ့္ ဒါကေတာ့ ခ်ယ္ဆီးအသင္း အရင္ ေတာင္းဆိုထားတဲ့ ကိစၥ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီနွစ္ခ်က္လံုးကို လက္က်န္ပြဲေတြ အတြက္ အသံုးျပဳဖို႔ ေဆြးေႏြးမွာ ျဖစ္ျပီး ဘြန္ဒက္စ္လီဂါ မွာလည္း ထိုအခ်က္မ်ား အသုံးျပဳေနတာပါတယ္။

ေဘာလံုးပြဲေတြ မရွိဘဲ ၃ လေလာက္ အနားယူျပီးမွ အခုလို ပြဲေတြ ျပန္လည္စတင္တဲ့အခါ ပြဲဆက္ျပတ္ေနတဲ့ ေဘာလုံးသမားေတြရဲ႕ ဒဏ္ရာျပႆနာေတြ တိုးပြားလာႏိုင္ပါတယ္။ ပြဲေတြ ျပန္စတဲ့ ၇ပတ္ ကာလအတြင္း လိဂ္ပြဲစဥ္ ၉ပြဲနဲ႔ အက္ဖ္ေအလား ေနာက္ဆံုးဖိုင္နယ္ ၃ဆင္​့ ကစားရမွာကလည္း ရွိေနပါတယ္။

ခ်ယ္ဆီး အသင္းဟာ အက္စ္တြန္ဗီလာနဲ႔ ကစားဖို႔ပြဲက နီးကပ္လာေနေပမယ့္ လုံၿခဳံေရးကို စိုးရိမ္ေနဆဲ ျဖစ္တဲ့ ကြင္းလယ္လူ ကန္ေတ မရွိတာ က လမ္းပတ္အတြက္ ထိခိုက္နစ္နာစရာလဲ ျဖစ္ခဲ့ပါတယ္။ ကန္ေတက တစ္ဦးတည္း ေလ့က်င့္ဖို႔ သေဘာတူခဲ့ေပမယ့္ အသင္းက ကစားသမား ရဲ႕ စိုးရိမ္မႈအေပၚ ေလးစားမႈရွိတာေၾကာင့္ အသင္းေဖာ္ေတြနဲ႕ အတူ ပူးေပါင္းဖို႔ ဖိအားေပးျခင္း မရွိပါဘူး။

လူစားလဲမႈ အေရအတြက္ တိုးျမႇင့္တာက ေဘာလံုး ရာသီ ေနာက္ဆံုး အပတ္ေတြမွာ ကလပ္မ်ားစြာက အကယ္ဒမီ ကစားသမားေတြအတြက္ အခြင့္အေရး ပိုေပးႏိုင္ေစပါတယ္။