ဆာရီ ချယ်ဆီးနည်းပြ ဖြစ်စဉ်က ရုန်းကန်ခဲ့ရတဲ့ ကစားသမား နှစ်ဦး

ချယ်ဆီးအသင်း လက်ထောက်နည်းပြဟောင်း ဖြစ်ပြီး ကစားသမားဟောင်းကြီးလည်း ဖြစ်တဲ့ ဇိုလာက ယခင် နည်းပြ ဆာရီ ရှိစဉ်က ချယ်ဆီးတိုက်စစ်သမားတွေ ဖြစ်တဲ့ ဟာဇက်နဲ့ ဝီလီယံတို့ဟာ အီတလီသားကြီးရဲ့ နည်းစနစ်တွေနဲ့ အဆင်မပြေခဲ့ကြကြောင်း ဖွင့်ဟ ပြောဆိုလာပါတယ်။ ဇိုလာက ထိုစဉ်က ဆာရီရဲ့ လက်ထောက် နည်းပြ အဖြစ် တာဝန်ယူခဲ့ရပါတယ်။

အီတလီသား နည်းပြကြီး ဆာရီဟာ ကွန်တီရဲ့ နေရာကို ၂၀၁၈ နွေမှာ အစားဝင်လာခဲ့တာ ဖြစ်ပြီး ၎င်း နည်းပြ တာဝန်ယူခဲ့တဲ့ တစ်ရာသီမှာ ချယ်ဆီးအသင်းကို ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာနဲ့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲအောင် စွမ်းဆောင်သွားခဲ့ပါတယ်။

ဒါပေမယ့် နည်းပြ ဆာရီရဲ့ နည်းဗျူဟာပိုင်းတွေနဲ့ အတွေးအခေါ်တွေက ချယ်ဆီး အသင်းသားတွေနဲ့တော့ အံမဝင်ခဲ့ဘဲ အဆင်မပြေမှု တွေကြောင့် တစ်ရာသီ အပြီးမှာပဲ နည်းပြ အဖြစ်က ထွက်ခွာသွားခဲ့ပါတယ်။ ဆာရီ နည်းပြသက်တမ်းမှာ ချယ်ဆီး အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ ဟာဇက်နဲ့ ဝါရင့် တိုက်စစ်သမား ဝီလီယံတို့က အစ နည်းစနစ်တွေကို အသားမကျဘဲ ရုန်းကန်ခဲ့ရတယ်လို့ ဇိုလာက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” ဟာဇက်နဲ့ ဝီလီယံတို့ဟာ အရည်အသွေးမြင့်၊ ပင်ကိုစွမ်းရည် မြင့်မားကြတဲ့ ကစားသမားတွေ ဖြစ်တယ်။ သူတို့ က ကိုယ်ပိုင် ကစားဟန်နဲ့ ရှိကြပြီး ပွဲတစ်ပွဲကို ဘယ်လို အနိုင်ယူရမလဲဆိုတာ ကောင်းကောင်းသိသူတွေပါ။ ဒါပေမယ့် ဆာရီရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ၊ နည်းစနစ်ပိုင်းတွေက သူတို့နဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်ခဲ့ပါဘူး။ အသင်းတစ်သင်းလုံး အရ ကြည့်မယ်ဆိုရင်တော့ ဒါတွေက လိုအပ်တာ မှန်ပါတယ်။

ကျွန်‌တော် ရိုးရိုးသားသား ပြောရမယ်ဆိုရင် သူတို့ဟာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ နည်းစနစ်ပိုင်းအရ အဆင်မပြေ ဖြစ်နေပေမယ့် သူတို့ လုပ်စရာရှိတာတွေကိုတော့ အပြည့်အဝ လုပ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ အဲဒီရာသီမှာ အကောင်းဆုံး ရှေ့ဆက်နိုင်ခဲ့တာပါ။

ဆာရီနည်းစနစ်တွေကို အစကတော့ ကစားသမားတွေအားလုံး သဘောကျခဲ့ကြတာပါ။ ဒါပေမဲ့လည်း ပွဲဆက်တွေ များလာလေလေ၊ ပင်ပန်းလာ လေလေ ဖြစ်လာတဲ့အခါမှာတော့ ဒီနည်းစနစ်ကြီးကို သူတို့တွေ ငြီးငွေ့လာခဲ့ကြတယ်။ ” လို့ ဇိုလာက ပြောကြားခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း လက္ေထာက္နည္းျပေဟာင္း ျဖစ္ျပီး ကစားသမားေဟာင္းၾကီးလည္း ျဖစ္တဲ့ ဇိုလာက ယခင္ နည္းျပ ဆာရီ ရွိစဥ္က ခ်ယ္ဆီးတိုက္စစ္သမားေတြ ျဖစ္တဲ့ ဟာဇက္နဲ႕ ၀ီလီယံတို႔ဟာ အီတလီသားၾကီးရဲ႕ နည္းစနစ္ေတြနဲ႕ အဆင္မေျပခဲ့ၾကေၾကာင္း ဖြင့္ဟ ေျပာဆိုလာပါတယ္။ ဇိုလာက ထိုစဥ္က ဆာရီရဲ႕ လက္ေထာက္ နည္းျပ အျဖစ္ တာ၀န္ယူခဲ့ရပါတယ္။

အီတလီသား နည္းျပၾကီး ဆာရီဟာ ကြန္တီရဲ႕ ေနရာကို ၂၀၁၈ ေႏြမွာ အစား၀င္လာခဲ့တာ ျဖစ္ျပီး ၄င္း နည္းျပ တာ၀န္ယူခဲ့တဲ့ တစ္ရာသီမွာ ခ်ယ္ဆီးအသင္းကို ပရီးမီးယားလိဂ္မွာ အဆင့္ ၃ ေနရာနဲ႕ ယူရိုပါလိဂ္မွာ ဗိုလ္စြဲေအာင္ စြမ္းေဆာင္သြားခဲ့ပါတယ္။

ဒါေပမယ့္ နည္းျပ ဆာရီရဲ႕ နည္းဗ်ဴဟာပိုင္းေတြနဲ႕ အေတြးအေခၚေတြက ခ်ယ္ဆီး အသင္းသားေတြနဲ႕ေတာ့ အံမ၀င္ခဲ့ဘဲ အဆင္မေျပမႈ ေတြေၾကာင့္ တစ္ရာသီ အျပီးမွာပဲ နည္းျပ အျဖစ္က ထြက္ခြာသြားခဲ့ပါတယ္။ ဆာရီ နည္းျပသက္တမ္းမွာ ခ်ယ္ဆီး အေကာင္းဆံုး ကစားသမားတစ္ဦး ျဖစ္ခဲ့တဲ့ ဟာဇက္နဲ႕ ၀ါရင့္ တိုက္စစ္သမား ၀ီလီယံတို႔က အစ နည္းစနစ္ေတြကို အသားမက်ဘဲ ရုန္းကန္ခဲ့ရတယ္လို႔ ဇိုလာက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

” ဟာဇက္နဲ႔ ဝီလီယံတို႔ဟာ အရည္အေသြးျမင့္၊ ပင္ကိုစြမ္းရည္ ျမင့္မားၾကတဲ့ ကစားသမားေတြ ျဖစ္တယ္။ သူတို႔ က ကိုယ္ပိုင္ ကစားဟန္နဲ႔ ရွိၾကၿပီး ပြဲတစ္ပြဲကို ဘယ္လို အႏိုင္ယူရမလဲဆိုတာ ေကာင္းေကာင္းသိသူေတြပါ။ ဒါေပမယ့္ ဆာရီရဲ႕ ေလ့က်င့္ခန္း အစီအစဥ္ေတြ၊ နည္းစနစ္ပိုင္းေတြက သူတို႔နဲ႔ ဘယ္လိုမွ သဟဇာတ မျဖစ္ခဲ့ပါဘူး။ အသင္းတစ္သင္းလုံး အရ ၾကည့္မယ္ဆိုရင္ေတာ့ ဒါေတြက လိုအပ္တာ မွန္ပါတယ္။

ကြၽန္‌ေတာ္ ႐ိုး႐ိုးသားသား ေျပာရမယ္ဆိုရင္ သူတို႔ဟာ အေကာင္းဆုံး စြမ္းေဆာင္ႏိုင္ခဲ့ၾကပါတယ္။ နည္းစနစ္ပိုင္းအရ အဆင္မေျပ ျဖစ္ေနေပမယ့္ သူတို႔ လုပ္စရာရွိတာေတြကိုေတာ့ အျပည့္အဝ လုပ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔ အဲဒီရာသီမွာ အေကာင္းဆုံး ေရွ႕ဆက္ႏိုင္ခဲ့တာပါ။

ဆာရီနည္းစနစ္ေတြကို အစကေတာ့ ကစားသမားေတြအားလုံး သေဘာက်ခဲ့ၾကတာပါ။ ဒါေပမဲ့လည္း ပြဲဆက္ေတြ မ်ားလာေလေလ၊ ပင္ပန္းလာ ေလေလ ျဖစ္လာတဲ့အခါမွာေတာ့ ဒီနည္းစနစ္ႀကီးကို သူတို႔ေတြ ၿငီးေငြ႕လာခဲ့ၾကတယ္။ ” လို႔ ဇိုလာက ေျပာၾကားခဲ့ပါတယ္။