ဥရောပထိပ်သီး နှစ်သင်းက ချယ်ဆီးကွင်းလယ်သမားကို ချိတ်ဆက်နေကြောင်း အေးဂျင့် အတည်ပြု

ချယ်ဆီးအသင်းရဲ့ အီတလီသား ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ကို ခေါ်ယူလိုတာကြောင့် ဆက်သွယ်မေးမြန်းလာတဲ့ ဥရောပ ထိပ်သီး ကလပ်အသင်းများ ရှိနေပြီလို့ အေးဂျင့် ဖြစ်သူက အတည်ပြု ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဂျော်ဂျင်ဟိုက လန်ဒန်မှာ ပျော်ရွှင်နေတယ် ဆိုပေမယ့် နွေမှာ အသင်းပြောင်းဖို့ သတင်းကြီးတဲ့ ကစားသမားတွေထဲ ၎င်းက ပါဝင်နေပါတယ်။

ဂျော်ဂျင်ဟိုရဲ့ အေးဂျင့် ဖြစ်တဲ့ ဂျာအို ဆန်တိုစ်ကတော့ သူ့ ကစားသမားကို ခေါ်ဖို့ ဥရောပ ထိပ်သီးကလပ် နှစ်သင်းက ဆက်သွယ်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။

ချယ်ဆီးအသင်းဟာ ၂၀၁၈ နွေမှာ ဂျော်ဂျင်ဟိုကို နာပိုလီအသင်းထံကနေ ပေါင် ၅၇ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ထိုစဉ်က မန်စီးတီးနဲ့ အပြိုင် ခေါ်ယူခဲ့ရတာပါ။ အီတလီသားရဲ့ ဆရာရင်း ဖြစ်သူ ဆာရီက ချယ်ဆီးကနေ ထွက်ခွာသွားတာကြောင့် ဂျော်ဂျင်ဟိုလည်း မကြာခင် အသင်းပြောင်းမယ်လို့ ထင်ကြေး ပေးမှုတွေ ရှိခဲ့ပေမယ့် ၎င်းက လမ်းပတ် အသင်းမှာ ပါဝင် ကစားရင် အခြေကျလာခဲ့ပါတယ်။

နည်းပြ ဆာရီက ချယ်ဆီးက ထွက်ခွာသွားပြီးနောက် ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီး ဒီနွေမှာ ဂျူဗင်တပ်က ဂျော်ဂျင်ဟို ကို ခေါ်ယူလိုတယ် သတင်းထွက်လာပါတယ်။ ဒါပေမယ့် အေးဂျင့်ကတော့ အီတလီအသင်းတွေထံက ကမ်းလှမ်းမှု မရသေးကြောင်း ဆိုခဲ့ပါတယ်။

” ဂျော်ဂျင်ဟိုက ချယ်ဆီးအသင်းနဲ့ စာချုပ် သက်တမ်း သုံးနှစ် ကျန်ပါသေးတယ်။ အသင်းမှာ သူ ကောင်းကောင်း လုပ်နိုင်နနေတယ်။ ဒါပေမယ့် သိပ်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရဦးမလားက စောင့်ကြည့်ရဦးမှာပါ။ အခု သူ့အတွက် ဥရောပ ထိပ်သီး ကလပ်အသင်း နှစ်သင်းကတော့ ဆက်သွယ်လာတယ်။ အီတလီအသင်းတွေတော့ မဟုတ်ဘူး။ ” လို့ ဂျော်ဂျင်ဟိုရဲ့ အေးဂျင့် ဖြစ်တဲ့ ဂျာအို ဆန်တိုစ်ကတော့ ဆိုပါတယ်။

ဂျော်ဂျင်ဟို ကတော့ ချယ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်ရင် အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့သာ ပြင်ဆင်လေ့ကျင့် နေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ အီတလီသား ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟို ကို ေခၚယူလိုတာေၾကာင့္ ဆက္သြယ္ေမးျမန္းလာတဲ့ ဥေရာပ ထိပ္သီး ကလပ္အသင္းမ်ား ရွိေနျပီလို႔ ေအးဂ်င့္ ျဖစ္သူက အတည္ျပဳ ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။ ေဂ်ာ္ဂ်င္ဟိုက လန္ဒန္မွာ ေပ်ာ္ရႊင္ေနတယ္ ဆိုေပမယ့္ ေႏြမွာ အသင္းေျပာင္းဖို႔ သတင္းၾကီးတဲ့ ကစားသမားေတြထဲ ၄င္းက ပါ၀င္ေနပါတယ္။

ေဂ်ာ္ဂ်င္ဟိုရဲ႕ ေအးဂ်င့္ ျဖစ္တဲ့ ဂ်ာအို ဆန္တိုစ္ကေတာ့ သူ႔ ကစားသမားကို ေခၚဖို႔ ဥေရာပ ထိပ္သီးကလပ္ နွစ္သင္းက ဆက္သြယ္ခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလာခဲ့တာပါ။

ခ်ယ္ဆီးအသင္းဟာ ၂၀၁၈ ေႏြမွာ ေဂ်ာ္ဂ်င္ဟိုကို နာပိုလီအသင္းထံကေန ေပါင္ ၅၇ သန္းနဲ႕ ေခၚယူခဲ့တာ ျဖစ္ျပီး ထိုစဥ္က မန္စီးတီးနဲ႕ အျပိဳင္ ေခၚယူခဲ့ရတာပါ။ အီတလီသားရဲ႕ ဆရာရင္း ျဖစ္သူ ဆာရီက ခ်ယ္ဆီးကေန ထြက္ခြာသြားတာေၾကာင့္ ေဂ်ာ္ဂ်င္ဟိုလည္း မၾကာခင္ အသင္းေျပာင္းမယ္လို႔ ထင္ေၾကး ေပးမႈေတြ ရွိခဲ့ေပမယ့္ ၄င္းက လမ္းပတ္ အသင္းမွာ ပါ၀င္ ကစားရင္ အေျခက်လာခဲ့ပါတယ္။

နည္းျပ ဆာရီက ခ်ယ္ဆီးက ထြက္ခြာသြားျပီးေနာက္ ဂ်ဴဗင္တပ္အသင္းထံ ေျပာင္းေရႊ႕သြားခဲ့ျပီး ဒီေႏြမွာ ဂ်ဴဗင္တပ္က ေဂ်ာ္ဂ်င္ဟို ကို ေခၚယူလိုတယ္ သတင္းထြက္လာပါတယ္။ ဒါေပမယ့္ ေအးဂ်င့္ကေတာ့ အီတလီအသင္းေတြထံက ကမ္းလွမ္းမႈ မရေသးေၾကာင္း ဆိုခဲ့ပါတယ္။

” ေဂ်ာ္ဂ်င္ဟိုက ခ်ယ္ဆီးအသင္းနဲ႕ စာခ်ဳပ္ သက္တမ္း သံုးနွစ္ က်န္ပါေသးတယ္။ အသင္းမွာ သူ ေကာင္းေကာင္း လုပ္နုိင္နေနတယ္။ ဒါေပမယ့္ သိပ္ေကာင္းမြန္တဲ့ ကမ္းလွမ္းမႈေတြ ရဦးမလားက ေစာင့္ၾကည့္ရဦးမွာပါ။ အခု သူ႔အတြက္ ဥေရာပ ထိပ္သီး ကလပ္အသင္း နွစ္သင္းကေတာ့ ဆက္သြယ္လာတယ္။ အီတလီအသင္းေတြေတာ့ မဟုတ္ဘူး။ ” လို႔ ေဂ်ာ္ဂ်င္ဟိုရဲ႕ ေအးဂ်င့္ ျဖစ္တဲ့ ဂ်ာအို ဆန္တိုစ္ကေတာ့ ဆိုပါတယ္။

ေဂ်ာ္ဂ်င္ဟို ကေတာ့ ခ်ယ္ဆီးအသင္းနဲ႕ အတူ ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စတင္ရင္ အေကာင္းဆံုး ေျခစြမ္းျပနုိင္ဖို႔သာ ျပင္ဆင္ေလ့က်င့္ ေနပါတယ္။