ကြောက်ရွံ့နေတဲ့ ကန်တေနဲ့ သေချာပြောဆိုဆွေးနွေးဦးမယ့် ချယ်ဆီးနည်းပြ လမ်းပတ်

ပရီးမီးယားလိဂ်ဟာ ပွဲတွေ ပြန်စဖို့ နောက်ထပ် ခြေလှမ်း တစ်ရပ် အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် တွန်းတိုက် ထိတွေ့တဲ့ လေ့ကျင့်မှုတွေ ပြန်လုပ်နိုင်ပြီလို့ မနေ့က အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယခင် အုပ်စုငယ်တွေနဲ့ ခပ်လှမ်းလှမ်းလေ့ကျင့်နေကြတဲ့ ကလပ်အသင်းတွေဟာ လေ့ကျင့်မှုတွေကို ပို အရှိန်မြှင့် လုပ်ဆောင်ကြတော့မှာပါ။

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကတော့ ဒီအခြေအနေမှာ ထရိန်နင် လာဖို့ စိုးရွံ့နေဆဲ ဖြစ်တဲ့ ကွင်းလယ် ကစားသမား ကန်တေနဲ့ ထပ်မံပြီး သေချာပြောဆို ဆွေးနွေးဖို့ စီစဉ်နေပါတယ်။ ချယ်ဆီးအသင်းနဲ့ နည်းပြ လမ်းပတ်ကတော့ ပြန်လေ့ကျင့်ဖို့ ကစားဖို့ ငြင်းဆန်နေတဲ့ ကစားသမား ကို အပြည့်အ၀ နားလည် ထောက်ခံမှု ပေးထားပါတယ်။

ကန်တေက သူ့ကျန်းမာရေး အတွက် သေချာ လုံခြုံစိတ်ချရတဲ့ အနေအထား ရောက်မှသာ အသင်းထံ ပြန်လာလိုနေတာကြောင့် ရာသီကုန်ထိ နားနေဖို့ ချယ်ဆီးက ခွင့်ပြုထားပါတယ်။ ပရီးမီးယားလိဂ်က ထပ်မံ ခြေလှမ်း တိုးလိုက်တာကြောင့် နည်းပြ လမ်းပတ်က ကန်တေကို ထပ်မံ ဆွေးနွေးပြီး နှစ်သိမ့်ပေးဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်သားဟာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများကိုတော့ ပူးပေါင်းပါဝင်ခဲ့ပြီး အသင်း လေ့ကျင့်ရေးကိုသာ ပျက်ကွက်ထားတာ ဖြစ်ပါတယ်။ ၎င်းက လွန်ခဲ့တဲ့ နှစ်နှစ်ကလည်း အသင်းထရိန်နင်မှာ မူးလဲဖူးပြီး သူ့ရဲ့ အစ်ကိုဖြစ်သူကလည်း နှလုံးရောဂါနဲ့ ဆုံးပါးထားတာကြောင့် ကျန်းမာရေး အပေါ် ပိုပြီး စိုးရွံ့နေတာ ဖြစ်ပါတယ်။

ကန်တေရဲ့ ချယ်ဆီး အသင်းဖော်တွေကလည်း ၎င်းရဲ့ ဆုံးဖြတ်ချက်ကို နားလည် ထောက်ခံကြောင်း ဆိုထားကြပြီး ပရီးမီးယားလိဂ်မှာ ကန်တေ အပါအဝင် ပြန် မကစားချင် လေ့မကျင့်ချင်သေးဘဲ ပျက်ကွက်နေတဲ့ ကစားသမား အချို့လည်း ရှိပါတယ်။ ပရီးမီးယားလိဂ်ကတော့ ဇွန်လထဲမှာ ပွဲစဉ်များ ကွင်းပိတ်ပြီး ပြန် ကစားဖို့ အရှိန်မြှင့် စီစဉ်နေပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ဟာ ပြဲေတြ ျပန္စဖို႔ ေနာက္ထပ္ ေျခလွမ္း တစ္ရပ္ အေနနဲ႕ တစ္ေယာက္နဲ႕ တစ္ေယာက္ တြန္းတိုက္ ထိေတြ႕တဲ့ ေလ့က်င့္မႈေတြ ျပန္လုပ္နိုင္ျပီလို႔ မေန႔က အတည္ျပဳခဲ့ျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ယခင္ အုပ္စုငယ္ေတြနဲ႕ ခပ္လွမ္းလွမ္းေလ့က်င့္ေနၾကတဲ့ ကလပ္အသင္းေတြဟာ ေလ့က်င့္မႈေတြကို ပို အရွိန္ျမွင့္ လုပ္ေဆာင္ၾကေတာ့မွာပါ။

ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ကေတာ့ ဒီအေျခအေနမွာ ထရိန္နင္ လာဖို႔ စိုးရြံ႕ေနဆဲ ျဖစ္တဲ့ ကြင္းလယ္ ကစားသမား ကန္ေတနဲ႕ ထပ္မံျပီး ေသခ်ာေျပာဆို ေဆြးေႏြးဖို႔ စီစဥ္ေနပါတယ္။ ခ်ယ္ဆီးအသင္းနဲ႕ နည္းျပ လမ္းပတ္ကေတာ့ ျပန္ေလ့က်င့္ဖို႔ ကစားဖို႔ ျငင္းဆန္ေနတဲ့ ကစားသမား ကို အျပည့္အ၀ နားလည္ ေထာက္ခံမႈ ေပးထားပါတယ္။

ကန္ေတက သူ႔က်န္းမာေရး အတြက္ ေသခ်ာ လံုျခံဳစိတ္ခ်ရတဲ့ အေနအထား ေရာက္မွသာ အသင္းထံ ျပန္လာလိုေနတာေၾကာင့္ ရာသီကုန္ထိ နားေနဖို႔ ခ်ယ္ဆီးက ခြင့္ျပဳထားပါတယ္။ ပရီးမီးယားလိဂ္က ထပ္မံ ေျခလွမ္း တိုးလိုက္တာေၾကာင့္ နည္းျပ လမး္ပတ္က ကန္ေတကို ထပ္မံ ေဆြးေႏြးျပီး နွစ္သိမ့္ေပးဖို႔ ျပင္ဆင္လာခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္သားဟာ ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးမႈမ်ားကိုေတာ့ ပူးေပါင္းပါ၀င္ခဲ့ျပီး အသင္း ေလ့က်င့္ေရးကိုသာ ပ်က္ကြက္ထားတာ ျဖစ္ပါတယ္။ ၄င္းက လြန္ခဲ့တဲ့ နွစ္နွစ္ကလည္း အသင္းထရိန္နင္မွာ မူးလဲဖူးျပီး သူ႔ရဲ႕ အစ္ကိုျဖစ္သူကလည္း နွလံုးေရာဂါနဲ႕ ဆံုးပါးထားတာေၾကာင့္ က်န္းမာေရး အေပၚ ပိုျပီး စိုးရြံ႕ေနတာ ျဖစ္ပါတယ္။

ကန္ေတရဲ႕ ခ်ယ္ဆီး အသင္းေဖာ္ေတြကလည္း ၄င္းရဲ႕ ဆံုးျဖတ္ခ်က္ကို နားလည္ ေထာက္ခံေၾကာင္း ဆိုထားၾကျပီး ပရီးမီးယားလိဂ္မွာ ကန္ေတ အပါအ၀င္ ျပန္ မကစားခ်င္ ေလ့မက်င့္ခ်င္ေသးဘဲ ပ်က္ကြက္ေနတဲ့ ကစားသမား အခ်ိဳ႕လည္း ရွိပါတယ္။ ပရီးမီးယားလိဂ္ကေတာ့ ဇြန္လထဲမွာ ပြဲစဥ္မ်ား ကြင္းပိတ္ျပီး ျပန္ ကစားဖို႔ အရွိန္ျမွင့္ စီစဥ္ေနပါတယ္။