ယူနိုက္တက္ အသင္းေဖာ္ေတြကို ဆပ္ပရိုက္ တိုက္ခဲ့တဲ့ ဘရူနိုဖာနန္ဒက္စ္

မန္ခ်က္စတာယူနိုက္တက္ ကြင္းလယ္သမား ဖာနန္ဒက္စ္က ထရိန္နင္က စစ္ေဆးမႈ ရလဒ္မွာ အသင္းေဖာ္ေတြကို အံ့အားသင့္ေစခဲ့ျပီး သူ ၾကိဳးစားခဲ့တဲ့ အျဖစ္အပ်က္ အေၾကာင္း ရွင္းလင္း ေျပာဆိုမႈ ျပဳလုပ္လာပါတယ္။

ကာရင္ တန္ကို နွစ္လေက်ာ္ၾကာအျပီးပထမဆံုးအျဖစ္ ျပီးခဲ့တဲ့တပတ္မွာ ျပန္လည္ေရာက္ရွိလာခဲ့ျပီးေနာက္ ယူနုိက္တက္က အသင္းသားေတြကို ျပန္လည္ စမ္းသပ္စစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။ ရလဒ္ေတြအရ ဖာနန္ဒက္စ္ဟာ ေလာ့ေဒါင္းကာလအတြင္း အရွိန္နႈန္း ပိုျမန္လာတာကိုေတြ႔ရျပီး အသင္းေဖာ္မ်ား အံ့ၾသခဲ့ၾကရပါတယ္။

ဒီလို ကာလမွာ ပံုမွန္အေျခအေနအတုိင္း ထိန္းထားဖုိ႔ေတာင္ ခက္ခဲေနခ်ိန္ ဖာနန္ဒက္စ္ကေတာ့ သူ အျမန္ႏႈန္းကို တုိးတက္ေအာင္ ထိန္းထားနုိင္ခဲ့ျပီး သူ႔ရဲ႕သမီးေလးက ဒီလို တြန္းအားျဖစ္ေစခဲ့တာပါလုိ႔ ဖာနန္ဒက္စ္ကဆုိပါတယ္။

” ဒီလို ေလာ့ေဒါင္းဟာ စိတ္ပိုင္းဆိုင္ရာထက္ ရုပ္ပိုင္းဆုိင္ရာကို ပိုျပီးလြယ္ကူေစပါတယ္။ ဘာလို႔လဲဆုိေတာ့ ခင္ဗ်ားက ပရိုဂရမ္ အတုိင္း လုိက္နာေနရံုနဲ႔ ခင္ဗ်ားကအဆင္ေျပမွာေလ။ စိတ္ပိုင္းဆိုင္ရာက်ေတာ့ ဒါလည္းေကာင္းတာပါပဲ။ ဘာလုိ႔လဲဆုိေတာ့ က်ေနာ္နဲ႔အတူ မိသားစုရွိေနတယ္ေလ။ ဒီေတာ့ ခင္ဗ်ားက မိသားစုနဲ႔အတူ အခ်ိန္ေတြ အမ်ားၾကီး ကုန္ဆံုးနုိင္တာေပါ့။

က်ေနာ့္မွာ သမီးေလးလည္းရွိေတာ့ သူနဲ႔အတူရွိဖုိ႔ အခ်ိန္အမ်ားၾကီးရတာေပါ့။ ပံုမွန္အားျဖင့္ က်ေနာ့္မွာပြဲေတြ သို႔မဟုတ္ ေလ့က်င့္ေရးရွိတဲ့အခါ၊ အခ်ိန္အမ်ားစုမွာ သူနဲ႕ မေနနုိင္ခဲ့ေပမယ့္ အခုဆို ဒီလိုအခ်ိန္ရတာ ေကာင္းပါတယ္။

ျပီး ကိုယ့္ အိမ္ခန္းမွာက်ေတာ့၊ ခင္ဗ်ားက ကိစၥအမ်ားၾကီးလုပ္လုိ႔ရတယ္ေလ။ သိတယ္မဟုတ္လား၊ တခါတေလက် နံရံတခုနဲ႔တင္ ေလ့က်င့္လို႔ ျဖစ္တယ္၊ ဒီေတာ့ တိတ္တိတ္ဆိတ္ဆိတ္ေနျပီး လြယ္ကူတာေလးေတြကို ၾကိဳးစားရတာေပါ့။ ပံုမွန္အားျဖင့္ေတာ့ အလြယ္ကူဆံုးကိစၥေတြဟာ အေရးအၾကီးဆံုးကိစၥေတြပါပဲ။ ဟုတ္တယ္မလား။ ” လို႔ ဖာနန္ဒက္စ္က ရွင္းလင္းခဲ့ပါတယ္။

ယူနိုက္တက္ဟာ ေလာ့ေဒါင္းကာလအတြင္း တေယာက္ခ်င္းရဲ႕ ၾကံ႕ခုိင္မႈလယ္ဗယ္ကို ေစာင့္ၾကည့္ဖုိ႔ ဂ်ီပီအက္စ္ စနစ္သံုး တိုင္းတာေရး ပစၥည္း ကို အသံုးျပဳခဲ့ၾကရပါတယ္။

အဲဒီက ရလဒ္ေတြကို အသင္းသားေတြ ေလ့က်င့္ေရး တေက်ာ့ျပန္လာတဲ့အခါ ထုတ္ျပန္ေပးခဲ့ျပီး ဖာနန္ဒက္စ္ဟာ နဂိုထက္ အရွိန္ႏႈန္း ပိုျမန္လာကာ အျမန္ဆံုးစာရင္းထဲ ပါေနတာ ေတြ႔ခဲ့ရတာ ျဖစ္ပါတယ္။

Uni – မန်ချက်စတာယူနိုက်တက် ကွင်းလယ်သမား ဖာနန်ဒက်စ်က ထရိန်နင်က စစ်ဆေးမှု ရလဒ်မှာ အသင်းဖော်တွေကို အံ့အားသင့်စေခဲ့ပြီး သူ ကြိုးစားခဲ့တဲ့ အဖြစ်အပျက် အကြောင်း ရှင်းလင်း ပြောဆိုမှု ပြုလုပ်လာပါတယ်။

ကာရင် တန်ကို နှစ်လကျော်ကြာအပြီးပထမဆုံးအဖြစ် ပြီးခဲ့တဲ့တပတ်မှာ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ယူနိုက်တက်က အသင်းသားတွေကို ပြန်လည် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ရလဒ်တွေအရ ဖာနန်ဒက်စ်ဟာ လော့ဒေါင်းကာလအတွင်း အရှိန်နှုန်း ပိုမြန်လာတာကိုတွေ့ရပြီး အသင်းဖော်များ အံ့သြခဲ့ကြရပါတယ်။

ဒီလို ကာလမှာ ပုံမှန်အခြေအနေအတိုင်း ထိန်းထားဖို့တောင် ခက်ခဲနေချိန် ဖာနန်ဒက်စ်ကတော့ သူ အမြန်နှုန်းကို တိုးတက်အောင် ထိန်းထားနိုင်ခဲ့ပြီး သူ့ရဲ့သမီးလေးက ဒီလို တွန်းအားဖြစ်စေခဲ့တာပါလို့ ဖာနန်ဒက်စ်ကဆိုပါတယ်။

” ဒီလို လော့ဒေါင်းဟာ စိတ်ပိုင်းဆိုင်ရာထက် ရုပ်ပိုင်းဆိုင်ရာကို ပိုပြီးလွယ်ကူစေပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက ပရိုဂရမ် အတိုင်း လိုက်နာနေရုံနဲ့ ခင်ဗျားကအဆင်ပြေမှာလေ။ စိတ်ပိုင်းဆိုင်ရာကျတော့ ဒါလည်းကောင်းတာပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်နဲ့အတူ မိသားစုရှိနေတယ်လေ။ ဒီတော့ ခင်ဗျားက မိသားစုနဲ့အတူ အချိန်တွေ အများကြီး ကုန်ဆုံးနိုင်တာပေါ့။

ကျနော့်မှာ သမီးလေးလည်းရှိတော့ သူနဲ့အတူရှိဖို့ အချိန်အများကြီးရတာပေါ့။ ပုံမှန်အားဖြင့် ကျနော့်မှာပွဲတွေ သို့မဟုတ် လေ့ကျင့်ရေးရှိတဲ့အခါ၊ အချိန်အများစုမှာ သူနဲ့ မနေနိုင်ခဲ့ပေမယ့် အခုဆို ဒီလိုအချိန်ရတာ ကောင်းပါတယ်။

ပြီး ကိုယ့် အိမ်ခန်းမှာကျတော့၊ ခင်ဗျားက ကိစ္စအများကြီးလုပ်လို့ရတယ်လေ။ သိတယ်မဟုတ်လား၊ တခါတလေကျ နံရံတခုနဲ့တင် လေ့ကျင့်လို့ ဖြစ်တယ်၊ ဒီတော့ တိတ်တိတ်ဆိတ်ဆိတ်နေပြီး လွယ်ကူတာလေးတွေကို ကြိုးစားရတာပေါ့။ ပုံမှန်အားဖြင့်တော့ အလွယ်ကူဆုံးကိစ္စတွေဟာ အရေးအကြီးဆုံးကိစ္စတွေပါပဲ။ ဟုတ်တယ်မလား။ ” လို့ ဖာနန်ဒက်စ်က ရှင်းလင်းခဲ့ပါတယ်။

ယူနိုက်တက်ဟာ လော့ဒေါင်းကာလအတွင်း တယောက်ချင်းရဲ့ ကြံ့ခိုင်မှုလယ်ဗယ်ကို စောင့်ကြည့်ဖို့ ဂျီပီအက်စ် စနစ်သုံး တိုင်းတာရေး ပစ္စည်း ကို အသုံးပြုခဲ့ကြရပါတယ်။

အဲဒီက ရလဒ်တွေကို အသင်းသားတွေ လေ့ကျင့်ရေး တကျော့ပြန်လာတဲ့အခါ ထုတ်ပြန်ပေးခဲ့ပြီး ဖာနန်ဒက်စ်ဟာ နဂိုထက် အရှိန်နှုန်း ပိုမြန်လာကာ အမြန်ဆုံးစာရင်းထဲ ပါနေတာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။