ဂရီးလစ္ရွ္နဲ႕ ယူနိုက္တက္ အလားအလာကို မွတ္ခ်က္ျပဳလိုက္တဲ့ ဗီလာနည္းျပေဟာင္း

အက္စတြန္ဗီလာ အသင္းရဲ႕နည္းျပေဟာင္းတစ္ဦးျဖစ္သူ မာတင္အိုေနးလ္ က လက္ရွိ အက္စတြန္ဗီလာ ကြင္းလယ္လူ ဂရီးလစ္ရွ္ အေနနဲ႔ ယူႏိုက္တက္အတြက္ ကစားေပးႏိုင္မယ့္အေျခအေနရွိတယ္လို႔ သုံးသပ္ေျပာၾကားလိုက္ပါတယ္။

ဂရီးလစ္ရွ္ ဟာ ယူႏိုက္တက္တို႔ ေခၚယူဖို႔ အဓိက ပစ္မွတ္ထားေနတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ ေဆာင္းရာသီေဈးကြက္မွာထဲက ကမ္းလွမ္းမႈတခ်ိဳ႕ျပဳလုပ္ထားတာျဖစ္ပါတယ္။

ဆိုးလ္ရွား အေနနဲ႔ လာမယ့္ေႏြရာသီမွာ အသင္းေျပာင္းဖို႔ရွိေနတဲ့ ေပါ့ဘာ ရဲ႕ေနရာအစားထိုးႏိုင္ဖို႔အတြက္ လက္စတာကြင္းလယ္လူ မက္ဒီဆင္ နဲ႔ ဗီလာကြင္းလယ္လူ ဂရီးလစ္ရွ္ တို႔ကို ေခၚယူဖို႔အလိုရွိေနတာပါ။

” ဂရီးလစ္ရွ္ ရဲ႕အနာဂတ္ နဲ႔ပက္သက္ၿပီး ေျပာရရင္ အဲ့ဒါက နည္းနည္းေတာ့ ခက္ခဲပါတယ္၊ ယူႏိုက္တက္အတြက္ ကစားေပးႏိုင္သလားဆိုရင္ ေတာ့ အရည္အခ်င္းရွိတဲ့ ဘယ္ကစားသမားမဆိုအသင္းႀကီးမွာ ကစားခ်င္တာက အေသအခ်ာပါပဲ၊ ဒါေၾကာင့္ ယူႏိုက္တက္အတြက္ ကစားေပးႏိုင္ဖို႔ရွိတယ္။ ဒီအတြက္ေတာ့ ေမးခြန္ထုတ္စရာမလိုပါဘူး။ သူဟာ သန္မာလာၿပီး လြန္ခဲ့တဲ့ (၅) ႏွစ္ေလာက္ကထက္ အမ်ားႀကီး ပိုေကာင္းလာပါတယ္။ ” လို႔ အိုေနးလ္ က မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

အက္စတြန္ဗီလာ အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္ၿပီး ကြယ္လယ္ေရာ တိုက္စစ္ကိုပါ လိုက္ပါႏိုင္စြမ္း ရွိတဲ့သူပါ။ ၄င္းက ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး သူ႔ရဲ႕ အဂၤလန္ လက္ေ႐ြးစင္ျဖစ္ဖို႔ အိပ္မက္ ကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားႏိုင္ဖြယ္ရွိေနပါတယ္။

Uni – အက်စတွန်ဗီလာ အသင်းရဲ့နည်းပြဟောင်းတစ်ဦးဖြစ်သူ မာတင်အိုနေးလ် က လက်ရှိ အက်စတွန်ဗီလာ ကွင်းလယ်လူ ဂရီးလစ်ရှ် အနေနဲ့ ယူနိုက်တက်အတွက် ကစားပေးနိုင်မယ့်အခြေအနေရှိတယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

ဂရီးလစ်ရှ် ဟာ ယူနိုက်တက်တို့ ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီဈေးကွက်မှာထဲက ကမ်းလှမ်းမှုတချို့ပြုလုပ်ထားတာဖြစ်ပါတယ်။

ဆိုးလ်ရှား အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့ရှိနေတဲ့ ပေါ့ဘာ ရဲ့နေရာအစားထိုးနိုင်ဖို့အတွက် လက်စတာကွင်းလယ်လူ မက်ဒီဆင် နဲ့ ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ် တို့ကို ခေါ်ယူဖို့အလိုရှိနေတာပါ။

” ဂရီးလစ်ရှ် ရဲ့အနာဂတ် နဲ့ပက်သက်ပြီး ပြောရရင် အဲ့ဒါက နည်းနည်းတော့ ခက်ခဲပါတယ်၊ ယူနိုက်တက်အတွက် ကစားပေးနိုင်သလားဆိုရင် တော့ အရည်အချင်းရှိတဲ့ ဘယ်ကစားသမားမဆိုအသင်းကြီးမှာ ကစားချင်တာက အသေအချာပါပဲ၊ ဒါကြောင့် ယူနိုက်တက်အတွက် ကစားပေးနိုင်ဖို့ရှိတယ်။ ဒီအတွက်တော့ မေးခွန်ထုတ်စရာမလိုပါဘူး။ သူဟာ သန်မာလာပြီး လွန်ခဲ့တဲ့ (၅) နှစ်လောက်ကထက် အများကြီး ပိုကောင်းလာပါတယ်။ ” လို့ အိုနေးလ် က မှတ်ချက်ပေးသွားခဲ့ပါတယ်။

အက်စတွန်ဗီလာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ကွယ်လယ်ရော တိုက်စစ်ကိုပါ လိုက်ပါနိုင်စွမ်း ရှိတဲ့သူပါ။ ၎င်းက ယူနိုက်တက်ကို ပြောင်းရွှေ့ကစားခဲ့ပြီး သူ့ရဲ့ အင်္ဂလန် လက်ရွေးစင်ဖြစ်ဖို့ အိပ်မက် ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနိုင်ဖွယ်ရှိနေပါတယ်။