ယူနိုက်တက်ထံ ပြောင်းချင်နေတဲ့ ဆန်ချိုကို ကန့်ကွက်စည်းရုံးလိုက်တဲ့ အသင်းဖော်






Uni – ဂျာမန်သား ကွင်းလယ်ကစားသမား အမ်မရီကန်က အသင်းဖော် ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းက ထွက်ခွာပြီး မန်ချက်စတာ ယူနိုက်တက်ကို ဘာကြောင့် ပြောင်းချင်နေတာလဲဆိုတာ တွေးမရနိုင်ဘူးလို့ ပြောဆိုသွားပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ်အသင်းနဲ့ ယခုနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြကစားနေတဲ့ ဆန်ချိုဟာ အိုးထရက်ဖိုဒ့်ကို လာမယ့် အပြောင်းအရွှေ့ ရာသီမှာ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းကြီးနေတာပါ။

လီဗာပူးကစားသမားဟောင်းဖြစ်တဲ့ အမ်မရီကန် အသက် ၂၀ အရွယ် အင်္ဂလန်သားဟာ ဘာကြောင့်အသင်းက ထွက်ခွာချင်နေသလဲ ဆိုတာ မေးခွန်း ထုတ်လိုက်တာဖြစ်ပါတယ်။

” ဒေါ့မွန်က နေ ထွက်ခွာပြီး မန်ယူနိုက်တက် အသင်းကို သူ ဘာကြောင့်ပြောင်းချင်သလဲဆိုတာ ကျွန်တော်မသိပါဘူး။ အားကစားဘက်ကနေ ပြီးတော့ ကျွန်တော် မစဉ်းစားတတ်ပါဘူး။ ကျွန်တော်ကတော့ သူ့ကို ဆက်နေပြီး အတူတူကစားဖို့ ပြောသွားမှာပါ။ ဂျော်ဒန်မှာ အခြား ကစားသမားတွေမှာ မရှိတဲ့ အရည်အသွေးတွေရှိပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ” လို့ ကန်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားကို မန်စီးတီးအသင်းက ဆက်သွယ်နေသော်လည်း ဆန်ချိုက ယူနိုက်တက်ကိုပဲ ပိုပြီး ပြောင်းချင်နေတယ်လို့ သိရပါတယ်။ ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့ (၂) နှစ်ကျော် စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။