ကြုံခဲ့ဖူးတဲ့ ချယ်ဆီးနည်းပြတွေ အကြောင်း အီမာဆန် နှိုင်းယှဉ် သုံးသပ်

ချယ်ဆီး ခံစစ်မှူး အီမာဆန်ဟာ စီးရီးအေ ကို ပြန်ဖို့ ဖြစ်နိုင်ကြောင်း ဝန်ခံခဲ့ပေမယ့် စတန်းဖို့ဒ်ဘရစ်ခ်ျ ကို အလျင်စလို စွန့်ခွာမှာမဟုတ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ ၄င်းက သူ ဆုံခဲ့တဲ့ ချယ်ဆီးနည်းပြတွေ အကြောင်းလည်း နှိုင်းယှဉ် သုံးသပ်စကား ဆိုခဲ့ပါတယ်။


“ကွန်တီ ဆီကနေ ကျွန်တော် အများကြီး သင်ယူခဲ့တယ်၊ သူက သူ့ကိုယ်သူ သိပ်ကောင်းတဲ့နည်းပြအဖြစ် သက်သေပြခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်တို့ အတူလုပ်ခဲ့တဲ့အချိန်နဲ့ ရခဲ့တဲ့ အောင်မြင်မှုတွေအရ ကျွန်တော် ဆာရီဆီကနေ ပိုပြီးတော့တောင် ရခဲ့ပါတယ်၊ ဆာရီက ကွင်းထဲက ကိစ္စကို ပိုအာရုံစိုက်ပေမယ့် စကားအများကြီး မပြောတာတောင် ကြီးမားတဲ့ နှလုံးသား ရှိပါတယ်၊ ဆာရီက ပိုပြီးဗျူဟာကျပြီး အာရုံစိုက်တယ်” လို့ သုံးသပ် ပြောဆိုပါတယ်။

” လမ်းပတ်ကတော့ သိပ်ကို ​ဉာဏ်ကောင်းပြီး ငယ်ရွယ်တယ်၊ ကစားသမားတွေနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ သိတယ်၊ နေ့တိုင်း သူ့စကားနားထောင်ဖို့ ကျွန်တော်ကြိုးစားတယ်၊ ဂိုး ၄၀၀ သွင်းနိုင်ခဲ့တဲ့ ကွင်းလယ်လူကို ကျွန်တော် မမြင်ဖူးခဲ့ဘူးလေ၊ သူနဲ့တွဲလုပ်ရတာ အံ့အားသင့်စရာ ခံစားချက်ကို ပေးပါတယ်” လို့ လက်ရှိ နည်းပြနဲ့ ပတ်သတ်ပြီး ၄င်းက ပြောကြားခဲ့ပါတယ်။



Uni – ချယ်ဆီး ခံစစ်မှူး အီမာဆန်ဟာ စီးရီးအေ ကို ပြန်ဖိူ့ ဖြစ်နိုင်ကြောင်း ဝန်ခံခဲ့ပေမယ့် စတန်းဖို့ဒ်ဘရစ်ချ် ကို အလျင်စလို စွန့်ခွာမှာမဟုတ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ ၎င်းက သူ ဆုံခဲ့တဲ့ ချယ်ဆီးနည်းပြတွေ အကြောင်းလည်း နှိုင်းယှဉ် သုံးသပ်စကား ဆိုခဲ့ပါတယ်။

ချယ်ဆီးနည်းပြဟောင်းတွေဖြစ်တဲ့ ကွန်တီနဲ့ ဆာရီတို့ဟာ အင်တာ၊ ဂျူဗီတို့ကို ပြန်သွားခဲ့ပြီး အီမာဆန်က အီတလီနည်းပြ ၂ယောက်နဲ့ ပတ်သက်တဲ့ အမြင်ကိုလည်း ပြောပြခဲ့ပါတယ်။

“ကွန်တီ ဆီကနေ ကျွန်တော် အများကြီး သင်ယူခဲ့တယ်၊ သူက သူ့ကိုယ်သူ သိပ်ကောင်းတဲ့နည်းပြအဖြစ် သက်သေပြခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်တို့ အတူလုပ်ခဲ့တဲ့အချိန်နဲ့ ရခဲ့တဲ့ အောင်မြင်မှုတွေအရ ကျွန်တော် ဆာရီဆီကနေ ပိုပြီးတော့တောင် ရခဲ့ပါတယ်၊ ဆာရီက ကွင်းထဲက ကိစ္စကိူ ပိုအာရုံစိုက်ပေမယ့် စကားအများကြီး မပြောတာတောင် ကြီးမားတဲ့ နှလုံးသား ရှိပါတယ်၊ ဆာရီက ပိုပြီးဗျူဟာကျပြီး အာရုံစိုက်တယ်” လို့ သုံးသပ် ပြောဆိုပါတယ်။

” လမ်းပတ်ကတော့ သိပ်ကို ဉာဏ်ကောင်းပြီး ငယ်ရွယ်တယ်၊ ကစားသမားတွေနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ သိတယ်၊ နေ့တိုင်း သူ့စကားနားထောင်ဖို့ ကျွန်တော်ကြိုးစားတယ်၊ ဂိုး ၄၀၀ သွင်းနိူင်ခဲ့တဲ့ ကွင်းလယ်လူကို ကျွန်တော် မမြင်ဖူးခဲ့ဘူးလေ၊ သူနဲ့ဲတွဲလုပ်ရတာ အံ့အားသင့်စရာ ခံစားချက်ကို ပေးပါတယ်” လို့ လက်ရှိ နည်းပြနဲ့ ပတ်သတ်ပြီး ၎င်းက ပြောကြားခဲ့ပါတယ်။

အီမာဆန်ဟာ ၂၀၁၈မှာ ရိုးမားကနေ ပရီးမီးယားလိဂ် ကလပ် ချယ်ဆီးအသင်းကို ရောက်လာခဲ့ပြီးနောက် ဂျူဗီ၊ အင်တာ၊ နာပိုလီတို့နဲ့ ချိတ်ဆက်မှု ရှိခဲ့တာပါ။

မတ်လမှာ ထွက်ပေါ်ခဲ့တဲ့ အီမာဆန် ချယ်ဆီးမှာ မပျော်ဘူးဆိုတဲ့ သတင်းတွေကို ကစားသမားက ငြင်းပယ်ခဲ့ပေမယ့် နေရာဟောင်း စီးရီးအေကို ပြန်ဖို့ ဖြစ်နိုင်ခြေရှိကြောင်း ဝန်ခံခဲ့ပါတယ်။