ေဘာလံုး ျပန္ကစားဖို႔ ေျခေထာက္ေတြကို ယားေနျပီလို႔ ဆိုလိုက္တဲ့ လုခ္ေရွာ

မန္ခ်က္စတာ ယူႏိုက္တက္ဟာ ယေန႔မွာ ေလ့က်င့္ေရး ျပန္စတဲ့အခါ ေရွ႕ကို ႀကီးမားတဲ့ ေျခတစ္လွမ္း တိုးႏိုင္လိမ့္မယ္လို႔ ေနာက္ခံလူ လုခ္ေရွာက ဆိုပါတယ္။

ပရီးမီးယားလိဂ္က ဇြန္လမွာျပန္စဖို႔ ေမွ်ာ္လင့္ရသလို ယူႏိုက္တက္ အသင္းသားေတြ ျပန္လည္ စုေပါင္းတဲ့အခါ နည္းျပ ဆိုးလ္ရွားက ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈ အဆင့္ ျမင့္မားေစဖို႔ အလိုရွိေနမွာ ျဖစ္ပါတယ္။ ဒီအတြက္ ေရွာက အသင့္ရွိေနေၾကာင္း ဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္တို​့ ကြင္းထဲ ျပန္လာတဲ့အခါ ႀကံ့ခိုင္ေရး အလုပ္ေတြ လုပ္ရမွာပါ၊ ဒါေပမယ့္ ၿပီးခဲ့တဲ့ ၃ပတ္အတြင္း ကြၽန္ေတာ္တို႔ အမ်ားႀကီး ေျပးခဲ့ၿပီးပါၿပီ၊ အခု ကြၽန္ေတာ္တို႔ ေဘာလုံးျပန္ကစားရဖို႔ ေျခေထာက္ေတြ ယားေနပါတယ္၊ ေပးပို႔မႈေတြ၊ လိမ္ေခါက္မႈေတြ လုပ္ႏိုင္ရင္ ​ေကာင္းမွာပါ၊ ဒါက ကြၽန္ေတာ္တို႔ သေဘာက်တဲ့ အရာေတြပါပဲ” လို​့ ေရွာက ေျပာဆိုခဲ့ပါတယ္။

အုပ္စု အေသးေလးေတြနဲ႔ ေလ့က်င့္တာေတြ လုပ္ရမွာျဖစ္ေပမယ့္ ကစားသမား ေတြဟာ က်န္းမာေရးဘက္က သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို လိုက္နာရမွာျဖစ္ၿပီး အဝတ္လဲခန္း မသုံးရပဲ အိမ္ကေန ေလ့က်င့္ေရးဝတ္စုံနဲ႔လာကာ အိမ္မွာပဲ ေရခ်ိဳး အဝတ္စားလဲရမွာ ျဖစ္ပါတယ္။

“စည္းမ်ဥ္းေတြက တကယ္ကိူ တင္းက်ပ္ေပမယ့္ တတ္ႏိုင္သမွ် လုံၿခဳံမႈရွိဖို႔ ကြၽန္ေတာ္တို႔ လိုက္နာမွာပါ၊ ကြၽန္ေတာ္တို​့အေနနဲ႔ အရင္လို ကြင္းထဲ ျပန္ကစားရဖို႔ ေမွ်ာ္လင့္ေနပါတယ္၊ ပန္းၿခံထဲ ပတ္ေျပးေနရတာက အဆင္ေျပေပမယ့္ အဲ့ဒါက အသင့္ေတာ္ဆုံး မဟုတ္ပါဘူး၊ ကြၽန္ေတာ္တို႔ ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး ႀကံ့ခိုင္မႈျပည့္ဝေနဖို႔ လုပ္ရမယ္၊ အသင္းေဖာ္ေတြနဲ႔ အခ်ိန္ၾကာၾကာ ေတြ႕ရတာ ေကာင္းမွာပါ၊ ဒါက ေလ့က်င့္ေရး ကြင္းမွာ အတူတူ ျပန္စုစည္းႏိုင္ဖို႔ ႀကီးမားတဲ့ ေျခလွမ္းအစပါပဲ” လို႔ လုခ္ေရွာက ဆိုခဲ့ပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက်ဟာ ယနေ့မှာ လေ့ကျင့်ရေး ပြန်စတဲ့အခါ ရှေ့ကို ကြီးမားတဲ့ ခြေတစ်လှမ်း တိုးနိုင်လိမ့်မယ်လို့ နောက်ခံလူ လုခ်ရှောက ဆိုပါတယ်။

ပရီးမီးယားလိဂ်က ဇွန်လမှာပြန်စဖို့ မျှော်လင့်ရသလို ယူနိုက်တက် အသင်းသားတွေ ပြန်လည် စုပေါင်းတဲ့အခါ နည်းပြ ဆိုးလ်ရှားက ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အဆင့် မြင့်မားစေဖို့ အလိုရှိနေမှာ ဖြစ်ပါတယ်။ ဒီအတွက် ရှောက အသင့်ရှိနေကြောင်း ဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ကွင်းထဲ ပြန်လာတဲ့အခါ ကြံ့ခိုင်ရေး အလုပ်တွေ လုပ်ရမှာပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ပတ်အတွင်း ကျွန်တော်တို့ အများကြီး ပြေးခဲ့ပြီးပါပြီ၊ အခု ကျွန်တော်တို့ ဘောလုံးပြန်ကစားရဖို့ ခြေထောက်တွေ ယားနေပါတယ်၊ ပေးပို့မှုတွေ၊ လိမ်ခေါက်မှုတွေ လုပ်နိုင်ရင် ကောင်းမှာပါ၊ ဒါက ကျွန်တော်တို့ သဘောကျတဲ့ အရာတွေပါပဲ” လို့ ရှောက ပြောဆိုခဲ့ပါတယ်။

အုပ်စု အသေးလေးတွေနဲ့ လေ့ကျင့်တာတွေ လုပ်ရမှာဖြစ်ပေမယ့် ကစားသမား တွေဟာ ကျန်းမာရေးဘက်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာဖြစ်ပြီး အဝတ်လဲခန်း မသုံးရပဲ အိမ်ကနေ လေ့ကျင့်ရေးဝတ်စုံနဲ့လာကာ အိမ်မှာပဲ ရေချိုး အဝတ်စားလဲရမှာ ဖြစ်ပါတယ်။

“စည်းမျဉ်းတွေက တကယ်ကိူ တင်းကျပ်ပေမယ့် တတ်နိုင်သမျှ လုံခြုံမှုရှိဖို့ ကျွန်တော်တို့ လိုက်နာမှာပါ၊ ကျွန်တော်တို့အနေနဲ့ အရင်လို ကွင်းထဲ ပြန်ကစားရဖို့ မျှော်လင့်နေပါတယ်၊ ပန်းခြံထဲ ပတ်ပြေးနေရတာက အဆင်ပြေပေမယ့် အဲ့ဒါက အသင့်တော်ဆုံး မဟုတ်ပါဘူး၊ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကြံ့ခိုင်မှုပြည့်ဝနေဖို့ လုပ်ရမယ်၊ အသင်းဖော်တွေနဲ့ အချိန်ကြာကြာ တွေ့ရတာ ကောင်းမှာပါ၊ ဒါက လေ့ကျင့်ရေး ကွင်းမှာ အတူတူ ပြန်စုစည်းနိုင်ဖို့ ကြီးမားတဲ့ ခြေလှမ်းအစပါပဲ” လို့ လုခ်ရှောက ဆိုခဲ့ပါတယ်။