မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ ဆုဖလားတွေ ယူဖို့ တက်ကြွနေတဲ့ အင်္ဂလန်သား
“အဓိက အရာက ပွဲကို အာရုံစိုက်ဖို့ပါပဲ၊ ဒါက အရေးအကြီးဆူံးပါ၊ ကျွန်တော်ကြုံခဲ့ရတဲ့ ကျဆင်းမှုတွေအကြောင်းကို သိပါတယ်၊ အခု ကျွန်တော် ဒီမှာရှိနေတယ်၊ ကွင်းထဲမှာ အကောင်းဆူံး လုပ်ဖို့ပဲလိုတာပါ၊ ဘောလုံးကစားရတာကို ကျွန်တော်ကြိုက်ပြီး အခု ယူနိုက်တက်မှာရှိနေတယ်၊ ဒါကြောင့် ဒီနေရာမှာ အကောင်းမြင်ဖို့ပဲ ကြိုးစားရမှာပါ၊ ကွင်းထဲမှာ ကောင်းကောင်းကစားပြီး အနိုင်ယူဖို့လိုပါတယ်” လို့ လင်ဂတ်က ဆိုပါတယ်။
“ကျွန်တော် ဒီကိုရောက်လာတဲ့အခါ ကလပ်ရဲ့သမိုင်းက ကျွန်တော့်ခေါင်းထဲမှာ စွဲနေတယ်၊ သူတို့အောင်မြင်ခဲ့တဲ့ ဆုဖလားအရေအတွက်က အတော်လေး တွန်းအားဖြစ်စေတယ်၊ လူငယ်ကစားသမား တစ်ယောက်အနေနဲ့ အဲ့လိုအောင်မြင်မှုတွေမြင်ရတဲ့အခါ သူတို့ခြေရာနင်းပြီး ဆုဖလားတွေ အောင်မြင်နိုင်အောင် ကြိုးစားဖို့ မစောင့်နိုင်တော့ဘူး၊ ကျွန်တော်တို့တွေ ပြောင်းလဲမှုများစွာ ကြုံခဲ့ရတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နောက်မှာ အားပေးနေကြတယ်၊ ကျွန်တော်တို့က ဘယ်တော့မှအရှုံးပေးမှာမဟုတ်ပါဘူး၊ အောင်မြင်မှုရဖို့ ဆာလောင်နေကြတာပါ” လို့ လင်ဂတ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
Uni – ဂျေဆီလင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ကာလတွေအတွင်း ကျဆင်းမှုများစွာ ကြုံတွေ့ခဲ့ရကြောင်း ဝန်ခံခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ပြသခဲ့တဲ့ ရေရှည် စီမံကိန်းကို ယုံကြည်နေပါတယ်။
အသက် ၂၇နှစ်အရွယ် ကစားသမားဟာ အကယ်ဒမီကနေ အသင်းကြီးကို ရောက်ခဲ့တာဖြစ်ပြီး စီနီယာအသင်းကြီးမှာ အောင်မြင်ဖို့ စိတ်ရှည်ရှည် စောင့်ခဲ့ရတာပါ။ ကလပ်အတွက် ကစားပေးခဲ့တဲ့ ပွဲ၂၀၀ ကျော်အတွင်း ကောင်းကောင်းလူပ်နိူင်ခဲ့တဲ့ ပွဲများစွာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အသင်းအတွက် ၎င်းရဲ့ တန်ဖိုးက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
အသင်းက ထွက်ခွာဖို့ ကောလာဟလတွေ ထွက်နေပေမယ့်လဲ လင်ဂတ်ဟာ ဝေဖန်မှုတွေနဲ့ အသားကျနေခဲ့ပြီး ကိုယ်သွားမယ့်လမ်းကြောင်းကို ဘယ်လိုပဲ့ကိုင်ရမလဲဆိုတာကို သင်ယူခဲ့ကြောင်း အခုလို လင်ဂတ်က ပြောဆိုခဲ့ပါတ်။
“အဓိက အရာက ပွဲကို အာရုံစိုက်ဖို့ပါပဲ၊ ဒါက အရေးအကြီးဆူံးပါ၊ ကျွန်တော်ကြုံခဲ့ရတဲ့ ကျဆင်းမှုတွေအကြောင်းကို သိပါတယ်၊ အခု ကျွန်တော် ဒီမှာရှိနေတယ်၊ ကွင်းထဲမှာ အကောင်းဆူံး လုပ်ဖို့ပဲလိုတာပါ၊ ဘောလုံးကစားရတာကိူ ကျွန်တော်ကြိုက်ပြီး အခု ယူနိုက်တက်မှာရှိနေတယ်၊ ဒါကြောင့် ဒီနေရာမှာ အကောင်းမြင်ဖို့ပဲ ကြိုးစားရမှာပါ၊ ကွင်းထဲမှာ ကောင်းကောင်းကစားပြီး အနိူင်ယူဖို့လိုပါတယ်” လို့ လင်ဂတ်က ဆိုပါတယ်။
ယူနိုက်တက်က လောလောဆယ် ရုန်းကန်နေရသည့်တိုင် ပရီးမီးယားလိဂ် ၁၃လုံး ရထားတဲ့အသင်းကို မျှော်လင့်မှုတွေက အမြဲ မြင့်မားခဲ့တာနဲ့အတူ လင်ဂတ်က သရဲနီတွေဟာ သူတို့ပြသခဲ့တဲ့ အလားအလာတွေ တစ်ကယ်ဖြစ်လာအောင် လုပ်ပြနိုင်တယ်လို့ ယုံကြည်နေပါတယ်။
“ကျွန်တော် ဒီကိုရောက်လာတဲ့အခါ ကလပ်ရဲ့သမိုင်းက ကျွန်တော့်ခေါင်းထဲမှာ စွဲနေတယ်၊ သူတို့အောင်မြင်ခဲ့တဲ့ ဆုဖလားအရေအတွက်က အတော်လေး တွန်းအားဖြစ်စေတယ်၊ လူငယ်ကစားသမား တစ်ယောက်အနေနဲ့ အဲ့လိုအောင်မြင်မှုတွေမြင်ရတဲ့အခါ သူတို့ခြေရာနင်းပြီး ဆုဖလားတွေ အောင်မြင်နိုင်အောင် ကြိုးစားဖို့ မစောင့်နိူင်တော့ဘူး၊ ကျွန်တော်တို့တွေ ပြောင်းလဲမှုများစွာ ကြုံခဲ့ရတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နောက်မှာ အားပေးနေကြတယ်၊ ကျွန်တော်တို့က ဘယ်တော့မှအရှုံးပေးမှာမဟုတ်ပါဘူး၊ အောင်မြင်မှုရဖို့ ဆာလောင်နေကြတာပါ” လို့ လင်ဂတ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။