ချယ်ဆီးမှာ ဖရန့်လမ်းပတ် ကစားသလို ပေါ့ဘာကို လိုက်ကစားစေလိုနေတဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ ရွန်းနီက ကွင်းလယ် ကစားသမား ပေါ့ဘာဟာ ချယ်ဆီးမှာ လမ်းပတ် ကစားခဲ့သလိုသာ တိုက်စစ် ပိုလိုက်ပါပြီး ပြိုင်ဘက် ဂိုး ဧရိယာထဲ ဝင် ကစားစေရင် ပို အစွမ်းပြနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ပြင်သစ်အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားတဲ့ ပေါ့ဘာဟာ ပရီးမီးယားလိဂ်မှာတော့ ဒီရာသီ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ဘောလုံးပွဲတွေ ပြန်စရင် ပါဝင်ကစားနိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

ရွန်းနီကတော့ ပေါ့ဘာဟာ ချယ်ဆီးမှာ လမ်းပတ် ကစားရသလို တိုက်စစ် ပိုလိုက်ပါရတဲ့ ကွင်းလယ်နေရာမှာသာ ကစားရင် အကောင်းဆုံး ခြေစွမ်း ပြသနိုင်မယ်လို့ ယူဆထားပါတယ်။

” တိုက်စစ်မှူး ဒါမှမဟုတ် ကွင်းလယ် ကစားသမား တစ်ယောက်ကို မေးလိုက်ရင် သူတို့ အတွက် အခက်ခဲဆုံးက ဗဟိုခံစစ်မှူးတစ်ဦးနဲ့ ဘောလုံး ယှဉ်လုရတဲ့ ကိစ္စပါ။ နောက်ထပ် ပြိုင်ဘက်တွေ အတွက် အိပ်မက်ဆိုး တစ်ခုကတော့ ဖရန့်လမ်းပတ် လို ကွင်းလယ် ကစားသမားမျိုးပဲ။

ဘောလုံးက တောင်ပံဘက် ထွက်သွားရင် သူ သွားဆယ်တော့မယ်ဆိုတာ သိနေတယ်။ နောက်ပြီး ဘောလုံးရတာနဲ့ ဧရိယာထဲ ခပ်သွက်သွက် ဆွဲယူ သွားတော့တာပဲ။ ဖာဂီသာဆိုရင် ဒါမျိုးက တစ်ယောက်တည်း လုပ်ရတဲ့ အလုပ် မဟုတ်ဘူး အသင်းလိုက် သွားရမယ် ပြောလိမ့်မယ် ဘောလုံး ပေးရဦးမယ်ပေါ့။

ဒီလို အချိန်မှာ တချက်လေး အာရုံလျော့လိုက်တာနဲ့ လမ်းပတ်လို ကစားသမားဆို မင်းကို အပြစ်ပေးသွားလိမ့်မယ်။ ဒါကြောင့် ပေါ့ဘာကိုလည်း တိုက်စစ် ပို လိုက်ပါ ကစားစေချင်တာ။ ဒါဆို သူ့ ခြေစွမ်းနဲ့ ဂိုးတွေ ပို သွင်းနိုင်လိမ့်မယ်။ လုံး၀ ပြိုင်ဘက်တွေ ဖြုံလောက်စရာ အိပ်မက်ဆိုး တစ်ခု ဖြစ်သွားလိမ့်မယ်။ ကျနေ်ာသာဆို အဲဒီနေရာမှာ သူ့ကို ထား သုံးမှာပါ။ ” လို့ ရွန်းနီက သုံးသပ် ပြောဆိုသွားပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ျဖစ္တဲ့ ရြန္းနီက ကြင္းလယ္ ကစားသမား ေပါ့ဘာဟာ ခ်ယ္ဆီးမွာ လမ္းပတ္ ကစားခဲ့သလိုသာ တိုက္စစ္ ပိုလိုက္ပါျပီး ျပိဳင္ဘက္ ဂိုး ဧရိယာထဲ ၀င္ ကစားေစရင္ ပို အစြမ္းျပနိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။

ျပင္သစ္အသင္းနဲ႕ အတူ ကမၻာ့ဖလား ခ်န္ပီယံ ျဖစ္ထားတဲ့ ေပါ့ဘာဟာ ပရီးမီးယားလိဂ္မွာေတာ့ ဒီရာသီ ဒဏ္ရာေတြနဲ႕ ရုန္းကန္ေနရျပီး ေဘာလံုးပြဲေတြ ျပန္စရင္ ပါ၀င္ကစားနုိင္ဖို႔ ၾကိဳးစားေနရဆဲ ျဖစ္ပါတယ္။

ရြန္းနီကေတာ့ ေပါ့ဘာဟာ ခ်ယ္ဆီးမွာ လမ္းပတ္ ကစားရသလို တိုက္စစ္ ပိုလိုက္ပါရတဲ့ ကြင္းလယ္ေနရာမွာသာ ကစားရင္ အေကာငး္ဆံုး ေျခစြမ္း ျပသနိုင္မယ္လို႔ ယူဆထားပါတယ္။

” တိုက္စစ္မွဴး ဒါမွမဟုတ္ ကြင္းလယ္ ကစားသမား တစ္ေယာက္ကို ေမးလိုက္ရင္ သူတို႔ အတြက္ အခက္ခဲဆံုးက ဗဟိုခံစစ္မွဴးတစ္ဦးနဲ႕ ေဘာလံုး ယွဥ္လုရတဲ့ ကိစၥပါ။ ေနာက္ထပ္ ျပိဳင္ဘက္ေတြ အတြက္ အိပ္မက္ဆိုး တစ္ခုကေတာ့ ဖရန္႔လမ္းပတ္ လို ကြင္းလယ္ ကစားသမားမ်ိဳးပဲ။

ေဘာလံုးက ေတာင္ပံဘက္ ထြက္သြားရင္ သူ သြားဆယ္ေတာ့မယ္ဆိုတာ သိေနတယ္။ ေနာက္ျပီး ေဘာလံုးရတာနဲ႕ ဧရိယာထဲ ခပ္သြက္သြက္ ဆြဲယူ သြားေတာ့တာပဲ။ ဖာဂီသာဆိုရင္ ဒါမ်ိဳးက တစ္ေယာက္တည္း လုပ္ရတဲ့ အလုပ္ မဟုတ္ဘူး အသင္းလိုက္ သြားရမယ္ ေျပာလိမ့္မယ္ ေဘာလံုး ေပးရဦးမယ္ေပါ့။

ဒီလို အခ်ိန္မွာ တခ်က္ေလး အာရံုေလ်ာ့လိုက္တာနဲ႕ လမ္းပတ္လို ကစားသမားဆို မင္းကို အျပစ္ေပးသြားလိမ့္မယ္။ ဒါေၾကာင့္ ေပါ့ဘာကိုလည္း တိုက္စစ္ ပို လိုက္ပါ ကစားေစခ်င္တာ။ ဒါဆို သူ႔ ေျခစြမ္းနဲ႕ ဂိုးေတြ ပို သြင္းနိုင္လိမ့္မယ္။ လံုး၀ ျပိဳင္ဘက္ေတြ ျဖံဳေလာက္စရာ အိပ္မက္ဆိုး တစ္ခု ျဖစ္သြားလိမ့္မယ္။ က်ေန္ာသာဆို အဲဒီေနရာမွာ သူ႔ကို ထား သံုးမွာပါ။ ” လို႔ ရြန္းနီက သံုးသပ္ ေျပာဆိုသြားပါတယ္။