အစ္ဟာလိုနဲ႕ ပတ္သတ္ျပီး ယူနိုက္တက္ကို အၾကံေပးလိုက္တဲ့ ဟားဂေရ႕ဗ္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္းတစ္ဦးျဖစ္သူ ဟားဂေရ႕ဗ္ က အစ္ဟာလို ကို ဒီရာသီကုန္ရင္ အၿပီးသတ္ စာခ်ဳပ္ခ်ဳပ္ဆိုသင့္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

အစ္ဟာလို ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ မွာ ယူႏိုက္တက္ကို အငွားနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ရွန္ဟိုင္းရွင္ဟြာ အသင္းကေန ရာသီဝက္အငွားနဲ႔ေခၚယူခဲ့တာျဖစ္ၿပီး ဇြန္လ(၁) ရက္ေန႔မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ယူႏိုက္တက္က လက္က်န္ရာသီပြဲစဥ္ေတြ ကုန္ဆုံးသည္အထိ ေနာက္ထပ္အငွားစာခ်ဳပ္ကို သက္တမ္းတိုးလိုေနၿပီး ဟားဂေရ႕ဗ္ ကေတာ့ အၿပီးသတ္ေခၚယူေစခ်င္ေနတာျဖစ္ပါတယ္။

” သူဟာ ယူႏိုက္တက္ရဲ႕ ႀကီးမားတဲ့ ပရိတ္သတ္တစ္ဦးလည္းျဖစ္ၿပီးေတာ့ အေကာင္းဆုံးလည္း လုပ္ေဆာင္ႏိုင္ပါတယ္။ အစ္ဟာလို ဟာ ေမွ်ာ္လင့္ထားတာထက္ပိုၿပီး လုပ္ေဆာင္ႏိုင္တဲ့သူျဖစ္သလို ယူႏိုက္တက္အတြက္ လည္း ေကာင္းမြန္တဲ့ ကိစၥပါ။ သူ႔ကို စာခ်ဳပ္ခ်ဳပ္ဆိုသင့္ပါတယ္၊

သူဒီမွာ ကစားဖို႔အတြက္လည္း ယုံၾကည္မႈ အျပည့္ရွိေနတဲ့သူပါ။ ဒီမွာရွိတဲ့ ေကာင္ေလးေတြအားလုံးဟာ ကစားသမားေကာင္းေလးေတြပါ၊ ရက္ဖို႔ဒ္ နဲ႔ မာရွယ္လ္ တို႔ကိုလည္း ကြၽန္ေတာ္ သေဘာက်တယ္၊ သူတို႔ေတြဆီမွာ ကြဲျပားျခားနားတဲ့ အေတြးအျမင္ေတြ ရွိၾကတယ္။ ” လို႔ ဟားဂေရ႕ဗ္ က ေျပာျပသြားခဲ့ပါတယ္။

အစ္ဟာလို ကို အၿပီးသတ္ေခၚယူမယ္ဆိုရင္ ကစားသမားရဲ႕ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ယူ႐ို သန္း ၂၀ ေပးရမယ္ လို႔ တ႐ုတ္ကလပ္ ရွန္ဟိုင္းရွင္ဟြာ အသင္းက ေတာင္းဆိုထားပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဟားဂရေ့ဗ် က အစ်ဟာလို ကို ဒီရာသီကုန်ရင် အပြီးသတ် စာချုပ်ချုပ်ဆိုသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

အစ်ဟာလို ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ယူနိုက်တက်ကို အငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ရှန်ဟိုင်းရှင်ဟွာ အသင်းကနေ ရာသီဝက်အငှားနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ဇွန်လ(၁) ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်က လက်ကျန်ရာသီပွဲစဉ်တွေ ကုန်ဆုံးသည်အထိ နောက်ထပ်အငှားစာချုပ်ကို သက်တမ်းတိုးလိုနေပြီး ဟားဂရေ့ဗ် ကတော့ အပြီးသတ်ခေါ်ယူစေချင်နေတာဖြစ်ပါတယ်။

” သူဟာ ယူနိုက်တက်ရဲ့ ကြီးမားတဲ့ ပရိတ်သတ်တစ်ဦးလည်းဖြစ်ပြီးတော့ အကောင်းဆုံးလည်း လုပ်ဆောင်နိုင်ပါတယ်။ အစ်ဟာလို ဟာ မျှော်လင့်ထားတာထက်ပိုပြီး လုပ်ဆောင်နိုင်တဲ့သူဖြစ်သလို ယူနိုက်တက်အတွက် လည်း ကောင်းမွန်တဲ့ ကိစ္စပါ။ သူ့ကို စာချုပ်ချုပ်ဆိုသင့်ပါတယ်၊

သူဒီမှာ ကစားဖို့အတွက်လည်း ယုံကြည်မှု အပြည့်ရှိနေတဲ့သူပါ။ ဒီမှာရှိတဲ့ ကောင်လေးတွေအားလုံးဟာ ကစားသမားကောင်းလေးတွေပါ၊ ရက်ဖို့ဒ် နဲ့ မာရှယ်လ် တို့ကိုလည်း ကျွန်တော် သဘောကျတယ်၊ သူတို့တွေဆီမှာ ကွဲပြားခြားနားတဲ့ အတွေးအမြင်တွေ ရှိကြတယ်။ ” လို့ ဟားဂရေ့ဗ် က ပြောပြသွားခဲ့ပါတယ်။

အစ်ဟာလို ကို အပြီးသတ်ခေါ်ယူမယ်ဆိုရင် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း ၂၀ ပေးရမယ် လို့ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာ အသင်းက တောင်းဆိုထားပါတယ်။