ကန်တေ နေရာ အစားထိုးဖို့ ချယ်ဆီးတို့ ပစ်မှတ်ထားဖွယ် ရှိတဲ့ အင်္ဂလန်သား

ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေကို ရီးရဲလ်မက်ဒရစ်က ချိတ်ဆက်မှုတွေ ရှိထားတာကြောင့် ဒီနွေမှာသာ လက်လွှတ်ရရင် ဝက်စ်ဟမ်း အသင်းမှ အင်္ဂလန်သား ကွင်းလယ်သမား ဒီကလန်ရိုက်စ်ကို ချယ်ဆီးတို့ အစားထိုး ခေါ်ယူဖွယ် ရှိကြောင်း ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြသွားပါတယ်။

စပိန်အင်အားကြီးကလပ်ဟာ ကွင်းလယ်ခံစစ်မှာ ပိုင်နိုင်ပြီး တိုက်စစ် ခံစစ် အကူးအပြောင်းမှာလည်း ကျွမ်းကျင်မှု အပြည့် ချိတ်ဆက်ပေးနိုင်တဲ့ ကန်တေကို မျက်စိကျခဲ့တာ အခုမှ မဟုတ်ပါဘူး။ ဒီရာသီမှာ ကန်တေက ဒဏ်ရာတွေကြောင့် ရုန်းကန်နေရပေမယ့် ရီးရဲလ်ကတော့ ၎င်းကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

ရီးရဲလ်ရဲ့ အဝယ်စာရင်းထဲမှာ ကန်တေက ယူနိုက်တက်မှ ပေါ့ဘာထက်တောင် ရှေ့ရောက်နေတာ ဖြစ်လို့ ချယ်ဆီးအသင်းကလည်း ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ချယ်ဆီးက မနှစ်ကပဲ အားထားရတဲ့ တိုက်စစ်သမား ဟာဇက်ကို ရီးရဲလ်ထံ လက်လွှတ်ခဲ့ရတာပါ။

တကယ်လို့ ဒီနွေမှာ ကန်တေကို ထပ်မံ လက်လွှတ်ရရင် ချယ်ဆီးအသင်းက ကန်တေနေရာ အနီးစပ်ဆုံး ဖြည့် ကစားနိုင်မယ့် သူ အဖြစ် ဒီကလန် ရိုက်စ်ကို စိတ်ဝင်စားနေပါတယ်။ ရိုက်စ်ဟာ ဝက်စ်ဟမ်းမှာ တောက်ပမလာခင်တည်းက ချယ်ဆီးအကယ်ဒမီမှာ အစွမ်းပြခဲ့သူ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းမှာပါ ပုံမှန် ကစားခွင့် ရနေတဲ့ ကွင်းလယ်ကစားသမား ရိုက်စ်ဟာ ချယ်ဆီး ကစားသမား မေဆန်မောင့်နဲ့လည်း ရင်းနှီးတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ပါတယ်။ ရိုက်စ်ကိုယ်တိုင်ကလည်း မောင့်နဲ့ ကလပ်အသင်း တစ်ခုတည်းမှာ တူတူ ကစားချင်တယ်လို့ သိပ်မကြာခင်ကပဲ ထုတ်ဖော် ဝန်ခံထားပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရှိနေပြီး ၁၈ မှ ဘုန်းမောက်နဲ့လည်း အမှတ်တူ ရှိနေတာကြောင့် တန်းဆင်းဇုန်နားမှာ ရှိနေပါတယ်။ ဒါကြောင့် ရိုက်စ်က ဒီနွေမှာ အသင်း တော်တော်များများ ပစ်မှတ်ထားခြင်း ခံရဖွယ်လည်း ရှိပါတယ်။ လောလောဆယ် ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ ယူနိုကတက်၊ မက်ဒရစ်နဲ့ အာဆင်နယ်တို့ ပါဝင်ထားပါတယ်။

Zawgyi – ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတကို ရီးရဲလ္မက္ဒရစ္က ခ်ိတ္ဆက္မႈေတြ ရွိထားတာေၾကာင့္ ဒီေႏြမွာသာ လက္လႊတ္ရရင္ ၀က္စ္ဟမ္း အသင္းမွ အဂၤလန္သား ကြင္းလယ္သမား ဒီကလန္ရိုက္စ္ကို ခ်ယ္ဆီးတို႔ အစားထိုး ေခၚယူဖြယ္ ရွိေၾကာင္း ေဒးလီးေမးလ္ သတင္းဌာနက ေဖာ္ျပသြားပါတယ္။

စပိန္အင္အားၾကီးကလပ္ဟာ ကြင္းလယ္ခံစစ္မွာ ပိုင္နုိင္ျပီး တိုက္စစ္ ခံစစ္ အကူးအေျပာင္းမွာလည္း ကၽြမ္းက်င္မႈ အျပည့္ ခ်ိတ္ဆက္ေပးနုိင္တဲ့ ကန္ေတကို မ်က္စိက်ခဲ့တာ အခုမွ မဟုတ္ပါဘူး။ ဒီရာသီမွာ ကန္ေတက ဒဏ္ရာေတြေၾကာင့္ ရုန္းကန္ေနရေပမယ့္ ရီးရဲလ္ကေတာ့ ၄င္းကို ဆက္လက္ ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။

ရီးရဲလ္ရဲ႕ အ၀ယ္စာရင္းထဲမွာ ကန္ေတက ယူနိုက္တက္မွ ေပါ့ဘာထက္ေတာင္ ေရွ႕ေရာက္ေနတာ ျဖစ္လို႔ ခ်ယ္ဆီးအသင္းကလည္း ၾကိဳတင္ ျပင္ဆင္မႈေတြ ျပဳလုပ္ေနပါတယ္။ ခ်ယ္ဆီးက မနွစ္ကပဲ အားထားရတဲ့ တိုက္စစ္သမား ဟာဇက္ကို ရီးရဲလ္ထံ လက္လႊတ္ခဲ့ရတာပါ။

တကယ္လို႔ ဒီေႏြမွာ ကန္ေတကို ထပ္မံ လက္လႊတ္ရရင္ ခ်ယ္ဆီးအသင္းက ကန္ေတေနရာ အနီးစပ္ဆံုး ျဖည့္ ကစားနုိင္မယ့္ သူ အျဖစ္ ဒီကလန္ ရိုက္စ္ကို စိတ္၀င္စားေနပါတယ္။ ရိုက္စ္ဟာ ၀က္စ္ဟမ္းမွာ ေတာက္ပမလာခင္တည္းက ခ်ယ္ဆီးအကယ္ဒမီမွာ အစြမ္းျပခဲ့သူ ျဖစ္ပါတယ္။

အဂၤလန္အသင္းမွာပါ ပံုမွန္ ကစားခြင့္ ရေနတဲ့ ကြင္းလယ္ကစားသမား ရိုက္စ္ဟာ ခ်ယ္ဆီး ကစားသမား ေမဆန္ေမာင့္နဲ႕လည္း ရင္းနွီးတဲ့ သူငယ္ခ်င္းေကာင္းေတြ ျဖစ္ပါတယ္။ ရိုက္စ္ကိုယ္တိုင္ကလည္း ေမာင့္နဲ႕ ကလပ္အသင္း တစ္ခုတည္းမွာ တူတူ ကစားခ်င္တယ္လုိ႔ သိပ္မၾကာခင္ကပဲ ထုတ္ေဖာ္ ၀န္ခံထားပါတယ္။

၀က္စ္ဟမ္းအသင္းဟာ လက္ရွိ အမွတ္ေပးဇယား အဆင့္ ၁၇ ေနရာမွာ ရွိေနျပီး ၁၈ မွ ဘုန္းေမာက္နဲ႕လည္း အမွတ္တူ ရွိေနတာေၾကာင့္ တန္းဆင္းဇုန္နားမွာ ရွိေနပါတယ္။ ဒါေၾကာင့္ ရိုက္စ္က ဒီေႏြမွာ အသင္း ေတာ္ေတာ္မ်ားမ်ား ပစ္မွတ္ထားျခင္း ခံရဖြယ္လည္း ရွိပါတယ္။ ေလာေလာဆယ္ ခ်ိတ္ဆက္ေနတဲ့ အသင္းေတြထဲမွာ ယူနို္ကတက္၊ မက္ဒရစ္နဲ႕ အာဆင္နယ္တို႕ ပါ၀င္ထားပါတယ္။