ချယ်ဆီး ကွင်းလယ်သမားကို ချိတ်ဆက်လာတဲ့ စီးရီးအေကလပ် လာဇီယို

စီးရီးအေကလပ် လာဇီယို အသင်းဟာ ဒီနွေမှာ ခေါ်ယူဖို့ ချယ်ဆီး ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိစ်ကို ပစ်မှတ်ထားလာပါတယ်။ ၎င်းတို့က လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ်မှာ ပြိုင်ပွဲဝင်ဖို့ ပိုမို အားဖြည့်လိုနေတာပါ။

ပြီးခဲ့တဲ့ ရာသီက အဆင့် ၈ နဲ့ ရာသီသိမ်းခဲ့ပေမယ့် ဒီရာသီ စီးရီးအေမှာ အဆင့် ၂ ပြန်ရောက်လောက်အောင် စွမ်းဆောင်ပြထားတဲ့ လာဇီယို အသင်းက လိဂ်ဦးဆောင်သူ ဂျူဗင်တပ်နဲ့လည်း တစ်မှတ်သာ ကွာဟနေတာပါ။ ၂၀၁၆ နောက်ပိုင်း မပါဝင်ရတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြန် ပါဝင်ရမှာ ဖြစ်လို့ လာဇီယိုက စိတ်အားထက်သန်နေပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိစ်ဟာ ဒဏ်ရာတွေကြောင့် တစ်နှစ်လောက် ရုန်းကန်ခဲ့ရပေမယ့် ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ဖနောင့်အရွတ် စုတ်ပြဲဒဏ်ရာကြောင့် တစ်နှစ်လောက် အနားယူ ကုသမှု ခံယူခဲ့ရပေမယ့် အပြည့်အ၀ ပြန် ကစားနိုင်တော့မယ့် အင်္ဂလန်သားကို လာဇီယိုက ပစ်မှတ်ထားနေကြောင်း အီတလီ သတင်းတွေမှာ ဖော်ပြလာပါတယ်။

လူငယ်တွေကို အသားပေး လာတဲ့ လမ်းပတ်ရဲ့ အသွင်းသစ် ချယ်ဆီးအသင်းမှာ ဒီနှစ် ပါဝင်ခွင့် ရက်ရက်စက်စက် လွဲချော်ခဲ့ပေမယ့် နောက်ရာသီ အတွက် လော့ဖ်တပ်ချိစ်က အားခဲထားပါတယ်။ အသက် ၂၄ နှစ် အရွယ် အင်္ဂလန်သားဟာ ပေါက်ကွဲ အစွမ်းပြတော့မယ့် ခြေစွမ်းတွေကို အင်္ဂလန်မဟုတ်ဘဲ အီတလီမှာလည်း ပြသသွားနိုင်ပါတယ်။

လောလောဆယ်မှာ အင်္ဂလန်သားရဲ့ တန်ကြေး က ပေါင် ၁၇.၅ သန်း လောက် ရှိနေပါတယ်။ ကိုရိုနာရိုက်ခတ်မှုကြောင့် ကစားသမားတွေ တန်ကြေးတွေ အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေပြီး လာဇီယို အသင်း အနေနဲ့ ချယ်ဆီးနဲ့ ညှိနှိုင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

Zawgyi – စီးရီးေအကလပ္ လာဇီယို အသင္းဟာ ဒီေႏြမွာ ေခၚယူဖို႔ ခ်ယ္ဆီး ကြင္းလယ္ကစားသမား ေလာ့ဖ္တပ္ခ်ိစ္ကို ပစ္မွတ္ထားလာပါတယ္။ ၄င္းတို႔က လာမယ့္ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္မွာ ျပိဳင္ပြဲ၀င္ဖို႔ ပိုမို အားျဖည့္လိုေနတာပါ။

ျပီးခဲ့တဲ့ ရာသီက အဆင့္ ၈ နဲ႕ ရာသီသိမ္းခဲ့ေပမယ့္ ဒီရာသီ စီးရီးေအမွာ အဆင့္ ၂ ျပန္ေရာက္ေလာက္ေအာင္ စြမ္းေဆာင္ျပထားတဲ့ လာဇီယို အသင္းက လိဂ္ဦးေဆာင္သူ ဂ်ဴဗင္တပ္နဲ႕လည္း တစ္မွတ္သာ ကြာဟေနတာပါ။ ၂၀၁၆ ေနာက္ပိုင္း မပါ၀င္ရတဲ့ ခ်န္ပီယံလိဂ္ ျပိဳ္င္ပြဲမွာ ျပန္ ပါ၀င္ရမွာ ျဖစ္လို႔ လာဇီယိုက စိတ္အားထက္သန္ေနပါတယ္။

ခ်ယ္ဆီး ကြင္းလယ္ကစားသမား ေလာ့ဖ္တပ္ခ်ိစ္ဟာ ဒဏ္ရာေတြေၾကာင့္ တစ္နွစ္ေလာက္ ရုန္းကန္ခဲ့ရေပမယ့္ ေျခစြမ္းေကာင္းေတြ ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။

ဖေနာင့္အရြတ္ စုတ္ျပဲဒဏ္ရာေၾကာင့္ တစ္နွစ္ေလာက္ အနားယူ ကုသမႈ ခံယူခဲ့ရေပမယ့္ အျပည့္အ၀ ျပန္ ကစားနုိင္ေတာ့မယ့္ အဂၤလန္သားကို လာဇီယိုက ပစ္မွတ္ထားေနေၾကာင္း အီတလီ သတင္းေတြမွာ ေဖာ္ျပလာပါတယ္။

လူငယ္ေတြကို အသားေပး လာတဲ့ လမ္းပတ္ရဲ႕ အသြင္းသစ္္ ခ်ယ္ဆီးအသင္းမွာ ဒီနွစ္ ပါ၀င္ခြင့္ ရက္ရက္စက္စက္ လြဲေခ်ာ္ခဲ့ေပမယ့္ ေနာက္ရာသီ အတြက္ ေလာ့ဖ္တပ္ခ်ိစ္က အားခဲထားပါတယ္။ အသက္ ၂၄ နွစ္ အရြယ္ အဂၤလန္သားဟာ ေပါက္ကြဲ အစြမ္းျပေတာ့မယ့္ ေျခစြမ္းေတြကို အဂၤလန္မဟုတ္ဘဲ အီတလီမွာလည္း ျပသသြားနုိင္ပါတယ္။

ေလာေလာဆယ္မွာ အဂၤလန္သားရဲ႕ တန္ေၾကး က ေပါင္ ၁၇.၅ သန္း ေလာက္ ရွိေနပါတယ္။ ကိုရိုနာရိုက္ခတ္မႈေၾကာင့္ ကစားသမားေတြ တန္ေၾကးေတြ အေပၚမွာလည္း သက္ေရာက္မႈေတြ ရွိေနျပီး လာဇီယို အသင္း အေနနဲ႕ ခ်ယ္ဆီးနဲ႕ ညွိနိႈင္းနိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။