ချယ်ဆီးထံ ပြောင်းချင်တယ်လို့ အချက်ပြလိုက်တာကြောင့် ချေးဝဲလ် အတွက် လှုပ်ရှားမှု စတင်

ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ လက်စတာ ခံစစ်မှူး ဘန်ချေးဝဲလ်ဟာ နွေမှာ ချယ်ဆီးအသင်းထံ ပြောင်းချင်ကြောင်း သူ့ အေးဂျင့်ထံ ပြောကြားခဲ့တယ်လို့ သတင်းထွက်ပေါ်လာပြီး လန်ဒန်ကလပ်ဘက်ကလည်း လှုပ်ရှားမှုတွေ စတင်လာတယ်လို့ သိရပါတယ်။

နည်းပြ လမ်းပတ်ဟာ ချယ်ဆီးအသင်းရဲ့ ဘယ်စွန် ခံစစ်နေရာ အတွက် စိတ်တိုင်းကျခြင်း မရှိသေးတာကြောင့် ချေးဝဲလ်ကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားနေပါတယ်။ ဘယ်စွန်မှာ အီမာဆန်၊ အလွန်ဆိုနဲ့ ကွီတာတို့ကို တလှည့်စီ သုံးခဲ့ပေမယ့် တည်ငြိမ်တဲ့ ခြေစွမ်း ပြသနိုင်ခြင်း မရှိခဲ့ကြပါဘူး။

အလွန်ဆိုနဲ့ အီမာဆန်တို့ နှစ်ဦးလုံးက အီတလီဘက် သွားဖို့ သတင်းကြီးနေပြီး ချယ်ဆီးအသင်းကလည်း ၎င်းတို့ နှစ်ဦးလုံးကို ထွက်ခွာခွင့် ပြုကာ ကစားသမားသစ် ခေါ်ဖို့ ပိုမို စိတ်အားထက်သန်နေပါတယ်။

လက်စတာဘက်ကတော့ ချေးဝဲလ်ကို လက်မလွှတ်လိုတာကြောင့် ချယ်ဆီးက ငြိမ်သက်နေခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က အေးဂျင့်ထဲ ချယ်ဆီးသို့ ပြောင်းရွှေ့လိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့တယ် သတင်း ထွက်ပေါ်လာပါတယ်။ ဒါကြောင့် ချယ်ဆီးဘက်ကလည်း လှုပ်ရှားမှု စတင်ထားပြီး ဆွေးနွေးဖို့ ညှိနှိုင်းနေပြီ သိရပါတယ်။

ချေးဝဲလ်ကို ချယ်ဆီး အပြင် မန်စီးတီး၊ အက်သလက်တီကို မက်ဒရစ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ကလည်း အပြိုင် ခေါ်ယူလိုနေကြပါတယ်။ အသက် ၂၃ နှစ် အရွယ် ခံစစ်မှူးဟာ ဒီရာသီမှာ အသင်း အတွက် ၂၃ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးထောက်ပံ့ ထားပါတယ်။

လက်စတာအသင်းဟာ ပြီးခဲ့တဲ့ နွေကလည်း မက်ဂွဲရားကို ပေါင် သန်း ၈၀ နဲ့ ရောင်းချဖူးပြီး ချေးဝဲလ်ကိုလည်း ဈေးပေါပေါနဲ့ လက်လွှတ်ဖွယ် မရှိဘဲ ဈေးကိုင်ဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း ပစ္မွတ္ထားေနတဲ့ လက္စတာ ခံစစ္မွဴး ဘန္ေခ်း၀ဲလ္ဟာ ေႏြမွာ ခ်ယ္ဆီးအသင္းထံ ေျပာင္းခ်င္ေၾကာင္း သူ႔ ေအးဂ်င့္ထံ ေျပာၾကားခဲ့တယ္လို႔ သတင္းထြက္ေပၚလာျပီး လန္ဒန္ကလပ္ဘက္ကလည္း လႈပ္ရွားမႈေတြ စတင္လာတယ္လို႔ သိရပါတယ္။

နည္းျပ လမ္းပတ္ဟာ ခ်ယ္ဆီးအသင္းရဲ႕ ဘယ္စြန္ ခံစစ္ေနရာ အတြက္ စိတ္တိုင္းက်ျခင္း မရွိေသးတာေၾကာင့္ ေခ်း၀ဲလ္ကို ဦးစားေပး ပစ္မွတ္ အျဖစ္ သတ္မွတ္ထားေနပါတယ္။ ဘယ္စြန္မွာ အီမာဆန္၊ အလြန္ဆိုနဲ႕ ကြီတာတို႔ကို တလွည့္စီ သံုးခဲ့ေပမယ့္ တည္ျငိမ္တဲ့ ေျခစြမ္း ျပသနိုင္ျခင္း မရွိခဲ့ၾကပါဘူး။

အလြန္ဆိုနဲ႕ အီမာဆန္တို႔ နွစ္ဦးလံုးက အီတလီဘက္ သြားဖို႔ သတင္းၾကီးေနျပီး ခ်ယ္ဆီးအသင္းကလည္း ၄င္းတို႔ နွစ္ဦးလံုးကို ထြက္ခြာခြင့္ ျပဳကာ ကစားသမားသစ္ ေခၚဖို႔ ပိုမို စိတ္အားထက္သန္ေနပါတယ္။

လက္စတာဘက္ကေတာ့ ေခ်း၀ဲလ္ကို လက္မလႊတ္လိုတာေၾကာင့္ ခ်ယ္ဆီးက ျငိမ္သက္ေနခဲ့ေပမယ့္ ကစားသမား ကိုယ္တိုင္က ေအးဂ်င့္ထဲ ခ်ယ္ဆီးသို႔ ေျပာင္းေရႊ႕လိုေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့တယ္ သတင္း ထြက္ေပၚလာပါတယ္။ ဒါေၾကာင့္ ခ်ယ္ဆီးဘက္ကလည္း လႈပ္ရွားမႈ စတင္ထားျပီး ေဆြးေႏြးဖို႔ ညွိနိႈင္းေနျပီ သိရပါတယ္။

ေခ်း၀ဲလ္ကို ခ်ယ္ဆီး အျပင္ မန္စီးတီး၊ အက္သလက္တီကို မက္ဒရစ္နဲ႕ ပီအက္စ္ဂ်ီ အသင္းတို႔ကလည္း အျပိဳင္ ေခၚယူလိုေနၾကပါတယ္။ အသက္ ၂၃ နွစ္ အရြယ္ ခံစစ္မွဴးဟာ ဒီရာသီမွာ အသင္း အတြက္ ၂၃ ပြဲ ပါ၀င္ကစားထားျပီး ၂ ဂိုး သြင္း၊ ၃ ဂိုး ဖန္တီးေထာက္ပံ့ ထားပါတယ္။

လက္စတာအသင္းဟာ ျပီးခ့ဲတဲ့ ေႏြကလည္း မက္ဂြဲရားကို ေပါင္ သန္း ၈၀ နဲ႕ ေရာင္းခ်ဖူးျပီး ေခ်း၀ဲလ္ကိုလည္း ေစ်းေပါေပါနဲ႕ လက္လႊတ္ဖြယ္ မရွိဘဲ ေစ်းကိုင္ဖြယ္ ရွိပါတယ္။