ချယ်ဆီးကနေ ထွက်ခွာရင် ပက်ဒရို ပြောင်းသင့်တဲ့လိဂ်ကို အကြံပေးမှု ထွက်ပေါ်

ချယ်ဆီး တိုက်စစ်သမား ပက်ဒရိုက စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်လို့ စတန်းဖို့ဘရစ်ချ်ကနေ ထွက်ခွာရမယ့် နေ့ရက်တွေ နီးကပ်လာပြီ ဖြစ်ပါတယ်။ ပက်ဒရို အနေနဲ့ အမေရိကန် မေဂျာလိဂ်ဘက် ပြောင်းရွှေ့ ကစားဖြစ်ရင် အပြောင်းရွှေ့ကောင်း ဖြစ်မယ်လို့ စကော့တလန် ဘောလုံး သုံးသပ်သူ ခရစ်ဘန်လေက တိုက်တွန်း အကြံပြုလိုက်ပါတယ်။

ချယ်ဆီးနဲ့ စာချုပ် ကုန်ဆုံးပြီ ဖြစ်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာနိုင်တော့မယ့် ပက်ဒရိုဟာ အသက် ၃၂ နှစ် ရှိပြီ ဖြစ်လို့ ကစားသမား ဘ၀ ကနေ အနားယူဖို့လည်း သိပ်ဝေးကွာတော့တာ မဟုတ်ပါဘူး။

ပက်ဒရိုကလည်း အမေရိကန်ဘက် ခြေဆံ့ပြီး ထွက်ခွာဖွယ် ရှိသလို မေဂျာလိဂ် အသင်းတွေကလည်း စပိန်သားက ခေါ်ယူဖို့ စောင့်ကြည့်မှု ရှိနေပါတယ်။ ဘန်လေကတော့ လမ်းပတ်ရဲ့ လူငယ် အားပြုနေရာပေးလာတဲ့ ချယ်ဆီးအသင်းမှာ ပက်ဒရို နေရာ မရှိနိုင်တော့တာ သေချာတာကြောင့် မေဂျာလိဂ်ဘက် စဉ်းစားသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

” ပက်ဒရိုက အနေအထား တစ်ခုမှာ ကောင်းကောင်း ကစားနိုင်သေးတဲ့ အဆင့် ရှိပါတယ်။ ဘယ်မှာ မဆိုပါ။ ချယ်ဆီးကတော့ ငယ်ရွယ်တဲ့ ကစားသမားတွေကို ပို နေရာ ပေးချင်တယ်။ ဒါ့အပြင် ပက်ဒရို ကစားနေတဲ့ နေရာမှာက ရွေးချယ်စရာတွေ များနေတယ်။ ဒီတော့ သူ့ အနေနဲ့ အသင်းပြောင်းရဖို့က ပိုများနေပါတယ်။

တဖက်မှာ တွေးကြည့်ရင်လည်း ပက်ဒရို ကစားသမားဘဝက ကံကောင်းပြီး အဆင်ပြေနေပါသေးတယ်။ သူက ကြံ့ခိုင်မှုလည်း ရှိနေသေးပြီး သွက်သွက်လက်လက် သေသေသပ်သပ်လည်း ကစားနိုင်သေးတယ်။ ဒါက အရည်အချင်းကြီး တစ်ရပ်ပဲ။ ပက်ဒရိုက သဘောဆိုးတဲ့သူလည်း မဟုတ်သလို အသင်းလိုက်လည်း ကောင်းကေငာ်း ကစားနိုင်တယ်။

ဒီလို အရည်အချင်းတွေ ရှိတဲ့ ကစားသမား အနေနဲ့ မေဂျာလိဂ်မှာ ဆို လုံး၀ ကောင်းကောင်း ကစားပြနိုင်လိမ့်မယ်။ သူက အသက် ၃၃ ရောက်တော့မှာ ဆိုပေမယ့် အများကြီး လုပ်ပြနိုင်ပါသေးတယ်။ အလုပ်လည်း သိပ်ကြိုးစားတဲ့ ကစားသမားပါ။ ” လို့ ခရစ်ဘန်လေက သုံးသပ် သွားပါတယ်။

ပက်ဒရိုက ချယ်ဆီးအသင်းမှာ ဆက်နေလိုပေမယ့် အသင်းကတော့ သက်တမ်းတိုး အတွက် ကမ်းလှမ်းခြင်း မရှိပါဘူး။ သတင်းတွေ အရတော့ ၎င်းကို ရီးရဲလ်ဘက်တစ်နဲ့ ရိုးမားအသင်းတို့က ချိတ်ဆက်နေကြပါတယ်။

Zawgyi – ခ်ယ္ဆီး တိုက္စစ္သမား ပက္ဒရိုက စာခ်ဳပ္ ကုန္ဆံုးေတာ့မွာ ျဖစ္လို႔ စတန္းဖို႔ဘရစ္ခ်္ကေန ထြက္ခြာရမယ့္ ေန႔ရက္ေတြ နီးကပ္လာျပီ ျဖစ္ပါတယ္။ ပက္ဒရို အေနနဲ႕ အေမရိကန္ ေမဂ်ာလိဂ္ဘက္ ေျပာင္းေရႊ႕ ကစားျဖစ္ရင္ အေျပာင္းေရႊ႕ေကာင္း ျဖစ္မယ္လို႔ စေကာ့တလန္ ေဘာလံုး သံုးသပ္သူ ခရစ္ဘန္ေလက တိုက္တြန္း အၾကံျပဳလိုက္ပါတယ္။

ခ်ယ္ဆီးနဲ႕ စာခ်ဳပ္ ကုန္ဆံုးျပီ ျဖစ္လို႔ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ထြက္ခြာနိုင္ေတာ့မယ့္ ပက္ဒရိုဟာ အသက္ ၃၂ နွစ္ ရွိျပီ ျဖစ္လို႔ ကစားသမား ဘ၀ ကေန အနားယူဖို႔လည္း သိပ္ေ၀းကြာေတာ့တာ မဟုတ္ပါဘူး။

ပက္ဒရိုကလည္း အေမရိကန္ဘက္ ေျခဆံ့ျပီး ထြက္ခြာဖြယ္ ရွိသလို ေမဂ်ာလိဂ္ အသင္းေတြကလည္း စပိန္သားက ေခၚယူဖို႔ ေစာင့္ၾကည့္မႈ ရွိေနပါတယ္။ ဘန္ေလကေတာ့ လမ္းပတ္ရဲ႕ လူငယ္ အားျပဳေနရာေပးလာတဲ့ ခ်ယ္ဆီးအသင္းမွာ ပက္ဒရို ေနရာ မရွိနိုင္ေတာ့တာ ေသခ်ာတာေၾကာင့္ ေမဂ်ာလိဂ္ဘက္ စဥ္းစားသင့္ေၾကာင္း တိုက္တြန္းခဲ့ပါတယ္။

” ပက္ဒရိုက အေနအထား တစ္ခုမွာ ေကာင္းေကာင္း ကစားနုိင္ေသးတဲ့ အဆင့္ ရွိပါတယ္။ ဘယ္မွာ မဆိုပါ။ ခ်ယ္ဆီးကေတာ့ ငယ္ရြယ္တဲ့ ကစားသမားေတြကို ပို ေနရာ ေပးခ်င္တယ္။ ဒါ့အျပင္ ပက္ဒရို ကစားေနတဲ့ ေနရာမွာက ေရြးခ်ယ္စရာေတြ မ်ားေနတယ္။ ဒီေတာ့ သူ႔ အေနနဲ႕ အသင္းေျပာင္းရဖို႔က ပိုမ်ားေနပါတယ္။

တဖက္မွာ ေတြးၾကည့္ရင္လည္း ပက္ဒရို ကစားသမားဘ၀က ကံေကာင္းျပီး အဆင္ေျပေနပါေသးတယ္။ သူက ၾကံ႕ခိုင္မႈလည္း ရွိေနေသးျပီး သြက္သြက္လက္လက္ ေသေသသပ္သပ္လည္း ကစားနုိင္ေသးတယ္။ ဒါက အရည္အခ်ငး္ၾကီး တစ္ရပ္ပဲ။ ပက္ဒရိုက သေဘာဆိုးတဲ့သူလည္း မဟုတ္သလို အသင္းလိုက္လည္း ေကာင္းေကငာ္း ကစားနုိင္တယ္။

ဒီလို အရည္အခ်င္းေတြ ရွိတဲ့ ကစားသမား အေနနဲ႕ ေမဂ်ာလိဂ္မွာ ဆို လံုး၀ ေကာင္းေကာင္း ကစားျပနိုင္လိမ့္မယ္။ သူက အသက္ ၃၃ ေရာက္ေတာ့မွာ ဆိုေပမယ့္ အမ်ားၾကီး လုပ္ျပနုိင္ပါေသးတယ္။ အလုပ္လည္း သိပ္ၾကိဳးစားတဲ့ ကစားသမားပါ။ ” လို႔ ခရစ္ဘန္ေလက သံုးသပ္ သြားပါတယ္။

ပက္ဒရိုက ခ်ယ္ဆီးအသင္းမွာ ဆက္ေနလိုေပမယ့္ အသင္းကေတာ့ သက္တမ္းတိုး အတြက္ ကမ္းလွမ္းျခင္း မရွိပါဘူး။ သတင္းေတြ အရေတာ့ ၄င္းကို ရီးရဲလ္ဘက္တစ္နဲ႕ ရိုးမားအသင္းတို႔က ခ်ိတ္ဆက္ေနၾကပါတယ္။