နောက်ရာသီ ဘယ်လန်ဒန်ကလပ်ကို သွားမလဲ မီးစိမ်းပြလိုက်ပြီ ဖြစ်တဲ့ ဝီလီယံ

ချယ်ဆီး တောင်ပံတိုက်စစ်သမား ဝီလီယံက ဒီနွေမှာ စာချုပ်ကုန်ဆုံးသွားရင် ဆရာဟောင်း မော်ရင်ညို နည်းပြ လုပ်နေတဲ့ စပါးအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ပေးခဲ့ပြီ ဖြစ်ကြောင်း အင်္ဂလန်သတင်းဌာနများမှာ ဖော်ပြလာပါတယ်။

ဘရာဇီးသားဟာ စတန်းဖို့ဘရစ်ချ်မှာ ၇ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အသင်းနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှု မအောင်မြင်ခဲ့ပါဘူး။

ဝီလီယံရဲ့ မိသားစုက လန်ဒန်မှာပဲ ဆက်နေဖို့ လိုလားနေပြီး ၎င်းကို ချိတ်ဆက်နေတဲ့ အသင်းထဲ လန်ဒန်မြို့ခံ နှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့ ပါဝင်ပါတယ်။

အစောပိုင်း သတင်းများအရ အာဆင်နယ်ကို ရွေးချယ်ဖွယ် ရှိတယ်လို့ ဆိုခဲ့ကြပေမယ့် ဝီလိယံဟာ ဆရာဟောင်း မော်ရင်ညိုနဲ့ ပြန်လည် လက်တွဲ အလုပ်လုပ်ဖို့ စပါးအသင်းကိုပဲ ရွေးချယ်ခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့တာပါ။

မော်ရင်ညိုနဲ့ ဝီလီယံက ပေါ်တူဂီသားကြီး ဒုတိယအကြိမ် ချယ်ဆီးကို နည်းပြ အဖြစ် တာဝန်ယူတဲ့ ၂၀၁၃ မှာ ဆုံခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်သား ဆက်ဆံရေး ကောင်းမွန်တာကြောင့် အခုထိ အဆက်သွယ် ရှိကြဆဲလို့ သိရပါတယ်။ beIN Sports အဆိုအရတော့ ဝီလီယံ ကိုယ်တိုင်က စပါးထံ ပြောင်းလာဖို့ မီးစိမ်းပြခဲ့ပြီ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ ဝီလီယံ ကိုယ်တိုင်ကပဲ အနာဂတ် အခြေအနေ မသေချာသေးကြောင်း ဆိုထားပြီး သူနဲ့ သူ့မိသားစုက လန်ဒန်မှာ ဆက် အခြေချလိုတယ်လို့ ဝန်ခံ စကား ဆိုခဲ့ပါတယ်။ ဘရာဇီးသားဟာ လိဂ် ပြောင်း မကစားလိုပါက နောက်ရာသီမှာတော့ အနောက်လန်ဒန်ကနေ မြောက်လန်ဒန်ဘက် ပြောင်းရွှေ့သွားဖို့ ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား ၀ီလီယံက ဒီေႏြမွာ စာခ်ဳပ္ကုန္ဆံုးသြားရင္ ဆရာေဟာင္း ေမာ္ရင္ညိဳ နည္းျပ လုပ္ေနတဲ့ စပါးအသင္းထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ေပးခဲ့ျပီ ျဖစ္ေၾကာင္း အဂၤလန္သတင္းဌာနမ်ားမွာ ေဖာ္ျပလာပါတယ္။

ဘရာဇီးသားဟာ စတန္းဖို႔ဘရစ္ခ်္မွာ ၇ နွစ္ၾကာ ကစားခဲ့သူ ျဖစ္ျပီး ဒီတစ္ၾကိမ္မွာေတာ့ အသင္းနဲ႕ စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမႈ မေအာင္ျမင္ခဲ့ပါဘူး။ ၀ီလီယံရဲ႕ မိသားစုက လန္ဒန္မွာပဲ ဆက္ေနဖို႔ လိုလားေနျပီး ၄င္းကို ခ်ိတ္ဆက္ေနတဲ့ အသင္းထဲ လန္ဒန္ျမိဳ႕ခံ နွစ္သင္း ျဖစ္တဲ့ အာဆင္နယ္နဲ႕ စပါးတို႔ ပါ၀င္ပါတယ္။

အေစာပိုင္း သတင္းမ်ားအရ အာဆင္နယ္ကို ေရြးခ်ယ္ဖြယ္ ရွိတယ္လို႔ ဆိုခဲ့ၾကေပမယ့္ ၀ီလိယံဟာ ဆရာေဟာင္း ေမာ္ရင္ညိဳနဲ႕ ျပန္လည္ လက္တြဲ အလုပ္လုပ္ဖို႔ စပါးအသင္းကိုပဲ ေရြးခ်ယ္ခဲ့ေၾကာင္း သတင္းထြက္ေပၚလာခဲ့တာပါ။

ေမာ္ရင္ညိဳနဲ႕ ၀ီလီယံက ေပၚတူဂီသားၾကီး ဒုတိယအၾကိမ္ ခ်ယ္ဆီးကို နည္းျပ အျဖစ္ တာ၀န္ယူတဲ့ ၂၀၁၃ မွာ ဆံုခဲ့ၾကတာ ျဖစ္ျပီး နွစ္ေယာက္သား ဆက္ဆံေရး ေကာင္းမြန္တာေၾကာင့္ အခုထိ အဆက္သြယ္ ရွိၾကဆဲလို႔ သိရပါတယ္။ beIN Sports အဆိုအရေတာ့ ၀ီလီယံ ကုိယ္တိုင္က စပါးထံ ေျပာင္းလာဖို႔ မီးစိမ္းျပခဲ့ျပီ ေဖာ္ျပထားပါတယ္။

ျပီးခဲ့တဲ့ အပတ္ကေတာ့ ၀ီလီယံ ကိုယ္တိုင္ကပဲ အနာဂတ္ အေျခအေန မေသခ်ာေသးေၾကာင္း ဆိုထားျပီး သူနဲ႕ သူ႔မိသားစုက လန္ဒန္မွာ ဆက္ အေျခခ်လိုတယ္လို႔ ၀န္ခံ စကား ဆိုခဲ့ပါတယ္။ ဘရာဇီးသားဟာ လိဂ္ ေျပာင္း မကစားလိုပါက ေနာက္ရာသီမွာေတာ့ အေနာက္လန္ဒန္ကေန ေျမာက္လန္ဒန္ဘက္ ေျပာင္းေရႊ႕သြားဖို႔ ရွိေနပါတယ္။